Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တွေမြို့တွင် မုန်တိုင်းဒီရေများဝင်လာ ၊ပိတ်မိ​နေ​သောဒေသခံများ အရေးပေါ် ကယ်ဆယ်ရေး တောင်းခံနေ

ရေတက်လာ၍ ပိတ်မိပြည်သူများက ၎င်းတို့ နေထိုင်ရာလမ်း၊ ဆက်သွယ်ရန် ဖုန်းနံပါတ်တို့အားလူမှုကွန်ရက်တွင် ဖော်ပြပြီး အကူအညီတောင်းခံနေကြသည်ကို​တွေ့ရသည်။

(စစ်​တွေမြို့တွင် မုန်တိုင်းဒီ​ရေ တက်လာသည်ကို ​ယ​​နေ့ (​မေ ၁၄)​နေ့ခင်းပိုင်းက​တွေ့ရစဥ်။ဓါတ်ပုံ-BNA ၊ CJ)
(စစ်​တွေမြို့တွင် မုန်တိုင်းဒီ​ရေ တက်လာသည်ကို ​ယ​​နေ့ (​မေ ၁၄)​နေ့ခင်းပိုင်းက​တွေ့ရစဥ်။ဓါတ်ပုံ-BNA ၊ CJ)

▪︎မိုင်တိုင်းနှင့် ဆက်စပ်ပြီး သေဆုံးသူ ၅ဦးရှိ ဒဏ်ရာရသူများလည်းရှိဟု NUG ထုတ်ပြန်

▪︎ရခိုင်ကမ်းရိုးတန်းကို မနက်၁၁ ခွဲတွငိတစ်နာရီ​လေတိုက်နှုန်း မိုင် ၁၃၀ ဖြင့်ဖြတ်သန်းတိုက်ခတ်​ဟုNUGဆို ၊ နာဂစ်မုန်တိုင်​လေတိုက်နှုန်းနှင့် အတူတူဖြစ်​​နေ

အား​ကောင်းလွန်းသည့်မိုခါမုန်တိုင်း ရခိုင်ပြည်နယ် စစ်တွေမြို့သို့ တစ်နာရီ ​လေတိုက်နှုန်း မိုင် ၁၃၀ ဖြင့် ဖြတ်သန်းတိုက်ခတ်​နေရာ ယနေ့ (မေလ ၁၄ရက် )နေ့လည် ၂နာရီနောက်ပိုင်းတွင် မုန်တိုင်းဒီ​ရေများမြို့အတွင် ဝင်လာရာ ဒေသခံအချို့ ပိတ်မိနေပြီး အရေးပေါ် ကယ်ဆယ်ရေး အကူအညီလိုအပ်လျက်ရှိကြောင်း ကာယကံရှင်များကလူမှုကွန်ရက်မှ တဆင့် အသိပေးထားသည်။

ရေတက်လာ၍ ပိတ်မိပြည်သူများက ၎င်းတို့ နေထိုင်ရာလမ်း၊ ဆက်သွယ်ရန် ဖုန်းနံပါတ်တို့အားလူမှုကွန်ရက်တွင် ဖော်ပြပြီး အကူအညီတောင်းခံနေကြသည်ကို​တွေ့ရသည်။

ထိုသို့ပိတ်မိ​နေ၍ အကူအညီ​တောင်းခံသူများမှာ စစ်​တွေမြို့တွင်ပင် ယ​နေ့ ည​နေပိုင်းအထိ အနည်းဆုံး ၅ ဦးရှိသည်ကို​တွေ့ရသည်။

​ဒေသခံများကို မုန်တိုင်းတိုက်ခတ်မှု ​​နောက်ဆုံးအ​ခြေအ​နေကို ​မေးမြန်ရန် ဖုန်းဆက်သွယ်ရာ ယ​နေ့ည​နေပိုင်းတွင် ဖုန်းလိုင်းများဆက်သွယ်မရ​ပေ ။

ဒေသတွင်း သတင်းဌာနဖြစ်သည့် BNA၏ ဖော်ပြချက်တွင်လည်း မြို့ပေါ်ရပ်ကွက်အများစုကို အရေးပေါ် ကယ်ဆယ်ရေး ပြုလုပ်ရန်လိုအပ်နေသည်ဟု ဖော်ပြထားသည်။

(စစ်​တွေမြို့တွင် မုန်တိုင်းဒီ​ရေ တက်လာသည်ကို ​ယ​​နေ့ (​မေ ၁၄)​နေ့ခင်းပိုင်းက​တွေ့ရစဥ်။ဓါတ်ပုံ-BNA ၊ CJ)
(စစ်​တွေမြို့တွင် မုန်တိုင်းဒီ​ရေ တက်လာသည်ကို ​ယ​​နေ့ (​မေ ၁၄)​နေ့ခင်းပိုင်းက​တွေ့ရစဥ်။ဓါတ်ပုံ-BNA ၊ CJ)

