Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လားရှိုးတွင် လူ ၉ဦးသတ်မှုအပါအဝင် ဓားပြလုယက်မှု ၂၅မှုကျူးလွန်ခဲ့သူလေးဦးကို သေဒဏ်ချက်ချင်းချမှတ်ခဲ့ဟုကိုးကန့်တပ်ဖွဲ့ ထုတ်ပြန်

ရာဇဝတ်မှုကျူးလွန်သူအချို့ထွက်ပြေးသောအခြေရှိနေသော်လည်း အမှုကွပ်ကဲမှုစခန်းမှ တရားခံပြေးများအား ဆက်လက်ဖမ်းဆီးကာ မှုခင်းအားလုံးကို နှိမ်နင်းသွားမည်ဖြစ်ကြောင်း၊ မည်သည့်ရာဇဝတ်မှုမဆို နောက်ဆုံးတွင် ဥပဒေအရအပြစ်ပေးခံရပြီး တရားမျှတစွာ စစ်ဆေးမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

(တရားခံလေးဦးအား သေဒဏ်စီရင်ချမှတ်ရန် စီစဉ်နေစဉ်။ ဓာတ်ပုံ - ကိုးကန့်)
(တရားခံလေးဦးအား သေဒဏ်စီရင်ချမှတ်ရန် စီစဉ်နေစဉ်။ ဓာတ်ပုံ - ကိုးကန့်)

▪️အမှု ၂၅မှုတွင် တရုတ်ယွမ် ၅သန်း၊ ကျပ် သန်း ၇,၅၀၀ နီးပါးနှင့် မော်တော်ယာဉ် ၅စီး လုယက်ဓားပြတိုက်ခဲ့ဟု ဖော်ပြ

▪️စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတွင်းကမောက်ကမ ဖြစ်ကာ ပြည်သူများ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုဆိုးရွားစွာ ခြိမ်းခြောက်ခံနေရဟုဆို

ကိုးကန့်တပ်ဖွဲ့(MNDAA) အထူးဒေသ(၁)အုပ်ချုပ်ရေးအဖွဲ့မှ လားရှိုးမြို့ရှိရာဇဝတ်မှုကျူးလွန်သူအဖွဲ့ကို တရားဥပဒေနှင့်အညီ အရေးယူခဲ့ပြီး လူသတ်၊ လုယက်၊ ဓားပြတိုက်မှု ၂၅မှုတွင် ပါဝင်သူ လေးဦးကို သေဒဏ်ချက်ချင်း ချမှတ်ခဲ့ကြောင်း ယနေ့ ထုတ်ပြန်သည်။

အဆိုပါ စီရင်ချက်ချခြင်းဆိုင်ရာ အစည်းအဝေးကို မူပန်ခရိုင် တစ်နေရာ၌ ကျင်းပခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(တရားခံလေးဦးအား သေဒဏ်စီရင်ချမှတ်ရန် စီစဉ်နေစဉ်။ ဓာတ်ပုံ - ကိုးကန့်)
(တရားခံလေးဦးအား သေဒဏ်စီရင်ချမှတ်ရန် စီစဉ်နေစဉ်။ ဓာတ်ပုံ – ကိုးကန့်)

MNDAA၏ ထုတ်ပြန်ချက်အရ ပြစ်မှုကျူးလွန်သူ လေးဦးသည် အသက် (၁၈)နှစ်မှ (၂၉)နှစ်အတွင်းရှိ တရုတ်လူမျိုးများဖြစ်ကြောင်း၊ ကျူးလွန်ခဲ့သည့် ရှိဝေ့ယုံ ၊ ကော်ရှောက်ဝေ ၊ ရှိဝေ့ချန်နှင့် ကော်ရှောက်ခွမ်စသည့် တရားခံတို့ကို ယခုနှစ် ဖေဖော်ဝါရီ ၂၅ရက်မှ မတ်လ ၁၇ရက်အတွင်း လိုက်လံဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

စုံစမ်းစစ်ဆေးမေးမြန်ချက်အရ အထက်ပါတရားခံလေးယောက်သည် အခြားတရားခံပြေးသူနှင့်အတူ လုယုက်မှု၊ ပြန်ပေးဆွဲမှု ၊ လူသတ်မှုစသည့်အမှု(၂၅)မှုတို့ကိုစီမံဆောင်ရွက်ခဲ့ကြောင်း၊ ၎င်းတို့ ကျူးလွန်သတ်ခဲ့သူများမှာ မြန်မာနိုင်ငံသား နှင့် တရုတ်နိုင်ငံသားတို့ ပါဝင်ကြောင်း၊ စုံစမ်းစစ်ဆေးချက်အရ အသတ်ခံရသူမှာ အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး နှစ်ဦးရှိပြီး တရုတ်နိုင်ငံသား တစ်ဦးနှင့် မြန်မာနိုင်ငံသား ရှစ်ဦးတို့ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

