Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

မြောက်ကိုရီးယားက နျူကလီးယားလက်နက် ထပ်စမ်းသပ်မယ့် အလားအလာ မရှိသေးဘူးလို့ အမေရိကန်ယူဆ

မြောက်ကိုရီးယားဟာ ၂၀၀၆ ခုနှစ်ကစလို့ နျူကလီးယား လက်နက် စမ်းသပ်ဖောက်ခွဲမှု ၆ ကြိမ် ပြုလုပ်ခဲ့ပြီး အဲဒီထဲက ၄ ကြိမ်ဟာ ကင်မ်ရဲ့ လက်ထက်မှာ အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားက နျူကလီးယားလက်နက် ထပ်စမ်းသပ်မယ့် အလားအလာ မရှိသေးဘူးလို့ အမေရိကန်ယူဆ
မြောက်ကိုရီးယားက နျူကလီးယားလက်နက် ထပ်စမ်းသပ်မယ့် အလားအလာ မရှိသေးဘူးလို့ အမေရိကန်ယူဆ

မြောက်ကိုရီးယား အနေနဲ့ နောက်ထပ် နျူကလီးယားလက်နက် စမ်းသပ်မှု ပြုလုပ်မယ့် အလားအလာ မရှိသေးပေမယ့် နိုးနိုးကြားကြား စောင့်ကြည့်ဖို့တော့ လိုတယ်လို့ အမေရိကန် စစ်ထောက်လှမ်းရေးက ပြောပါတယ်။

အမေရိကန် ကာကွယ်ရေး ထောက်လှမ်းမှု အေဂျင်စီ (DIA)က မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ လတ်တလောမှာ ဒုံးကျည် စမ်းသပ်မှုတွေ အရှိန်မြှင့် လုပ်ဆောင်နေစေတဲ့တိုင် နျူကလီးယားလက်နက် စမ်းသပ်မှု ထပ်မံပြုလုပ်မယ့် အခြေအနေတော့ မရှိဘူးလို့ မှတ်ချက် ပေးထားပါတယ်။

အစောပိုင်းတုန်းက အမေရိကန်နဲ့ တောင်ကိုရီးယားတို့က မြောက်ကိုရီးယားဟာ ၂၀၁၇ နောက်ပိုင်း ပထမဆုံးအကြိမ် နျူကလီးယားလက်နက် စမ်းသပ်မှုတစ်ခု လုပ်ဆောင်လာနိုင်ခြေ မြင့်မြင့်မားမား ရှိနေကြောင်း သုံးသပ်ထားကြပါတယ်။

ပြီးခဲ့တဲ့နှစ်၊ မေလတုန်းက အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အာရှ ခရီးစဉ် မတိုင်ခင်မှာ ကတည်းက မြောက်ကိုရီးယားရဲ့ နျူကလီးယား စမ်းသပ်မှု ပေါ်ပေါက်လာနိုင်ကြောင်း အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ ဂျက် ဆူလီဗန်က သတိပေးခဲ့ဖူးပါတယ်။

ဒါပေမဲ့လည်း လက်ရှိ အခြေအနေတွေ အရတော့ မြောက်ကိုရီးယားဟာ နျူကလီးယား စမ်းသပ်ဖောက်ခွဲနိုင်ခြေ အတော်လေး နည်းသွားပြီဖြစ်ကြောင်း၊ ကင်မ်ရဲ့ နောက်ထပ် ခြေလှမ်းနဲ့ ပတ်သက်လို့ ရှုထောင့်ပေါင်းစုံက တွက်ချက်ကြည့်တဲ့နောက် ဒုံးကျည် စမ်းသပ်မှုတွေအပေါ် ပိုမို အာရုံရောက်နေဟန်ရှိပြီး နျူကလီးယား လက်နက် နည်းပညာနဲ့ အဆက်အစပ် သိပ်မရှိတော့ကြောင်း DIAရဲ့ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး စကော့ ဘာရီရာက သတင်းထောက်တွေကို ပြောပါတယ်။

လတ်တလောမှာတော့ ကင်မ်ဟာ နျူကလီးယားလက်နက် စမ်းသပ်ဖို့ မြောက်ကိုရီးယား စစ်တပ်ကို ညွှန်ကြားထားဟန် မရှိကြောင်း၊ ဒါပေမဲ့ လုံးဝ မပေါ့ဆဘဲ နိုးနိုးကြားကြားနဲ့ သတိထား စောင့်ကြည့်ဖို့တော့ လိုနေဆဲဖြစ်ကြောင်း ဘာရီရာက ဆိုပါတယ်။

မြောက်ကိုရီးယားဟာ ၂၀၀၆ ခုနှစ်ကစလို့ နျူကလီးယား လက်နက် စမ်းသပ်ဖောက်ခွဲမှု ၆ ကြိမ် ပြုလုပ်ခဲ့ပြီး အဲဒီထဲက ၄ ကြိမ်ဟာ ကင်မ်ရဲ့ လက်ထက်မှာ အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပါတယ်။

You May Also Like

သတင်း

အာဏာသိမ်းစစ်ကောင်စီ တပ်မ-၄၄ လက်အောက်ခံ ခမရ-၂၀၇၊ ခလရ-၂၊ ခမရ-၂၊ အမတ- ၆၀၂ နှင့် အမတ-၃၁၀ တပ်ရင်းများမှ လက်နက်ကြီး မကြာခဏပစ်ခတ်လေ့ရှိကြောင်း KNUက ထုတ်ပြန်သည်။

သတင်း

၂၀၂၁ တွင် ရွေးကောက်ခံအစိုးရကို မြန်မာစစ်တပ်က ဖြုတ်ချခဲ့ချိန်မှစ၍ သဘောကွဲလွဲသူများကို သတ်ဖြတ်ဖြိုခွင်းခဲ့ပြီး တိုင်းပြည်သည် ဖရိုဖရဲဖြစ်ကာ ပိတ်မိနေသည်။

သတင်း

နယ်မြေခံ စစ်ကြောင်းမှူးမှ မွမ်းမံသင်တန်းဆင်း ရဲဘော်များအား ဂုဏ်ပြုစကားပြောကြားခြင်း၊ စစ်ဒေသခွဲအမှတ်(၃)၏ တပ်ရေးတာဝန်ခံနှင့် တပ်ထောက်တာဝန်ခံတို့မှ မွမ်းမံသင်တန်းတွင် ဆုရရှိသည့် ရဲဘော်များအား ဆုချီးမြှင့်ခြင်း ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်သည်။

နိုင်ငံတကာ

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနဟာ အမေရိကန် ဒရုန်း ပျက်ကျသွားအောင် နှောင့်ယှက်ခဲ့တဲ့ SU-27 တိုက်လေယာဉ်မှူးတွေကို ဂုဏ်ပြု ဆုတံဆိပ်တွေ ချီးမြှင့်ခဲ့သေးတယ်လို့လည်း သိရပါတယ်။