Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဘီးလင်းတွင် BGF စခန်း KNLA ပူးပေါင်းစစ်ကြောင်း သိမ်းပိုက်

ဘီးလင်းမြို့နယ်အတွင်းရှိ လယ်ဆော့လော့ BGF တပ်စခန်းကို KNLA၊PDF ပူးပေါင်းစစ်ကြောင်းနှင့်အတူ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ခမ်းဒေါမ်) PPDF -KDမှ ရဲဘော်များပါဝင်ပူးပေါင်းပြီး ယခုလ ၂၂ ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဟု ဆိုသည်။

(BGFစခန်းအား သိမ်းပိုက်ပြီးနောက် ရရှိသည့် လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - CJ)
(BGFစခန်းအား သိမ်းပိုက်ပြီးနောက် ရရှိသည့် လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - CJ)

▪️BGF ခြောက်ဦးသေ၊ လက်နက်ခဲယမ်းများရရှိ

KNU တပ်မဟာ(၁)နယ်မြေ သထုံခရိုင်၊ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီ​၏ လက်ပါးစေ BGF တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး BGF တပ်သား ၆ဦးသေဆုံးကာ သေနတ် ၅လက်ရရှိကြောင်း ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ခမ်းဒေါမ်) PPDF-KDက ယနေ့ ထုတ်ပြန်သည်။

ဘီးလင်းမြို့နယ်အတွင်းရှိ လယ်ဆော့လော့ BGF တပ်စခန်းကို KNLA၊PDF ပူးပေါင်းစစ်ကြောင်းနှင့်အတူ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ခမ်းဒေါမ်) PPDF -KDမှ ရဲဘော်များပါဝင်ပူးပေါင်းပြီး ယခုလ ၂၂ ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဟု ဆိုသည်။

ပူးပေါင်းစစ်ကြောင်းမှ PDF ရဲဘော်တစ်ဦး ဦးခေါင်းထိဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သည်။

ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) PPDF-KD အနေဖြင့် သက်ဆိုင်ရာနယ်မြေအလိုက် မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ PDF များ LPDF များနှင့် ပူးပေါင်းကာ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးပစ်မှတ်များကို ဆက်လက်တိုက်ခိုက်သွားမည်ဟုလည်း အသိပေးသည်။

You May Also Like

သတင်း

စစ်ကောင်စီတပ် ယာဉ်တန်းလုံခြုံရေးယူရန်လာသည့်စစ်ကောင်စီတပ်များနှင့်စစ်ကောင်စီယာဉ်တန်းအား KIAနှင့်KPDFတပ်ဖွဲ့များမှ မတ်လ၂၀ရက်နှင့်၂၁ရက် တို့တွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

သတင်း

နယ်မြေခံ စစ်ကြောင်းမှူးမှ မွမ်းမံသင်တန်းဆင်း ရဲဘော်များအား ဂုဏ်ပြုစကားပြောကြားခြင်း၊ စစ်ဒေသခွဲအမှတ်(၃)၏ တပ်ရေးတာဝန်ခံနှင့် တပ်ထောက်တာဝန်ခံတို့မှ မွမ်းမံသင်တန်းတွင် ဆုရရှိသည့် ရဲဘော်များအား ဆုချီးမြှင့်ခြင်း ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်သည်။

သတင်း

"ဒီမနက် ၁၀နာရီမှာ။ တပ်မ(၄၄)ဌာနချုပ်ကိုလည်း ဒရုန်းနဲ့ ပစ်တယ်။ တပ်မ(၄၄)ရဲ့ တပ်မမှူးအိမ်ကိုလည်း ဒရုန်းနဲ့ပစ်တယ်။ထိခိုက်မှုကတော့ လောလောဆယ်ဆယ်တော့ ဘာမှမသိရသေးဘူး"ဟု KNLA တပ်မှူးက ပြောသည်။

သတင်း

ကြေးနန်းလက်ခံရရှိမှုအရ ဖေဖော်ဝါရီအတွင်း စစ်ကောင်စီမှ KNU တပ်မဟာ ခရိုင်သုံးခုတို့တွင် တိုက်လေယာဉ်ဖြင့် လာရောက်တိုက်ခိုက်မှု ၂၁ကြိမ် ရှိခဲ့ကြောင်း ဖော်ပြထားသည်။