Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကယားမှာ စစ်ရှောင်ကလေးငယ်တွေကြား ရေယုန်အရေပြားရောဂါဖြစ်ပွားနေ

လသားအရွယ် ကလေးငယ်တွေအပါအဝင် ကလေး ၄၀ ဦးခန့်မှာ အဲဒီရေယုန်အရေပြားရောဂါ ဖြစ်နေတာလို့ ကရင်နီ (ကယား) ပြည်နယ် သတင်းနဲ့ ကူညီမှုအဖွဲ့ကဆိုထားပါတယ်။

ဓာတ်ပုံ − Job For Kayah
ဓာတ်ပုံ − Job For Kayah

ကယား(ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ထဲက စစ်ရှောင်ကလေးငယ်တွေမှာ ရေယုန်အရေပြားရောဂါ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

လသားအရွယ် ကလေးငယ်တွေအပါအဝင် ကလေး ၄၀ ဦးခန့်မှာ အဲဒီရေယုန်အရေပြားရောဂါ ဖြစ်နေတာလို့ ကရင်နီ (ကယား) ပြည်နယ် သတင်းနဲ့ ကူညီမှုအဖွဲ့ကဆိုထားပါတယ်။

ကလေးအများစုဟာ မျက်နှာ ၊ဦးခေါင်း ၊ဝမ်းဗိုက်နဲ့ခြေထောက်တွေမှာ ရေယုန်ပေါက်နေကြတယ်လို့သိရပါတယ်။

ဒါဟာ စစ်ရှောင်ရင်း တောတောင်ထဲမှာ ရေပုံမှန်မချိုးရတာ ၊ သောက်ရေ သုံးရေသန့်သန့်ရှင်းရှင်းမရရှိတာတွေကြောင့်ဖြစ်ပြီး ဒီနေ့မှာ ဆရာဝန်နဲ့ ကလေးငယ်တွေကို ပြသပေးဖို့ စီစဉ်ထားတယ်လို့ ကရင်နီ (ကယား) ပြည်နယ် သတင်းနဲ့ ကူညီမှုအဖွဲ့ ကပြောထားပါတယ်။

ရေယုန်ရောဂါ ကလေးငယ်တွေကြား ဖြစ်ပွားနေတဲ့ ဒေသဟာ ဒီးမော့ဆိုမြို့နယ် ၊ ဒေါတမကြီး အုပ်စု ထဲက ကျေးရွာ ၂ ရွာ က ကလေးတွေဖြစ်ကြပါတယ်။

ဒီးမော့ဆိုဟာရှမ်းပြည်နယ် ဖယ်ခုံနဲ့ထိစပ်နေပြီး. ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ဒီးမော့ဆိုအရှေ့ခြမ်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလို့ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရပါတယ်။

You May Also Like

သတင်း

အကြမ်းဖက် စစ်ကောင်စီတပ်များ၏ အကြမ်းဖက်လှုပ်ရပ်များနှင့်စစ်ရာဇဝတ်မှုမှတ်တမ်းများကို KNDF မှစုဆောင်းလျက်ရှိပြီး လိုအပ်သလို ဆက်လက်ထုတ်ပြန်သွားမည်ဟု ဆိုသည်။

သတင်း

ခလရ (၂၄) တပ်သည် သထုံ-ဖားအံ အမြန်ကားလမ်းမကြီးဘေး ဒူးရင်းဆိပ်ရွာအနီးတွင် တည်ရှိသည့် တပ်ရင်းစခန်းဖြစ်ပြီး ၎င်းတို့ပစ်ခတ်သော လက်နက်ကြီးကြောင့် ကျုံမိန်ရွာနေ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ထုတ်ပြန်သည်။

သတင်း

သေဆုံးသွားတဲ့ ကလေးတွေ ဟာ အသက် ၁၆နှစ်နဲ့ ၁၃နှစ်အရွယ် မိန်းကလေး၂ ဦး၊၅နှစ်နဲ့ ၆နှစ်အရွယ်ယောကျာ်းလေးနှစ်ဦးတို့ဖြစ်ပါတယ်။

သတင်း

ခင်ဦးမြို့နယ်အတွင်း တကျော့ပြန်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကြောင့် ထွက်ပြေးလာရသည့်ပြည်သူများအနက် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးမှာ ယခုရက်ပိုင်းအတွင်း သမီးတစ်ဦး၊သားတစ်ဦး အမွှာရင်သွေးမွေးဖွားခဲ့ခြင်းဖြစ်သည်။