Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တာချီလိတ်တွင် နေအိမ်တစ်လုံးပေါ် မြေပြိုကျမှုဖြစ်ပြီး လူနှစ်ဦးသေဆုံး

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကလည်း တောင်တန်းဒေသများ၊ ကုန်းမြင့်ဒေသများ၌ တောင်ကျရေဘေး၊ မြေပြိုမှု‌ ဘေးများကို သတိပြုရန် သတိပေးထားသည်။

(သေဆုံးသူနှစ်ဦး၏ ရုပ်အလောင်းအား သယ်ဆောင်နေစဥ်။ ဓာတ်ပုံ - တာချီလိတ်လူမှုကူညီ​ရေးအသင်း)
(သေဆုံးသူနှစ်ဦး၏ ရုပ်အလောင်းအား သယ်ဆောင်နေစဥ်။ ဓာတ်ပုံ - တာချီလိတ်လူမှုကူညီ​ရေးအသင်း)

တာချီလိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် နေအိမ်တစ်လုံးပေါ် မြေပြိုကျမှုဖြစ်ပြီး အဆိုပါ နေအိမ်လူနှစ်ဦး သေဆုံးခဲ့သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ဆန်ဆိုင်းရပ်ကွက်တွင် ယနေ့(မေလ ၁၄ရက်) နံနက် ၃နာရီခန့်က ​အိမ်တစ်လုံး​ပေါ်သို့ ​မြေပြိုကျခဲ့ခြင်းဖြစ်ပြီး ​အိမ်အတွင်းအိပ်​​ပျော်​နေသည့် ဇနီး​မောင်နှံ နှစ်ဦးသေဆုံးသွားသည်ဟု တာချီလိတ်လူမှုကူညီ​ရေးအသင်းက ထုတ်ပြန်ထားသည်။

” မိုးက မ‌နေ့ညကနေ ဒီနေ့ မနက်အထိ တောက်လျှောက်ရွာတာ။ မြေပြိုတာ သုံးလေးနေရာပဲ။ သေဆုံးတာကတော့ နှစ်ယောက်လို့ ကြားတယ်”ဟု ဆန်ဆိုင်းရပ်ကွက်တွင် နေသူတစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

တာချီလိတ်မြို့တွင် ယမန်နေ့ (မေလ ၁၃ရက်​) တ‌ကုန်နေ မိုးရွာသွန်းခဲ့ပြီး ​ယနေ့(မေလ ၁၄ရက်​)မြေပြိုမှု ဖြစ်ပွားခြင်းဖြစ်သည်။ မြေပြိုမှုဘေးကြောင့် အသက်(၂၃)နှစ်အရွယ် ​မောင်​နေ​အောင်နှင့် အသက် (၂၂)နှစ်အရွယ် မဇလပ်ဖြူတို့ သေဆုံးသွားသည်ဟု သိရသည်။

မိုခါဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံဒေသအနှံ့အပြား၌ မိုးသည်းထန်စွာရွာနိုင်သည်ဟု မိုးလေဝသဆိုင်ရာလေ့လာသူများက သတိပေးထားသည်။