Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

PDF တပ် ၂ နှစ်ပြည့်ကာလအတွင်း တပ်ရင်းနဲ့ စစ်ကြောင်း ၃၀၀ ခန့် ဖွဲ့စည်းထားနိုင်

PDF တပ် ၂ နှစ်ပြည့်ကာလမှာ ကူညီခဲ့ကြတဲ့ တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေ ၊ အသက်နဲ့ခန္ဒာစွန့်ပြီး လူထုလွတ်မြောက်ရေးအတွက်တိုက်ပွဲဝင်နေတဲ့ PDF တွေကို NUG ယာယီသမ္မတ က ကျေးဇူးတင်ဂုဏ်ပြုစကားဆိုထားပါတယ်။

ဓာတ်ပုံ − NUG ကာကွယ်ရေးဝန်ကြီးဌာန
ဓာတ်ပုံ − NUG ကာကွယ်ရေးဝန်ကြီးဌာန

နိုင်ငံအနှံမှာ PDF တပ်ရင်းနဲ့ စစ်ကြောင်း ၃၀၀ ခန့်ကို ၂ နှစ်တာ ကာလအတွင်း ဖွဲ့စည်း တည်ထောင် ထားနိုင်ပြီလို့ NUG အစိုးရရဲ့ ယာယီသမ္မတ က အသိပေးပြောလိုက်ပါတယ်။

ဒီနေ့ မေလ ၅ ရက်ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို ဖွဲ့စည်းတည်ထောင်တာ ၂ နှစ် ပြည့်မြောက်တာပါ။

၂ နှစ်တာ ကာလအတွင်း PDF တပ်ရင်းနဲ့စစ်ကြောင်း ၃၀၀ ခန့် ဖွဲ့စည်းနိုင်ပြီဖြစ်သလို ၊ ရပ်ရွာအခြေပြုတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) တွေကို မြို့နယ် ၂၅၀ ကျော်မှာ စနစ်တကျ ဖွဲ့စည်းထားနိုင်ပြီလို့ NUG က ကြေညာပါတယ်။

အဲဒီလို တပ်ရင်း၊စစ်ကြောင်းနဲ့ ပ.က.ဖ တွေရဲ့တပ်ဖွဲ့ဝင်အင်အားစာရင်းကို NUG က ထုတ်မပြောပေမယ့် စစ်ကောင်စီထက် တိုက်ခိုက်ရေးအင်အားသာလွန်ပြီလို့ NUG ယာယီသမ္မတက ဒီနေ့မိန့်ခွန်းမှာထည့်ပြောပါတယ်။

စစ်ရေးအရဆိုရင်လည်း စစ်ဒေသတွေ ၊စစ်တိုင်းတွေ သီးခြားသတ်မှတ်နိုင်ပြီဖြစ်ပြီး စစ်ရေးအတွေ့အကြုံရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ က တပ်မှူးတွေနဲ့ပူးပေါင်းကာ ပေါင်းစပ်ကွပ်ကဲမှုစနစ်ကို အတိုင်းအတာတစ်ခုထိ အကောင်အထည်ဖော်နိုင်ပြီလို့ ယာယီသမ္မတကပြောပါတယ်။

PDF တပ်တွေဟာ ခံစစ်နဲ့ စတင်ခဲ့ရပေမယ့် လက်ရှိမှာ တန်ပြန်ထိုးစစ်အကြိုကာလကိုအပြည့်အဝရောက်လာပြီး နောက်ဆုံးအဆင့်ဖြစ်တဲ့ တန်ပြန်ထိုးစစ်ကာလကို ဆက်လက်တက်လှမ်းဖို့ ဘဏ္ဍာငွေနဲ့ ဗျုဟာမြောက် စစ်လက်နက်ပစ္စည်းတွေရရှိနိုင်မှုအပေါ် မူတည်နေတယ်လို့ ယာယီသမ္မတက အသိပေးပါတယ်။

ဓာတ်ပုံ − NUG ကာကွယ်ရေးဝန်ကြီးဌာန
ဓာတ်ပုံ − NUG ကာကွယ်ရေးဝန်ကြီးဌာန

လက်နက်တပ်ဆင်ရာမှာလည်း တူမီး ၊လက်လုပ်သေနတ်တွေနေရာမှာ အတိုင်းအတာတစ်ခုအထိ လက်နက်တွေ တပ်ဆင်နိုင်နေပြီး လက်နက်ခဲယမ်းထုတ်လုပ်တာလည်း အောင်မြင်ပေါက်ရောက်နေပြီလို့ NUG ယာယီသမ္မတက ဆိုပါတယ်။

ဒါပေမယ့် စစ်ကောင်စီတပ်နဲ့ သူတင်ကိုယ်တင် ပွဲသိမ်းတိုက်နိုင်တဲ့ လက်နက်ခဲယမ်း ထုတ်နိုင်တဲ့အခြေအနေ ရောက်ဖို့ တော့ ကြိုးပမ်းရဦးမယ်လို့ ပြောပါတယ်။

လေကြောင်းရန်ကို တန်ပြန်တိုက်ခိုက်၊ခုခံဖို့ ဗျုဟာမြောက် လက်နက်ပစ္စည်းတွေအလုံအလောက်ရဖို့လို အပ်နေတယ်လို့ NUG ယာယီသမ္မတက အသိပေးပါတယ်။

PDF တပ် ၂ နှစ်ပြည့်ကာလမှာ ကူညီခဲ့ကြတဲ့ တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေ ၊ အသက်နဲ့ခန္ဒာစွန့်ပြီး လူထုလွတ်မြောက်ရေးအတွက်တိုက်ပွဲဝင်နေတဲ့ PDF တွေကို NUG ယာယီသမ္မတ က ကျေးဇူးတင်ဂုဏ်ပြုစကားဆိုထားပါတယ်။