Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုခါမုန်တိုင်း ရခိုင်ကမ်းရိုးတန်းကိုလေတိုက်နှုန်း ၁၁၂ မိုင်မှ ၁၁၈ မိုင် နှုန်းဖြင့်တိုက်ခတ်ဟု အိန္ဒိယမိုးဇလထုတ်ပြန်

အမျိုးသားညီညွတ်​ရေးအစိုးရ ၊ လူသားချင်းစာနာ​ထောက်ထား​ရေးနှင့် သဘာဝ​ဘေးအန္တရာယ် စီမံခန့်ခွဲ​ရေးဝန်ကြီး ဌာန(NUG-MOHADM) က မိုရာသည် ယ​နေ့ နံနက် ၁၁ နာရီ ခွဲတွင် ရခိုင်ကမ်းရိုးတန်းကိုဖြတ်သန်းတိုက်ခတ်ခဲ့ပြီး ​လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၁၃၀ ရှိသည်ဟု အသိ​ပေးထားသည်။

(IMD နှင့် JTWCတို့၏ မိုခါမုန်တိုင်းတိုက်ခတ်ခဲ့​သောလမ်း​ကြောင်း၊တိုက်ခတ်ခဲ့သော​လေတိုက်နှုန်းနှင့် ဖြတ်သန်းတိုက်ခိုက်မည့်ခန့်မှန်းချက်/ မုန်တိုင်း​ကြောင့်စစ်​တွေမြို့တွင် ​မုန်တိုင်းဒီ​ရေများဝင်လာစဥ်။ ဓါတ်ပုံ-CJ)

▪︎မုန်တိုင်း​လေ​ဆောင့်တိုက်ချိန်တွင် ၁ နာရီ မိုင် ၁၃၀နှုန်းဖြင့်တိုက်ခတ်ဟုဆို

မိုခါဆိုင်ကလုန်းမုန်တိုင်းသည် ယ​​နေ့ (​မေ ၁၄) နံနက် ၁၁ နာရီခွဲ မှစ၍ ရခိုင်ကမ်းရိုးတန်းကို တစ်နာရီ​​​လေတိုက်နှုန်း ၁၁၂ မိုင်မှ ၁၁၈မိုင်းနှုန်းဖြင့်တိုက်ခတ်ခဲ့ခြင်းဖြစ်​ကြောင်း အိန္ဒိယမိုးဇလ (IMD)ကထုတ်ပြန်သည်။

ဘဂ်လားပင်လယ်​အော်အ​ရှေ့အလယ်ပိုင်းမှအလွန့်အလွန်အား​ကောင်း​သောဆိုင်ကလုန်းမုန်တိုင်းသည်ကျောက်ဖြူမြို့နှင့် ဘဂ်လား​ဒေရှ်နိုင်ငံ ​ကော့ဘဇာမြို့ကြား စစ်​တွေမြို့ ​မြောက်ပိုင်းမှ ဖြတ်သန်းဝင်​ရောက်ခဲ့သည်။မုန်တိုင်း ကမ်း​ခြေကို ဖြတ်သန်းတိုက်ခတ်ချိန်တွင် ​လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၁၂ မိုင်မှ ၁၁၈ မိုင် (၁၈၀ ကီလိုမီတာ-၁၉၀ ကီလိုမီတာ )အတွင်း ၊ရုတ်တရက်​မုန်တိုင်း​ဆောင့်တိုက်ချိန်တွင် ​လေတိုက်နှုန်း မိုင် ၁၃၀ (၂၁၀ ကီလိုမီတာ)ဖြင့် နံနက်၁၁ နာရီခွဲ မှ ၁ နာရီခွဲ အထိ့တိုက်ခတ်ခဲ့​ကြောင့် အိန္ဒိယမိုးဇလက အသိ​ပေးသည်။

ထိုအပြင် မုန်တိုင်းသည် ​နောက်သုံးနာရီ အတွင် အလွန့်အလွန်အား​ကောင်း​သောဆိုင်ကလုန်းမုန်တိုင်းအဖြစ်မှ အား​လျော့လာမည်ဟု ယ​နေ့ ည​နေတွင်ထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်​ရေးအစိုးရ ၊ လူသားချင်းစာနာ​ထောက်ထား​ရေးနှင့် သဘာဝ​ဘေးအန္တရာယ် စီမံခန့်ခွဲ​ရေးဝန်ကြီး ဌာန(NUG-MOHADM) က မိုရာသည် ယ​နေ့ နံနက် ၁၁ နာရီ ခွဲတွင် ရခိုင်ကမ်းရိုးတန်းကိုဖြတ်သန်းတိုက်ခတ်ခဲ့ပြီး ​လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၁၃၀ ရှိသည်ဟု အသိ​ပေးထားသည်။

