Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နေပြည်တော် ခမရ(၆၀၄)တပ် လက်နက်ကြီးဖြင့်တိုက်ခိုက်ရာ စစ်တန်းလျားထိမှန်ဟု NUG ကာကွယ်ရေး အသိပေး

မတ်လ ၁၃ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ နေပြည်တော် PDF လက်နက်ကြီးအဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

(နေပြည်တော် ခမရ (၆၀၄)တပ် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ - MOD- NUG)
(နေပြည်တော် ခမရ (၆၀၄)တပ် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ - MOD- NUG)

နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အောင်နန်းချိုကျေးရွာအနီးရှိ ခမရ(၆၀၄) တပ်ရင်းသို့ လက်နက်ကြီး လေးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

မတ်လ ၁၃ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ နေပြည်တော် PDF လက်နက်ကြီးအဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

လက်နက်ကြီး လေးလုံးအနက် တစ်လုံးမှာ ရန်သူ့တပ်၏ စစ်တန်းလျားသို့ တိုက်ရိုက်ထိမှန်ခဲ့ပြီး တစ်လုံးမှာ လက်နက်တိုက်အနီးတွင် ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ ကျန်နှစ်လုံးမှာ တပ်ရင်းအနီးပတ်ဝန်းကျင်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဖော်ပြသည်။

လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရမှုအပြီးတွင် အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှ အနီးပတ်ဝန်းကျင်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးရဲဘော် များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

ခမရ(၆၀၄)တပ်ရင်းသည် ကရင်ပြည်နယ်၊ သံတောင်မြို့နယ်၊ လိပ်သိုဗျုဟာတွင် စစ်ရေးလှုပ်ရှားနေသော တပ်ရင်းတစ်ခုဖြစ်ပြီး PDFက ခမရ(၆၀၄) တပ်ရင်း၏ နောက်တန်းပင်မ အထိုင်စခန်းကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ပစ်ခတ်တိုက်ခိုက်မှုအတွင်း (၆၀၄)တပ်ဝန်းအတွင်းရှိ စစ်တန်းလျားအား လက်နက်ကြီးတစ်လုံး တိုက်ရိုက်ထိမှန်ပြီး တစ်လုံးမှာ လက်နက်တိုက်အနီးကျရောက်ပေါက်ကွဲကာ ကျန်နှစ်လုံးမှာ တပ်တွင်းကျောင်းခြံစည်းရိုးပေါ်နှင့် တပ်ရှေ့ကျောက်ကွင်းတို့တွင် ကျရောက်ပေါက်ကွဲသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် – နေပြည်တော် (NPT-PDF)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောထားသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အနီးဝန်း ကျင်ကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် ၁၀ ချက်ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း တော်လှန် ရေးရဲဘော်များနှင့် ဒေသခံပြည်သူများ အထိအခိုက်မရှိခဲ့ဟု ၎င်းတာဝန်ရှိသူက ရှင်းပြသည်။

“ ကျွန်​တော်တို့က ​မြေပိုင်ထားပြီးသားဖြစ်လို့ စစ်ကိုနိုင်​အောင်တိုက်နိုင်ပါတယ်လို့​ပြောချင်ပါတယ်။ ​နေပြည်​တော်ဟာ ပြည်သူအားလုံးလိုချင်​နေတဲ့​ နွေဦး​အောင်ပွဲပါ။ အဲ့အတွက် လုံခြုံ​ရေးတင်းကျပ်သည့်ကြားက ရ​အောင်​တော်လှန်ပြီး ပြည်သူ့​အောင်ပွဲယူ​ဆောင်​ပေးသွားပါမယ်” ဟု NPT-PDF မှ တာဝန်ရှိသူက ပြည်သူလူထုထံ သတင်းစကားပါးသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်ကလည်း လယ်ဝေးမြို့နယ်ရှိ စစ်ကောင်စီလေကြောင်းရန်ကာကွယ်ရေးတပ်ဝန်းအတွင်းသို့ NPT-PDF တပ်ဖွဲ့ဝင်များက တာဝေးပစ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် ဖေဖော်ဝါရီ နောက်ဆုံးပတ်နှင့် ယခု မတ်လဆန်းတို့တွင် NUG ကာကွယ်ရေးဝန်ကြီးဌာန မြို့ပြအထူးစစ်ဆင်ရေးဌာနအောက်ရှိ UG ရဲဘော်များက စစ်ရေးပစ်မှတ်လေးခုကို ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။

You May Also Like

သတင်း

တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူများအနက် သုံးဦးမှာ ရေကင်းဆေးရုံးရောက်မှ သွေးထွက်လွန်သေဆုံးခြင်းဖြစ်ကာ ကျန်ခုနစ်ဦးမှာ ရန်ကုန်ဆေးရုံးကြီးသို့ ပို့ဆောင်လိုက်ရကြောင်း ၎င်းတာဝန်ရှိသူက ရှင်းပြသည်။

သတင်း

ရေစကြို(ပကဖ) အနေဖြင့် မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် ပစ်မှတ်များကို တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိကြောင်း၊ ပြည်သူလူထုများ၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်နေသည့် တော်လှန်ရေးဖြစ်၍ ပြည်သူများအနေဖြင့် ဆက်လက်၍ ပံ့ပိုးကူညီကြရန် ရဲဘော်ဝေကြီးက ပြောကြားထားသည်။

သတင်း

မတ်လ(၁၇)ရက် မနက်နှင့် ညနေပိုင်းတို့တွင် ကရင်ပြည်နယ် သံတောင်ကြီးမြို့ရှိ ဘုရင့်နောင်တပ်မြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၂) တပ်ရင်း(၅)တပ်ဖွဲ့ဝင်များက လက်နက်ကြီးရှော့တိုက်ဒုံးဖြင့် (၃)ကြိမ် သွားရောက်ပစ်ခတ်ခဲ့သည်ဟု အထက်ပါသတင်းရင်းမြစ်တို့က အတည်ပြု ပြောကြားသည်။

သတင်း

စစ်ကိုင်း ၊မ​ကွေး ၊ပဲခူး ၊တနသာ်ရီတိုင်းစ​သော​ဒေသများတွင်အမျိုးသားညီညွတ်ရေး အစိုးရ၏ စိုးမိုးထိန်းချုပ်နယ်မြေများရှိလာပြီး ကြားကာလအုပ်ချုပ်​ရေးစနစ်ကို အ​ကောင်အ​ထည်​ဖော်​နေ​ကြောင်း သိရသည်။