Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုစစ်ကောင်စီတပ် ကင်းစောင့်အဖွဲ့တိုက်ခိုက်ခံရ၊ စစ်မှုထမ်းဟောင်း တစ်ဦးသေ

ရေစကြို(ပကဖ) အနေဖြင့် မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် ပစ်မှတ်များကို တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိကြောင်း၊ ပြည်သူလူထုများ၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်နေသည့် တော်လှန်ရေးဖြစ်၍ ပြည်သူများအနေဖြင့် ဆက်လက်၍ ပံ့ပိုးကူညီကြရန် ရဲဘော်ဝေကြီးက ပြောကြားထားသည်။

(သိမ်းဆည်းရရှိသော လက်နက် နှစ်လက်အား တွေ့ရစဉ်။ ဓာတ်ပုံ - ရေစကြို(ပကဖ))
(သိမ်းဆည်းရရှိသော လက်နက် နှစ်လက်အား တွေ့ရစဉ်။ ဓာတ်ပုံ - ရေစကြို(ပကဖ))

▪️ပျူနှင့် စစ်မှုထမ်းဟောင်းများအားစစ်တပ်က အသေခံခိုင်းထားသည့် သဘောထားကိုသိပြီး အလင်းဝင်ကြရန် ရေစကြို(ပကဖ)တာဝန်ခံတိုက်တွန်း

မကွေးတိုင်း ရေစကြိုမြို့နယ်အခြေစိုက် ခလရ (၂၅၆) တပ်ရင်းရှေ့ ကင်းစောင့်ခိုင်းထားသည့် စစ်ကောင်စီ လက်ပါးစေပျူစောထီးနှင့် စစ်မှုထမ်းဟောင်းများကို ယနေ့နံနက်တွင် တိုက်ခိုက်ခဲ့ရာ စစ်မှုထမ်းဟာင်း တစ်ဦးသေဆုံးကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) တာဝန်ခံ ရဲဘော်ဝေကြီးက ပြောသည်။

ယနေ့နံနက် ၈နာရီခွဲခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က တစ်ဦးသေဆုံးကာ နှစ်ဦးထွက်ပြေးသွားသည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း လက်နက် ၂လက် ရရှိခဲ့ကြောင်း ဓာတ်ပုံနှင့်တကွ အသိပေးထားသည်။

“ကျွန်တော်တို့ကတော့ တော်လှန်ရေးလမ်းစဉ်အရ လက်နက်ကိုင်တော်လှန်ရေးဆိုတော့ တိုက်ရခိုက်ရမှာပဲ။ စစ်ကောင်စီကကျတော့ စစ်ကြောင်းထွက်တဲ့အခါ ပြည်သူတွေကိုလူသားဒိုင်းအဖြစ် လုပ်တယ်။ သူတို့ အထိုင်စခန်းတွေမှာ နေတယ်ဆိုရင် အန္တရာယ်များတဲ့ရှေ့ကင်း အပြင်ကင်းတွေဆိုရင်ပျူတွေကို တပဲခြောက်ပြားပေး မြောက်ပေးပြီးတော့ ထားထားတယ်။ သူတို့ကတော့ ဘန်ကာထဲမှာနေကြတာ။ ဒါ သပ်သပ်ကို အသေခံခိုင်းနေတဲ့သဘော။ အဲဒါကို ပျူတွေအနေနဲ့ သိသင့်တယ်။ သူတို့ စစ်ကောင်စီနဲ့ ပူးပေါင်းတာတွေ စွန့်ခွာသင့်တယ်။ အမြင်မှန်ရသင့်တယ် အလင်းဝင်သင့်တယ်”ဟု ရဲဘော်ဝေကြီးက ပြောသည်။

Public Service Announcement
Public Service Announcement

ထို့ပြင် စစ်ကောင်စီတပ်က ပျူစောထီးနှင့် စစ်မှုထမ်းဟောင်းများအား ထုတ်ပေးထားသည့် လက်နက်မှာလည်း တိုက်ခိုက်ချေမှုန်းရေး အဆင့်မရှိသည့် လက်နက်အမျိုးအစားများကိုသာ ထုတ်ပေးထားခြင်းဖြစ်သည်ဟု ရဲဘော်ဝေကြီးက ပြောသည်။

“ လက်နက်ကလည်း ကြည့်လိုက်ရင်သိနေတာပဲ။ ကာဘိုင်တို့ဆိုတာ ဒါကျတော့ ချေမှုန်းရေးရိုင်ဖယ်မဟုတ်ဘူးဗျ။ သူတို့ကျတော့ MA စီးရီး ချေမှုန်းရေးရိုင်ဖယ်တွေကိုင်တယ်။ ပြီးရင်ရှေ့မှာ အသေခံခိုင်းထားတဲ့ ပျူတွေဘာတွေကို သူတို့ တပ်ဆင်ပေးထားတဲ့ လက်နက်ကျတော့ အမှန်တိုင်းပြောရရင် ချေမှုန်းရေးရိုင်ဖယ်ထက် နိမ့်တဲ့လက်နက်တွေ တပ်ဆင်ပေးထားတယ်။ သပ်သပ်ကို သေသေဆိုပြီး အသေခံခိုင်းထားတဲ့ သဘောဖြစ်နေတာပေါ့” ဟု ရဲဘော်ဝေကြီးက ပြောသည်။

ရေစကြို(ပကဖ) အနေဖြင့် မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် ပစ်မှတ်များကို တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိကြောင်း၊ ပြည်သူလူထုများ၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်နေသည့် တော်လှန်ရေးဖြစ်၍ ပြည်သူများအနေဖြင့် ဆက်လက်၍ ပံ့ပိုးကူညီကြရန် ရဲဘော်ဝေကြီးက ပြောကြားထားသည်။

You May Also Like

သတင်း

KIA တပ်မဟာ(၁)နယ်မြေတွင် စစ်ကောင်စီတပ် ၏ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာခြင်းကြောင့် မတ်လ ၉ရက်မှစ၍ တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေ သည်ဟု KIAက ဆိုသည်။

သတင်း

အရှေ့တောင်တိုင်းစစ်ဌာနချုပ် လေယာဉ်ကွင်း သည်ကရင်ပြည်နယ်၊ မြဝတီမြို့၊ ဘုရားသုံးဆူနှင့်ကြာအင်းဆိပ်ကြီး၊ ချောင်းနှစ်ခွဒေသ ဘက်သို့ စစ်တပ်ကလေကြောင်းမှ တိုက်ခိုက်ရာတွင်အသုံးပြုနေသောကြောင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်းမော်လမြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖက မတ် ၁၇တွင်ထုတ်ပြန်သည်။

သတင်း

တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူများအနက် သုံးဦးမှာ ရေကင်းဆေးရုံးရောက်မှ သွေးထွက်လွန်သေဆုံးခြင်းဖြစ်ကာ ကျန်ခုနစ်ဦးမှာ ရန်ကုန်ဆေးရုံးကြီးသို့ ပို့ဆောင်လိုက်ရကြောင်း ၎င်းတာဝန်ရှိသူက ရှင်းပြသည်။

သတင်း

ယမန်နေ့(မတ်လ ၁၇ ရက်)၊နံနက် ၆ နာရီခွဲခန့်တွင် KNDFတပ်ပေါင်းစုမှ လွိုင်ကော်မြို့၊ လင်ဖုံလေးလမ်းခွဲရှိ စစ်ကောင်စီတပ် ကင်းပုန်းတစ်ခုမှ စစ်ကောင်စီတပ်သားများအား စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။