(တရားခံလေးဦးအား သေဒဏ်စီရင်ချမှတ်ရန် စီစဉ်နေစဉ်။ ဓာတ်ပုံ - ကိုးကန့်)
(တရားခံလေးဦးအား သေဒဏ်စီရင်ချမှတ်ရန် စီစဉ်နေစဉ်။ ဓာတ်ပုံ – ကိုးကန့်)

အမှုနှင့်ပတ်သက်သည့်ငွေနှင့် ပစ္စည်းတန်ဖိုးမှာ တရုတ်ငွေ (၄ ဒသမ ၇၇ သန်း)နှင့် ကျပ် ၇,၄၅၁ သန်းရှိပြီး မော်တော်ယာဉ်မှာ CROWN ငါးစီး ၊ VO တစ်စီး ၊ Lexus တစ်စီး၊ TOYOTA တစ်စီးရ၊ Land Cruiser တစ်စီး၊ လက်စွပ် နှစ်လုံး စသည်တို့ဖြစ်ကြောင်း၊ အထက်ပါငွေသည် ၎င်းတို့တရားခံမှ သုံးဆွဲပြီး ကျန်ရှိသည်မှာ ဆက်လက် ရှာဖွေနေဆဲဖြစ်ကြောင်း ဖော်ပြသည်။

တရားခံ လေးဦး၏ ကိုယ်ရေးအကျဉ်းနှင့် ယခင် ကျူးလွန်ခဲ့သည့် အမှုမှတ်တမ်းများကို MNDAA က ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ၎င်းတို့ကျူးလွန်ခဲ့သောအမှု ၂၅ခုနှင့်ပတ်သက်ပြီးအမှု တစ်ခုချင်းစီ ကျူးလွန်ခဲ့မှုကိုလည်း အသေးစိတ်ဖော်ပြခဲ့သည်။

အမူတရားခံတို့သည် အမူအဖြစ်အပျက်ကိုဝန်ခံကြောင်း၊ ၎င်းတို့သည် လူသတ်မှု ၊ ပြန်ပေးဆွဲမှုနှင့် ဓားပြတိုက်မှုစသည်တို့ ပါဝင်စီမံပြီး ကျူးလွန် ခဲ့သောအမှုများကိုဝန်ခံလက်ခံကြောင်း၊ အမှုနှင့်ပါဝင်ပတ်သက်သောငွေကြေးကြီးမားသောကြောင့် အမှုများစွာဖြင့် စုပေါင်းပြစ်ဒဏ်ချကာ အဆိုပါ လေးဦးကို သေဒဏ်ချက်ချင်းချမှတ် ကြောင်း၊ ၎င်းတို့ လုယူရရှိထားသော ငွေကြေးပစ္စည်းများကို သိမ်းဆည်းခဲ့ကြောင်း အသိပေးခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ဖေဖော်ဝါရီ ၁ရက် စစ်တပ်ကအာဏာသိမ်းပြီးနောက် နိုင်ငံတွင်း အခြေအနေ များကမောက်ကမဖြစ်ပြီး ဆိုးရွာသော လူမှုရေးအဖြစ်အပျက်များ မကြာခဏဖြစ်ပွားခဲ့ကြောင်း MNDAAက ထုတ်ပြန်သည်။ အထူးသဖြင့် ရှမ်းပြည်မြောက်ပိုင်း လားရှိုးနှင့် မူဆယ်စသည့်ဒေသများတွင် အုပ်စုဖွဲ့ ရာဇဝတ်မှုများ ၊ စနစ်တကျဖြင့်ရာဇဝတ် မှုကျူးလွန်ခြင်းသည် မထူးဆန်းတော့ဘဲ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်၏လုံခြုံမှုကို ဆိုးရွားစွာ ခြိမ်းခြောက် ခံနေရကြောင်း ဖော်ပြသည်။

(တရားခံလေးဦးအား သေဒဏ်စီရင်ချမှတ်ရန် စီစဉ်နေစဉ်။ ဓာတ်ပုံ - ကိုးကန့်)
(တရားခံလေးဦးအား သေဒဏ်စီရင်ချမှတ်ရန် စီစဉ်နေစဉ်။ ဓာတ်ပုံ – ကိုးကန့်)

ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် မြင့်မြတ်သောတာဝန်ကို ထမ်းဆောင်ရန် MNDAA အနေဖြင့် ဒေသအုပ်ချုပ်ရေးအဖွဲ့နှင့် တပ်ဖွဲ့ များကို ရာဇဝတ်မှု ကျူးလွန်သူများနှိမ်နင်းတိုက်ဖျက်ရန် အမိန့်ပေးခဲ့ကြောင်း၊ ယခု ဖြစ်စဉ်သည် လူ့အဖွဲ့အစည်းကို အန္တရာယ်ဖြစ်စေသော ဓားပြများနှင့် ရာဇဝတ်ဂိုဏ်းများ အားလုံးကို တိုက်ဖျက်ရန် ဆုံးဖြတ်ချက် ကိုသရုပ်ပြပြီး အထူးဒေသအုပ်ချုပ်ရေးအဖွဲ့နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော်ကိုးကန့်(MNDAA)များ၏စွမ်းဆောင်ရည်ကိုပြသခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။