Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တမူးတွင် စစ်တပ်ကPDF စခန်းကိုတိုက်ခိုက်​နေစဥ် PDF များက ရဲစခန်းကိုသိမ်းပိုက်

စစ်ကိုင်းတိုင်း၊တမူးမြို့နယ်တွင် ယမန်နေ့ (မတ်လ ၂၃ရက်)နှင့် ယနေ့(မတ်လ ၂၄ရက်) နှစ်ရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပြီး အထိနာသွားသည့်စစ်ကောင်စီကနှစ်ရက်စလုံး လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့သည်။

(စစ်​ကောင်စီရဲစခန်းမှသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-အမျိုးသားလွတ်မြောက်ရေးတပ်တော်)
(စစ်​ကောင်စီရဲစခန်းမှသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-အမျိုးသားလွတ်မြောက်ရေးတပ်တော်)

တမူးမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ရှေ့တန်း စခန်းတခုကို စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်နေစဉ် စစ်ကောင်စီ၏ ရဲစခန်းတစ်ခုကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်သည်။

ကလေးတွေရဲ့ စခန်းက လူမရှိဘဲ ဆုတ်ခွာပေးထားတာ။ အဲ့ဒါကို ဖိတိုက်နေချိန် ရဲစခန်းကို ဝင်းစီးတာ။ ဗျုဟာကတော့ လှတယ်” ဟု တမူးမြို့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

စစ်ကိုင်းတိုင်း၊တမူးမြို့နယ်တွင် ယမန်နေ့ (မတ်လ ၂၃ရက်)နှင့် ယနေ့(မတ်လ ၂၄ရက်) နှစ်ရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပြီး အထိနာသွားသည့်စစ်ကောင်စီကနှစ်ရက်စလုံး လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့သည်။

(စစ်​ကောင်စီရဲစခန်းမှသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-အမျိုးသားလွတ်မြောက်ရေးတပ်တော်)
(စစ်​ကောင်စီရဲစခန်းမှသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-အမျိုးသားလွတ်မြောက်ရေးတပ်တော်)

မတ်လ ၂၃ရက်နေ့ နံနက်အစောပိုင်းတွင် တမူးမြို့ အထက်ပိုင်း ကွန်းတောင်းရွာအနီးမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ရှေ့တန်း စခန်းကိုစစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး မြေပြင်ထိုးစစ်ဆင်ခဲ့သည်။ PDGများက ဆုတ်ခွာပေးပြီးမှ ပြန်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦး သေဆုံးခဲ့သည်။ ထိုနေ့တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော် တစ်ဦးကျဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့သည်။

ယနေ့(မတ်လ ၂၄ရက်)နံနက်တွင်လည်း ကွန်းတောင်းစခန်းအား စစ်ကောင်စီက ဂျက်ဖိုက်တာရော Mi35 ကိုပါသုံးကာတိုက်ခိုက်ခဲ့သည်။တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ သေဆုံးမှုများသလို PDFတစ်ဦးကျဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

ကွန်းတောင်းစခန်းအား စစ်ကောင်စီကတိုက်ခိုက်နေစဉ် တမူးမြို့အခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်ကဦးဆောင်ကာ ကလေး-တမူးလမ်းရှိ ဘုက္ကန်ရဲကင်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်။ စခန်းအား သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ငယ်မျိူစုံ ၁၅လက်နှင့် ကျည်ဆန်၂၀၀၀ ကျော်အပါအဝင် လက်နက်ခဲယမ်းအများအပြားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က သိမ်းဆည်းနိုင်ခဲ့သည်။

ဘုက္ကန်ရဲကင်းစခန်းမှ ရဲများ စခန်းကိုစွန့်ခွာထွက်ပြေးသွားကြောင်းအမျိုးသားလွတ်မြောက်ရေးတပ်တော်က သတင်းထုတ်ပြန်သည်။

အမျိုးသားလွတ်မြောက်ရေးတပ်တော်သည် တမူးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၃)ကို အမည်ပြောင်းထားပြီး ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မဟာမိတ်ပြုလုပ်ထားသည်။

You May Also Like

သတင်း

မတ် ၂၄ ရက်မှာ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ လူပုဂ္ဂိုလ် ၂ ဦးနဲ့ လုပ်ငန်း ၆ ခုကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ကြောင်း​ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်တပ်က အရပ်သား ဧရိယာတွေကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အခုလို အရေးယူ...

သတင်း

ကားအစီးရေ ၃၀ထက်မနည်းပါဝင်သော စစ်ကောင်စီယာဉ်တန်းသည် ယမန်နေ့က အင်းတော်မြို့ကို ကျော်ပြီးနောက် မတ်လ ၂၃ရက်တွင် ကသာနှင့်ထီးချိုင့်မြို့ကြားသို့ရောက်ရှိလာခြင်းဖြစ်သည်။

သတင်း

ထွန်းမင်းလတ်ရဲ့ ဇနီးဖြစ်တဲ့ ဝင်းမင်းစိုးကတော့ Star Sapphire ကုန်သွယ်ရေး ကုမ္ပဏီ လီမိတက်နဲ့ စင်ကာပူ အခြေစိုက် Star Sapphire Group PTE. LTDတို့ကို ပူးတွဲ ပိုင်ဆိုင်ထားပါတယ်။

သတင်း

ကရင်နီပြည်နယ်ရှိ ​နေရာတစ်​နေရာတွင်စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ ၂ လက်အောက်ခံ (ခမရ ၅၁၅ တပ်ရင်း) ကိုကရင်နီပူး​ပေါင်းတပ်က ပိတ်ဆို့ တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။