Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကန့်ဘလူနယ်တွင် ၅လအတွင်း မြွေဆိုးကိုက်ခံရသည့်စစ်ဘေးရှောင် ၆ဝကျော်ရှိ၊ ကလေးငယ်နှစ်ဦးအပါအဝင် ခြောက်ဦးသေဆုံး

ကန့်ဘလူခရိုင်အတွင်း ရာသီဥတု ပူပြင်းလာမှုနှင့်အတူ မြွေဆိုးကိုက်ခံရမှုများဆက်တိုက်ဖြစ်လာနေကာ ယခု ဧပြီတစ်လအတွင်း မြွေဆိုးကိုက်မှု လေးခု ဖြစ်ပွားခဲ့ကာ နှစ်ဦးသေဆုံးခဲ့ရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

(ကန့်ဘလူနယ်၌ ပြီးခဲ့သည့်ဧပြီအတွင်းက မြွေဆိုးကိုက်ခံရသောပြည်သူတစ်ဦးအား ဆေးဝါးကုသမှုပေးနေစဥ်။ ဓာတ်ပုံ-ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့)
(ကန့်ဘလူနယ်၌ ပြီးခဲ့သည့်ဧပြီအတွင်းက မြွေဆိုးကိုက်ခံရသောပြည်သူတစ်ဦးအား ဆေးဝါးကုသမှုပေးနေစဥ်။ ဓာတ်ပုံ-ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်း၌ ၅ လခန့်အတွင်း မြွေဆိုးကိုက်ခံရသည့် စစ်ဘေးရှောင်ပြည်သူ ၆၀ ကျော်ရှိပြီး ကလေးငယ်နှစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

၂၀၂၁ နှစ်ကုန်ပိုင်းမှ ၂၀၂၃ ဧပြီအထိ မြွေဆိုးကိုက်ခံရသူ ၆၁ ဦးအထိရှိပြီးအချိန်မီကုသပေးနိုင်၍ အများစုအား အသက်ကယ်တင်ခဲ့နိုင်သော်လည်း အသက်မပြည့်သေးသည့် ကလေးငယ်နှစ်ဦး အပါအဝင် ခြောက်ဦးမှာမူ အသက်ဆုံးရှုံးခဲ့ရကြောင်း မြေပြင်၌ ကုသမှုများပေးနေသည့် ကျန်းမာရေးဝန်ထမ်းများ၏ စာရင်းများအပေါ်အခြေခံကာ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

သေဆုံးခဲ့သည့် ကလေးငယ်နှစ်ဦးမှာ လျှော်ဖြူကုန်းနှင့် ဝက်သအင်းကျေးရွာမှ (၉)နှစ်ဝန်းကျင်အရွယ်များဖြစ်ပြီး စစ်ကောင်စီစစ်ကြောင်းကြောင့် တောတိုက်များအတွင်း တိမ်းရှောင်ရင်း မြွေဆိုးကိုက်ခံရသဖြင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။

(ကန့်ဘလူနယ်၌ ပြီးခဲ့သည့်ဧပြီအတွင်းက မြွေဆိုးကိုက်ခံရသောပြည်သူတစ်ဦးအား ဆေးဝါးကုသမှုပေးနေစဥ်။ ဓာတ်ပုံ-ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့)
(ကန့်ဘလူနယ်၌ ပြီးခဲ့သည့်ဧပြီအတွင်းက မြွေဆိုးကိုက်ခံရသောပြည်သူတစ်ဦးအား ဆေးဝါးကုသမှုပေးနေစဥ်။ ဓာတ်ပုံ-ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့)

သေဆုံးသူများမှာ စစ်ကောင်စီတပ်ဖွဲ့များက ညမထွက်ရအမိန့် ကန့်သတ်ထားချက်ကြောင့် လုံလောက်သည့် ဆေးဝါးကုသမှုမရသဖြင့် သေဆုံးခဲ့ရခြင်းလည်းဖြစ်ကြောင်း၊ မြွေဆိုးကိုက်ခံရသူ ၆၁ ဦးအနက် ၄၅ ဦးမှာ အမျိုးသားများဖြစ်ကာ ကျန် ၁၆ ဦးမှာ အမျိုးသမီးများ ဖြစ်ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

“အဓိကက ဆေးဝါးလိုအပ်တယ်။အိန္ဒိယဆေးနဲ့ BPI​ မြွေဆိပ်ဖြေဆေးတွေလိုတယ်။ အချိန်မီထိုးနှံပေးနိုင်ရင်တော့အဆင်ပြေတယ်။”ဟု ကန့်ဘလူနယ်မြောက်ခြမ်းတွင် ကူညီဆောင်ရွက်ပေးနေသူ ကိုဂျောင်ဒီအွန်က ပြောသည်။

မြွေဆိုးကိုက်ခံရမှု အများဆုံးဖြစ်ပွားသည့် ကျေးရွာမှာ အလယ်ခုံကျေးရွာ၌ဖြစ်ကာ ယင်းတစ်ရွာတည်း၌ ခုနစ်ကြိမ်အထိ ရှိခဲ့သည်။

ကန့်ဘလူခရိုင်အတွင်း ရာသီဥတု ပူပြင်းလာမှုနှင့်အတူ မြွေဆိုးကိုက်ခံရမှုများဆက်တိုက်ဖြစ်လာနေကာ ယခု ဧပြီတစ်လအတွင်း မြွေဆိုးကိုက်မှု လေးခု ဖြစ်ပွားခဲ့ကာ နှစ်ဦးသေဆုံးခဲ့ရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

လက်ရှိတွင် ကန့်ဘလူခရိုင်အတွင်း စစ်ကောင်စီ တပ်ဖွဲ့များက ရွာစဉ်လှည့် စစ်ကြောင်းထိုးမှုများကြောင့် ဒေသခံစစ်ရှောင်ပြည်သူများမှာ စားဝတ်နေရေး၊ လုံခြုံရေး၊ ကျန်းမာရေးပြဿနာများအပြင် မြွေဆိုးကိုက်ခံရမှု အန္တရာယ်များဖြင့်ပါ ရင်ဆိုင်နေရသည်။