Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းတပ်နယ်၌ အင်အား ၈၀ ခန့်ဖြင့် လှုပ်ရှားလျက်ရှိသည့် စစ်ကောင်စီတပ်အား ဝေဟင်ပေါ်မှရိုက်ထားသည့်မြင်ကွင်းများဒေသခံဖော်ပြ

ထင်ချောင်းရွာနှင့် စံရွာဘက်၌ စစ်ကောင်စီတပ်များ၏ ယနေ့လှုပ်ရှားမှုများကို လေမိုင် ၅မိုင် အကွာမှ ရိုက်ကူးထားခြင်းဖြစ်ကြောင်း ဓာတ်ပုံဆရာက အသိပေးသည်။

(မင်းတပ်မြို့နယ်အတွင်းစစ်​ကောင်စီတပ်သားများကို အ​ပေါ်စီးမှ​တွေ့ရစဥ်။ ။ဓါတ်ပုံ-HKL Mindat)
(မင်းတပ်မြို့နယ်အတွင်းစစ်​ကောင်စီတပ်သားများကို အ​ပေါ်စီးမှ​တွေ့ရစဥ်။ ။ဓါတ်ပုံ-HKL Mindat)

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်၏ လှုပ်ရှားမှုများအား ဒရုန်းဖြင့်ဝေဟင်ပေါ်မှ ရိုက်ကူးထားသည့် ဓာတ်ပုံမှတ်တမ်းကို ဒေသခံ ဓာတ်ပုံဆရာက ယနေ့ ဖော်ပြခဲ့သည်။

အင်အား ၈၀ ခန့်ရှိ စစ်ကောင်စီတပ်သည် ထင်ချောင်းရွာအနီး ယနေ့ စစ်ရေးလှုပ်ရှားခဲ့ပြီး စံရွာနားသို့လည်း ရောက်ရှိခဲ့ကြောင်း၊ အဆိုပါရွာအနီး ညအိပ်မည်ဟု ခန့်မှန်းရကြောင်း စာဖြင့်ရေးသားဖော်ပြသည်။

(မင်းတပ်မြို့နယ်အတွင်းစစ်​ကောင်စီတပ်သားများကို အ​ပေါ်စီးမှ​တွေ့ရစဥ်။ ။ဓါတ်ပုံ-HKL Mindat)
(မင်းတပ်မြို့နယ်အတွင်းစစ်​ကောင်စီတပ်သားများကို အ​ပေါ်စီးမှ​တွေ့ရစဥ်။ ။ဓါတ်ပုံ-HKL Mindat)

“နေ့လည်က ပေါက်တောချောက်ဘက် အသွားပြကာ လမ်းခွဲဇရပ် ရောက်သွားသော စခ ၈၀ ခန့်မှာ ယခု ထင်ချောင်းရွာစေတီကုန်းမှ တဆင့် ချောင်းပြင်ကို ဖြတ်ပြီး စံရွာက်ကို သွားနေကြပါပြီ။ နောက်ချန်ကင်း ၁၀ကောင် ချောင်းနားရှိနေဆဲပါ။ စခ တစ်ကောင် ဂန်းကို ဘေးချပြီး ချောင်းနံဘေး မျက်နှာသစ်နေပါတယ်၊ ဂရုစိုက်သွားလာကြပါ ယောအမျိုးများ”ဟု ဓာတ်ပုံဆရာက ယနေ့မတ်လ ၂၄ရက် ညနေပိုင်း၌ အသိပေးရေးသားခဲ့သည်။

(မင်းတပ်မြို့နယ်အတွင်းစစ်​ကောင်စီတပ်သားများကို အ​ပေါ်စီးမှ​တွေ့ရစဥ်။ ။ဓါတ်ပုံ-HKL Mindat)
(မင်းတပ်မြို့နယ်အတွင်းစစ်​ကောင်စီတပ်သားများကို အ​ပေါ်စီးမှ​တွေ့ရစဥ်။ ။ဓါတ်ပုံ-HKL Mindat)

ထင်ချောင်းရွာနှင့် စံရွာဘက်၌ စစ်ကောင်စီတပ်များ၏ ယနေ့လှုပ်ရှားမှုများကို လေမိုင် ၅မိုင် အကွာမှ ရိုက်ကူးထားခြင်းဖြစ်ကြောင်း ဓာတ်ပုံဆရာက အသိပေးသည်။

Public Service Announcement
Public Service Announcement

ထို့ပြင် မင်းတပ် နယ်၌ တာဝန်ကျသည့် စစ်ကောင်စီ ဗိုလ်မှူး မုံရွာဘက်သို့ ပြောင်းရွှေ့သွားကြောင်း၊ အစားဝင်ရောက်လာသည့် အရာရှိမှာ ကရင်ပြည်နယ်ဘက်က ပြောင်းလာသူဖြစ်ကြောင်း လည်း ၎င်းက ရေးသားထားသည်။

You May Also Like

သတင်း

ဒေါတမကြီးတိုက်ပွဲ၌ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်က မတ်လ ၂၂ရက်တွင် People’s Spring သို့ ပြောကြားထားသည်။

သတင်း

စစ်​ကောင်စီဘက်ကလည်း ပြန်လည်ပစ်ခတ်သည့်အပြင် အနီးရှိ တောပုရွာမှ ပျူစောထီးများက လက်နက်ကြီးပစ်ကူခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိ​ဟု Aung San Force - A.S.F၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

ရန်ကုန်-သန်လျင် ဆက်သွယ်ထားသည့် တံတားနှစ်စင်းကို စစ်တပ်က ပိတ်ဆို့ထားခြင်းကြောင့် ခရီးသည်တင်ယာဥ်များနှင့် အခြားယာဥ်အများအပြား တံတားများအား ဖြတ်သန်း၍မရဘဲ ယာဥ်ကြောများ ပိတ်ဆို့လျှက်ရှိသည်။

သတင်း

စစ်ပွဲမှာ အသုံးပြုမယ့် လက်နက်နဲ့ လောင်စာဆီတွေ ဝယ်ယူရေးအတွက် စစ်ကောင်စီ အရေးတကြီး လိုအပ်နေတဲ့ ဝင်ငွေလမ်းကြောင်းတွေကို ပိုမို ဖြတ်တောက်ဖို့ဆိုရင် နောက်ထပ် အရေးယူ ပိတ်ဆို့မှု အသစ်တွေလည်း လိုအပ်လိမ့်ဦးမယ်လို့ ချော်လတ်က ဆက်ပြောပါတယ်။