Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းရှိ ညောင်ပင်ဝန်းရဲစခန်းနှင့် မာလဲတောရွာပျူစခန်းအား တိုက်ခိုက်

စစ်ကိုင်းမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းက ဧပြီ ၃၀ ရက်မှ မေလ၂ရက်အထိ ၃ ရက်အတွင်း ပကဖ ရဲဘော် နှစ်ဦးနှင့် မသန်စွမ်းတစ်ဦးအား သတ်ဖြတ်သွားပြီး တစ်အိမ်တည်းကျေးရွာနှင့် ပကဖ စခန်းတစ်ခုကိုပါ မီးရှို့ဖျက်ဆီးသွားသည်။

(ညောင်ပင်ဝန်းစခန်းအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့စဥ်)
(ညောင်ပင်ဝန်းစခန်းအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့စဥ်)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ညောင်ပင်ဝန်းရဲစခန်းနှင့် မာလဲတောကျေးရွာရှိ ပျူစောထီးစခန်းတို့အား တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းကာကွယ်ရေးအဖွဲ့များက ပြောသည်။

မေလ ၁ရက် နေ့လည် ၁နာရီခန့်က စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းအား ဒရုန်းဖြင့် ဗုံးချပြီး လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

မေလ ၃ ရက် ညနေ ၄ နာရီခွဲခန့်ကလည်း ညောင်ပင်ဝန်းရဲစခန်းကိုပင် ဒရုန်း(၅)စီးဖြင့် ဗုံးသီး (၉)လုံးချတိုက်ခိုက်ခဲ့ကြောင်း ​ဒေသကာကွယ်ရေးအဖွဲ့များက ဆိုသည်။

ထို့အပြင် မေလ ၃ ရက် ညနေ ၅ နာရီခန့်တွင် စစ်ကိုင်းမြို့နယ်အတွင်းရှိ မာလဲတောရွာ ပျူစခန်းအား ဒေသကာကွယ်ရေးအဖွဲ့များက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့သည်။

မာလဲတောရွာပျူစခန်းအား YOUNG WOLF L.P.D.F နှင့် Phoenix(SGG) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဥ်များတွင် စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအခြေအနေများကိုမူ မသိရသေးဟု ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

” စစ်ကိုင်း တပ်မ(၃၃)တို့ အုန်းတောတပ်တို့က ညောင်ပင်ဝန်းမှာစုပြီး စစ်ကြောင်းထိုးလေ့ရှိတယ်။ မာလဲတောနဲ့ ကြွယ်ပုံပျူရွာတွေက ခြေတော်ရာတပ်ထဲလာလာပေါင်းပြီး အပြုံလိုက်ထိုးတာ။ ထီးဆောင်းမှာကတော့ နောက်ခံအနေနဲ့ အမြဲရှိနေတယ်။”ဟု ဒေသတွင်းကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သော တိုက်နယ်စွန် PDFအဖွဲ့က တာဝန်ရှိသူက ပြောသည်။

ညောင်ပင်ဝန်းစခန်းအား ပထမအကြိမ်တိုက်ခိုက်မှုကို YOUNG WOLF L.P.D.F ၊ Sadaung Revolution Army ၊ ကျောက်ဆည်ခရိုင် ပကဖ တို့ကလည်းကောင်း၊ ဒုတိယမြောက်တိုက်ခိုက်မှုကို အညာညီနောင်တပ်ပေါင်းစု (ABCF) ၊ Phoenix (SGG)၊ Myinmu Revolution Force (MMRF) ၊Unicorn Guerrilla ၊ NDRF ၊ MRTF ၊ စစ်ကိုင်းခရိုင် တပ်ရင်း(၆) တပ်ခွဲ(၁) ၊ စစ်ကိုင်းခရိုင် တပ်ရင်း(၇) တပ်ခွဲ(၁)၊တပ်ခွဲ(၄) ၊ နယ်မြေခံ ပကဖများကလည်းကောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းက ဧပြီ ၃၀ ရက်မှ မေလ၂ရက်အထိ ၃ ရက်အတွင်း ပကဖ ရဲဘော် နှစ်ဦးနှင့် မသန်စွမ်းတစ်ဦးအား သတ်ဖြတ်သွားပြီး တစ်အိမ်တည်းကျေးရွာနှင့် ပကဖ စခန်းတစ်ခုကိုပါ မီးရှို့ဖျက်ဆီးသွားသည်။