Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုနှင့်ခင်ဦးနယ်တွင် စစ်ကောင်စီတပ်က နှစ်ရက်အတွင်း ကျေးရွာလေးရွာ မီးရှို့ဖျက်ဆီး၊ ဒေသခံ ၂၀ခန့် ဖမ်းဆီးခံထားရ

ထို့အပြင် ယမန်နေ့နံနက်ပိုင်းကလည်း အဆိုပါ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်အုပ်စုထိခိုက်မှုရှိကြောင်း ဒေသခံများက ပြောသည်။

(ညောင်ပင်သာရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - Shwe Bo Local Defence Force)
(ညောင်ပင်သာရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - Shwe Bo Local Defence Force)

စစ်ကိုင်းတိုင်း၊ ရွှေဘိုနှင့် ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က နှစ်ရက်အတွင်း ကျေးရွာ လေးရွာ မီးရှို့ဖျက်ဆီးသွားပြီး ဒေသခံ အမျိုးသား ၂၀ခန့် ဖမ်းဆီးခံထားရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (မေလ ၁၈ ရက်) နံနက်ပိုင်းက ရွှေဘိုမြို့နယ်၊ ညောင်ပင်သာစိုက်ပျိုးရေးကျောင်းမှ လာသော စစ်ကောင်စီတပ်သားများနှင့်ပျူစောထီး အင်အား ၁၅၀ခန့်ရှိသော စစ်ကြောင်းသည် ညောင်ပင်သာကျေးရွာ ဝင်ရောက်ကာ နေအိမ်များ၊ ဈေးဆိုင်များ၊ ဆိုင်ကယ်ထော်လာဂျီများအား မီးရှို့ဖျက်ဆီးသွားကြောင်း Shwe Bo Local Defence Force အဖွဲ့က ပြောသည်။

(ညောင်ပင်သာရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - Shwe Bo Local Defence Force)
(ညောင်ပင်သာရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – Shwe Bo Local Defence Force)

ထို့နောက် ကန်သာကုန်းရွာအားဝင်ရောက်ပြီး ဒေသခံပြည်သူများအား ဖမ်းဆီးသွားပြီးနောက် အမျိုးသမီးများအား ပြန်လွှတ်ပေးခဲ့သော်လည်း အမျိုးသား ၁၈ ဦးကိုမူ တစ်ဦးလျှင် ကျပ် ၅ သိန်းနှုန်းဖြင့် လာရွေးခိုင်းနေကြောင်း Shwe Bo Local Defence Force အဖွဲ့က ပြောသည်။

Public Service Announcement
Public Service Announcement

ယနေ့ (မေလ ၁၉ ရက်)နံနက်ပိုင်းတွင် အဆိုပါစစ်ကောင်စီတပ်သည် ခင်ဦးမြို့နယ်၊ အောင်ချမ်းသာကျေးရွာနှင့် ကံသစ်ကျေးရွာ၊ ရွှေဘိုမြို့နယ် လိပ်ရကုန်းကျေးရွာတို့ကို နံနက်ပိုင်းမှ ညနေပိုင်းအထိ အသီးသီး ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

(ညောင်ပင်သာရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - Shwe Bo Local Defence Force)
(ညောင်ပင်သာရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – Shwe Bo Local Defence Force)

“ညနေပိုင်းကနေ ခုထိကံသစ်ကျေးရွာကို နေရာ ငါးနေရာခွဲ မီးတင်ရှို့နေတယ်။ ကံသစ်မှာပဲ ညအိပ်တပ်စွဲလောက်တယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့ကြောင့် ကျေးရွာအတွင်းမဝင်နိုင်​သေး၍ မီးရှို့ဖျက်ဆီးခံရသည့် အိမ်ခြေမသိရသေးကြောင်း၊ မီးရှို့ခံကျေးရွာများအပါအဝင် အနီးတဝိုက်ရှိ ကျေးရွာများမှ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ထို့အပြင် ယမန်နေ့နံနက်ပိုင်းကလည်း အဆိုပါ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်အုပ်စုထိခိုက်မှုရှိကြောင်း ဒေသခံများက ပြောသည်။