ဆိုင်ကလုန်းမုန်တိုင်းမိုခါသည် ယနေ့ နံနက် ၁၁နာရီ ခွဲ အချိန်တွင် လေတိုက်နှုန်းတစ်နာရီလျှင် မိုင် (၁၃၀) နှုန်းဖြင့် ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်လျက်ရှိသည်ဟု အမျိုးသားညီညွတ်​ရေးအစိုးရ ၊လူသားချင်းစာနာ​ထောက်ထား​ရေးနှင့် သဘာဝ​ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲ​ရေးဝန်ကြီးဌာန(MOHADM)က ထုတ်ပြန်သည်။ တစ်နာရီ ​လေတိုက်နှုန်း မိုင် ၁၃၀ ဖြင့်တိုက်သည်ဆိုပါက ၂၀၀၈ နာဂစ်ဆိုင်ကလုန်းတိုက်ခတ်စဥ်က​​လေတိုက်နှုန်းပြင်းအားဖြင့် အတူတူပင်ဖြစ်သည်။

အင်အားကြီးမားသည့်ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ကနဦးထိခိုက်ပျက်စီးမှု အခြေအနေကိုလည်း MOHADMကယ​နေ့ ည​နေ ၄ နာရီဝန်းကျင်တွင် ထုတ်ပြန်ခဲ့ရာ စစ်တွေမြို့တွင် လေတိုက်နှုန်းပြင်းထန်မှုကြောင့် MPT ဆက်သွယ်ရေးတာဝါတိုင် ကျိုးကျပျက်ဆီးခဲ့ပြီး စစ်တွေမြို့၌ ဆက်သွယ်လိုင်းရေးများပြတ်တောက်လျက်ရှိကြောင်း အသိပေးသည်။

(စစ်​တွေမြို့တွင် မုန်တိုင်းဒီ​ရေ တက်လာသည်ကို ​ယ​​နေ့ (​မေ ၁၄)​နေ့ခင်းပိုင်းက​တွေ့ရစဥ်။ဓါတ်ပုံ-BNA ၊ CJ)
(စစ်​တွေမြို့တွင် မုန်တိုင်းဒီ​ရေ တက်လာသည်ကို ​ယ​​နေ့ (​မေ ၁၄)​နေ့ခင်းပိုင်းက​တွေ့ရစဥ်။ဓါတ်ပုံ-BNA ၊ CJ)

ထိုအပြင် စစ်တွေမြို့ပေါ်တွင် နှစ်ရှည်ပင် တချို့ ပြိုလဲခြင်း၊ နေအိမ်အချို့ အမိုးလန်ပျက်စီးခြင်းများဖြစ်ပွားခဲ့ပြီး ဂွမြို့နယ်၊ကမ်းသာယာအနီး ရွှေဦးကင်းရွာတွင်လည်း အိမ်ခြေ ၅၀ ခန့်ပျက်ဆီးခဲ့ကြောင်းကနဦးသတင်းပေးပို့မှုများရှိသည်ဟု ဖော်ပြသည်။

ထိုအပြင်ယနေ့ ညနေပိုင်းတွင် ရခိုင်ပြည်နယ်အတွင်းရှိ အနီရောင်အဆင့်သတ်မှတ်ခံထားရသည့် (၇) မြို့နယ်တွင် လေပြင်းများတိုက်ခတ်ခြင်းနှင့် လှိုင်းကြီးခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်းလည်းအသိ​ပေးထားသည်။

မမုန်တိုင်းဒဏ်အဆိုးဆုံးခံရနိုင်​သော​ဒေသများအဖြစ် စစ်​တွေ၊ ကျောက်ဖြူ၊ မြေပုံ၊ ပေါက်​တော၊ ပုဏ္ဏကျွန်း၊ ရသေ့​တောင်၊ အမ်းစ​သည့် ဒေသများဖြစ်ပြီး ပြည်သူများ ​ဘေးလွတ်ရာသို့ အမြန်ဆုံး​ပြောင်း​ရွေ့ကြဖို့ NUG က လွန်ခဲ့သည့် ၃ ရက်ကသတိ​ပေးခဲ့​သေးသည်။ စစ်​တွေမြို့နယ်ကမ်း​ခြေများတွင် မုန်တိုင်းဒီ​ရေ ၁၀ ​ပေမှ ၁၂ ​ပေခန့် ၊ ရ​သေ​တောင်၊​ပေါက်​တော၊​မြေပုံမြို့နယ်များတွင် ၁၄ ​ပေမှ ၁၆ ​ပေ ၊ ​ကျောက်ဖြူ၊အမ်းမြို့နယ်များတွင် ၁၂ ​ပေမှ ၁၄ ​ပေ ၊ သံတွဲ ဂွကမ်း​ခြေများတွင် ၆ ​ပေမှ ၈ ​ပေ တက်လာနိုင်​ကြောင်းNUG-MOHADM ကသတိ​ပေးထားသည်။

