Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာနိုင်ငံတွင်စီးပွားရေးလုပ်ငန်းအများစုဘဏ်စနစ်ကိုမသုံးတော့ဟု ကမ္ဘာ့ဘဏ်စစ်တမ်းတွင်​တွေ့ရှိ

ကမ္ဘာ့ဘဏ်က ပြည်တွင်းစီးပွားရေးလုပ်ငန်း ၅၀၀ခန့်ကို ရန်ကုန်၊ မန္တလေး၊ ချင်းနှင့် နိုင်ငံအလယ်ပိုင်းခြောက်သွေ့ဇုန်၊ မြစ်ဝကျွန်းပေါ်နှင့်ကမ်းရိုးတန်းနှင့် တောင်တန်းဒေသဟူ၍ ဇုန် ၅ခုခွဲ၍ စစ်တမ်းကောက်ခဲ့သည်။

(စစ်တပ်အာဏာသိမ်းမှု​နောက်ဆက်တွဲဆိုးကျိုးများ​ကြောင့်ကျပ်​ငွေတန်ဖိုးဆက်တိုက်ကျဆင်း​နေရာ ၂၀၂၂ တစ်နှစ်အတွင်း သုံးပုံခန့်ကျဆင်းခဲ့​ကြောင်းကမ္ဘာ့ဘဏ်က​ဖော်ပြသည်။ ဓါတ်ပုံ-Getty Images)
A shopkeeper counts the Myanmar kyat currency at his shop in Pazontaung market in Yangon on March 21, 2020. (Photo by Ye Aung THU / AFP) (Photo by YE AUNG THU/AFP via Getty Images)

▪︎၂၀၂၂ခုနှစ်တွင်ကျပ်ငွေတန်ဖိုး သုံးပုံတစ်ပုံကျဆင်းခဲ့

၂၀၂၂ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်း သုံးပုံနှစ်ပုံခန့်မှာ ဘဏ်လုပ်ငန်းကို အသုံးမပြုတော့ကြောင်းနှင့် ကျပ်ငွေတန်ဖိုးမှာလည်း သုံးပုံတစ်ပုံကျဆင်းခဲ့​ကြောင်းကမ္ဘာ့ဘဏ်က ဧပြီလတွင်ထုတ်ပြန်သည့် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ စစ်တမ်းတွင် ဖော်ပြထားသည်။

ကမ္ဘာ့ဘဏ်က ပြည်တွင်းစီးပွားရေးလုပ်ငန်း ၅၀၀ခန့်ကို ရန်ကုန်၊ မန္တလေး၊ ချင်းနှင့် နိုင်ငံအလယ်ပိုင်းခြောက်သွေ့ဇုန်၊ မြစ်ဝကျွန်းပေါ်နှင့်ကမ်းရိုးတန်းနှင့် တောင်တန်းဒေသဟူ၍ ဇုန် ၅ခုခွဲ၍ စစ်တမ်းကောက်ခဲ့သည်။

လုပ်ငန်း ၅၀၀မှာ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှု၊လက်လီလုပ်ငန်းနှင့်ဝန်ဆောင်မှု ကဏ္ဍ ၄ခုတွင် စစ်တမ်းကောက်ခဲ့ခြင်းဖြစ်သည်ဟု ကမ္ဘာ့ဘဏ်က ရှင်းလင်းသည်။

မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများသည် ဘဏ်စနစ်ကိုယုံကြည်မှုနည်းပါးဆဲပြီး ဘဏ်ကိုငွေလွှဲလုပ်ငန်းများအတွက်သာ အဓိကအသုံးပြုခဲ့သည်ဟု ​ဖော်ပြထားသည်။

စီးပွားရေးလုပ်ငန်းများ၏ ၉၁ ရာခိုင်နှုန်းသည် ငွေသားဖြင့်သာဆောင်ရွက်​နေကြသည်ဟုသိရသည်။ထိုအပြင် ဘဏ်လုပ်ငန်းသုံးသည့် စီးပွားရေးလုပ်ငန်းများထဲမှ ၉၇ ရာခိုင်နှုန်းကလည်း ဘဏ်ကို ငွေလွှဲရန်အတွက်သာ အသုံးပြုသည်ဟု ကမ္ဘာဘဏ်ကဆိုသည်။

ရန်ကုန်မြို့အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက“ငွေသားပြန်ထုတ်ဖို့ခက်ခဲကြလို့ ဘဏ်စနစ်ကိုမသုံးကြတာ”ဟုပြောသည်။

ထိုအပြင် ၂၀၂၂ခုနှစ်အတွင်း ကျပ်ငွေတန်ဖိုးသည်လည်း အမေရိကန်ဒေါ်လာ နှင့်နှိုင်းယှဉ်ပါက သုံးပုံတစ်ပုံခန့်ကျဆင်းခဲ့ပြီး သွင်းကုန်ကုန်စရိတ်နှင့် စိန်ခေါ်မှုများလည်း မြင့်တက်လာခဲ့သည်ဟု ကမ္ဘာ့ဘဏ်ကသုံးသပ်​ဖော်ပြသည်။ အမေရိကန်ဒေါ်လာသည် စစ်တပ်အာဏာမသိမ်းခင်က တစ်ဒေါ်လာကို ၁၃၃၇ ကျပ်သာရှိခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၂ခုနှစ်ဩဂုတ်လကုန်ပိုင်းစတင်ပြီး ဒေါ်လာဈေးတရှိန်ထိုးမြင့်တက်လာပြီးတွင် တစ်ဒေါ်လာ ၄၅၅၀ကျပ်အထိ မြင့်တက်ခဲ့သည်။ ၂၀၂၂ခုနှစ်ဒီဇင်ဘာလတွင် တစ်ဒေါ်လာကိုကျပ် ၂၈၀၀ ကျပ်​ဈေး​​ပေါက် သည်။