ထို​ကြောင့် အိန္ဒိယမိုးဇလ ထုတ်ပြန်ချက်နှင့် NUG-MOHADM ထုတ်ပြန်ချက်မတူညီ​ပေ။ မုန်တိုင်း​လေတိုက်နှုန်းနှင့်ပတ်သပ်၍ အခြား​သော မုန်တိုင်း​စောင့်ကြည့်​ရေးစင်တာများကထုတ်ပြန်ချက်များတွင်လည်းကွဲပြား​​​နေသည်ကများသည်။

(IMD နှင့် JTWCတို့၏ မိုခါမုန်တိုင်းတိုက်ခတ်ခဲ့​သောလမ်း​ကြောင်း၊တိုက်ခတ်ခဲ့သော​လေတိုက်နှုန်းနှင့် ဖြတ်သန်းတိုက်ခိုက်မည့်ခန့်မှန်းချက်/ မုန်တိုင်း​ကြောင့်စစ်​တွေမြို့တွင် ​မုန်တိုင်းဒီ​ရေများဝင်လာစဥ်။ ဓါတ်ပုံ-CJ)
(IMD နှင့် JTWCတို့၏ မိုခါမုန်တိုင်းတိုက်ခတ်ခဲ့​သောလမ်း​ကြောင်း၊တိုက်ခတ်ခဲ့သော​လေတိုက်နှုန်းနှင့် ဖြတ်သန်းတိုက်ခိုက်မည့်ခန့်မှန်းချက်/ မုန်တိုင်း​ကြောင့်စစ်​တွေမြို့တွင် ​မုန်တိုင်းဒီ​ရေများဝင်လာစဥ်။ ဓါတ်ပုံ-CJ)

သို့​သော် အများစုတူညီသည်မှာ ကုန်းတွင်းဝင်​ရောက်ပါက မုန်တိုင်းမှာ အား​ပျော့လာမည်ဟုခန့်မှန်းထားကြခြင်းဖြစ်သည်။

အ​မေရီကန်​ရေတပ်မုန်တိုင်း​စောင့်ကြည့်သတိ​ပေး​ရေးစင်တာဖြစ်​သော JTWC က မိုရာမုန်တိုင်းသည် ရခိုင်ကမ်းရိုးတန်းကို ဖြတ်​ကျော်ပြီး.စစ်ကိုင်းတိုင်းအတွင် ဖြတ်သန်းတိုက်ခတ်ချိန်တွင်ပင် တစ်နာရီ ​လေတိုက်နှုန်း၉၈ မိုင်ခန့်(85 KTS) ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။ထိုမှ ၄၆ မိုင် ၊ထို​နောက် ၂၉ မိုင် စသဖြင့်အဆင့်ဆင့် အား​လျော့သွားမည်ဟုခန့်မှန်းထားသည်။

မုန်တိုင်းသည် ရခိုင်ရိုးမ​​တောင်တန်းများဖြတ်သန်း၍ စစ်ကိုင်းတိုင်း ၊ ချင်းပြည်နယ် ၊မ​ကွေးတိုင်း ၊ကချင်ပြည်နယ်အထိ ဆိုင်ကလုန်းမုန်တိုင်း ၊အပူပိုင်းကုန်းတွင်းမုန်တိုင်းငယ်အဖြစ်အဆင့်ဆင့်တိုက်ခတ်နိုင်၍ အဆိုပါ​ဒေသများတွင် မုန်တိုင်းအန္တရာယ်နှင့် မုန်တိုင်း​​နောက်ဆက်တွဲ ​​မိုးကြီးခြင်း၊​လေပြင်းကျခြင်း၊​မြေပြိုခြင်း ၊​ရေကြီး​ရေလျှံခြင်း သဘာဝ​​ဘေးအန္တရာယ်များကို သတိ့ပြုရန် မုန်တိုင်းနှင့်မိုး​​​လေဝသ​စောင့်ကြည့်​​ရေးစင်တာနှင့်ပညာရှင်များကသတိ​ပေးထားသည်။ ထိုအပြင် ကျန် ​ဒေသအများစုတွင်လည်း မုန်တိုင်းတိမ်တိုက်များလွင့်စစင်ရာမှ မိုးသည်းထန်ခြင်း၊​လေပြင်းတိုက်ခတ်ခြင်း၊​ရေကြီးခြင်းများဖြစ်နိုင်​ကြောင်းသတိ​ပေးထားသည်။