(စစ်​တွေမြို့တွင် မုန်တိုင်းဒီ​ရေ တက်လာသည်ကို ​ယ​​နေ့ (​မေ ၁၄)​နေ့ခင်းပိုင်းက​တွေ့ရစဥ်။ဓါတ်ပုံ-BNA ၊ CJ)
(စစ်​တွေမြို့တွင် မုန်တိုင်းဒီ​ရေ တက်လာသည်ကို ​ယ​​နေ့ (​မေ ၁၄)​နေ့ခင်းပိုင်းက​တွေ့ရစဥ်။ဓါတ်ပုံ-BNA ၊ CJ)

မိုခါဆိုင်ကလုန်းမုန်တိုင်းနှင့် နောက်ဆက်တွဲဖြစ်စဉ်များကြောင့် ရခိုင်၊ ရှမ်း၊ မန္တလေးနှင့် ဧရာဝတီတို့တွင် သေဆုံးသူ (၅) ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်းကနဦးထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင်စစ်ကောင်စီက စစ်ကြောင်းထိုးတိုက်ခိုက်နေသည့်အပြင် မိုး(၃)ရက် သည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်များ ဖျားနာမှုများဖြစ်ပေါ်လျက်ရှိကြောင်း၊ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် လျှပ်စစ်မီးနှင့်အင်တာနက်လိုင်းများပြတ်တောက်လျက်ရှိသဖြင့် စစ်ဘေးရှောင်များ သတင်းအချက်အလက်ရရှိနိုင်ရန် အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။

မုန်တိုင်းဝင်ရောက်ပြီး ၂၄ နာရီအတွင်း ရခိုင်ပြည်နယ်၌ မုန်တိုင်းဒီရေဝင်ရောက်နိုင်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချင်းပြည်နယ်တွင် မြေပြိုခြင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင်လျှပ်စီးလက်ခြင်းနှင့် မိုးကြိုးပစ်ခြင်းများဖြစ်ပွားနိုင်ကြောင်း ထုတ်ပြန်သည်။

(စစ်​တွေမြို့တွင် မုန်တိုင်းဒီ​ရေ တက်လာသည်ကို ​ယ​​နေ့ (​မေ ၁၄)​နေ့ခင်းပိုင်းက​တွေ့ရစဥ်။ဓါတ်ပုံ-BNA ၊ CJ)
(စစ်​တွေမြို့တွင် မုန်တိုင်းဒီ​ရေ တက်လာသည်ကို ​ယ​​နေ့ (​မေ ၁၄)​နေ့ခင်းပိုင်းက​တွေ့ရစဥ်။ဓါတ်ပုံ-BNA ၊ CJ)

မိုးလေဝသ သတင်းများ စဉ်ဆက်မပြတ် ဖော်ပြနေသည့် ဦးဝင်နိုင်ကလည်း စစ်တွေမြို့နှင့်အနီးမုန်တိုင်းဗဟိုအတွင်းကျရောက်နေသည့်ဒေသများ အခြေအနေကိုအသိပေးခဲ့သည်။

“မုန်တိုင်းဗဟိုကုန်တွင်းသို့ဝင်အပြီး ညနေ ၄ နာရီအချိန်လောက်မှာ မုန်တိုင်းရဲ့ နောက်ပိုင်းကတကြိမ်ထပ်ပြီးဝင်လာပါလိမ့်မယ်။ လေတိုက်နှုန်းက ပင်လယ်ဘက်က(အနောက်မြောက်ဘက်က ဝင်လာမဲ့ အခြေအနေကြောင့်ပိုပြီးပြင်းထန်နိုင်ပါမယ်။ မုန်တိုင်းနောက်ပိုင်းဝင်တိုက်တဲ့ အချိန်က ဒီနေ့ ညသန်းခေါင်ကျော်အထိ ကြာနိုင်ပါမယ်။ မုန်တိုင်းဒီရေရိုက်ခတ်မှုလဲ ပိုမြင့်နိုင်၊ ပိုပြင်းနိုင်ပါမယ်။အလင်းရောင်မဲ့သွားတဲ့အချိန်မှာဖြစ်မှာကြောင့် လိုအပ်တာတွေ ပြင်ဆင်ထားကြပါဗျာ” ဟု ၎င်းက အကြံပြုထားသည်။