Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးမြို့နယ်တွင် PDF ခေါင်းဆောင်အပါအဝင် ရဲဘော် ၅ ဦးကျဆုံး

အင်အား(၁၀၀)ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းသည် ယနေ့ (ဧပြီ ၁၉ရက်) နံနက်၆နာရီခန့်က ခင်ဦးနယ် အနောက်ခြမ်း ရွာသစ်ကုန်းရွာမှ ပျူစောထီးများ၊ မူးတိမ်ချောင်းတံတားရှိ စစ်ကောင်စီတပ်သားများနှင့် ပူးပေါင်းကာ မြကန်ကျေးရွာအတွင်းသို့ ပစ်ခတ်ဝင်ရောက်ခဲ့သည်။

(ထွက်ပြေး တိမ်းရှောင်နေရသော ခင်ဦးနယ်မှ ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(ထွက်ပြေး တိမ်းရှောင်နေရသော ခင်ဦးနယ်မှ ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFများ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီး ​ခေါင်းဆောင်တစ်ဦးအပါအဝင် ကာကွယ်ရေးရဲဘော် ၅ ဦးကျဆုံးခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

အင်အား(၁၀၀)ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းသည် ယနေ့ (ဧပြီ ၁၉ရက်) နံနက်၆နာရီခန့်က ခင်ဦးနယ် အနောက်ခြမ်း ရွာသစ်ကုန်းရွာမှ ပျူစောထီးများ၊ မူးတိမ်ချောင်းတံတားရှိ စစ်ကောင်စီတပ်သားများနှင့် ပူးပေါင်းကာ မြကန်ကျေးရွာအတွင်းသို့ ပစ်ခတ်ဝင်ရောက်ခဲ့သည်။

(ထွက်ပြေး တိမ်းရှောင်နေရသော ခင်ဦးနယ်မှ ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(ထွက်ပြေး တိမ်းရှောင်နေရသော ခင်ဦးနယ်မှ ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

ထိုသို့ဝင်ရောက်စဥ် ဒေသခံကာကွယ်ရေးများနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ကာ ရဲဘော်များက မိုင်းခွဲအပြီး ပြန်အဆုတ်တွင် ပိတ်မိသွားခဲ့ကြောင်း၊ ထိုဖြစ်စဥ်တွင် ကာကွယ်ရေးရဲဘော်များဖြစ်သော ရဲဘော်တရုတ်ကြီး၊ ရဲဘော်မိုးဟိန်း၊ ရဲဘော်ဖိုးကျော်၊ ရဲဘော်ကိုနောင်၊ ရဲဘော်ကျော်နိုင်တို့ ကျဆုံးခဲ့ရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

Public Service Announcement
Public Service Announcement

“မိုင်းလည်းဆွဲပြီးရော ပြန်အဆုတ်မှာ စက်ကလေးနဲ့ လိုက်ရမ်းတယ်။ (၄၀) နဲ့ပါ လှမ်းထောက်လိုက်တဲ့အခါမှာ ၅ယောက်လုံးက အဲနားမှာတင် လဲသွားတယ်။ တချို့ကလည်း အရှင်မိပြီး နှိပ်စက်ခံရပြီး သေသွားတယ်။ဒို့ညီနောင်အဖွဲ့ခေါင်းဆောင်အပါအဝင် လေးဦးရယ်၊ တခြားမဟာမိတ်ရဲဘော်တစ်ဦးရယ် ကျဆုံးခဲ့တာပါ။”ဟု ဒေသတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

(ထွက်ပြေး တိမ်းရှောင်နေရသော ခင်ဦးနယ်မှ ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(ထွက်ပြေး တိမ်းရှောင်နေရသော ခင်ဦးနယ်မှ ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ခင်ဦးမြို့နယ် အနောက်တောင်ခြမ်းရှိ အင်းပတ်၊မြကန်၊ကုန်းသာ၊မရမ်းအင်း၊ချမ်းသာကုန်း၊ညောင်ပင်ခြံ၊ဆည်ကြီး၊သဲကုန်းကြီး၊မုံတော၊ဒါန်းကုန်း၊အောင်သာ၊အင်းပေါက်၊ကျွန်းဆွယ်၊ကျွန်းလယ်၊သိမ်တော် နှင့် ကြာပင်အိုင်ကျေးရွာများမှ ဒေသခံ ပြည်သူ နှစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ‌ဒေသခံတောင်သူ ၅ဦးကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဆိုသည်။

(ထွက်ပြေး တိမ်းရှောင်နေရသော ခင်ဦးနယ်မှ ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(ထွက်ပြေး တိမ်းရှောင်နေရသော ခင်ဦးနယ်မှ ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

“ဆေးဖြန်းတို့ ပေါက်ပြားပေါက်တို့လုပ်နေတဲ့ တောင်သူ ၅ ဦးကိုလည်း ဖမ်းသွားတယ်။ သူတို့ ၅ယောက်က ပစ်ခတ်နေလို့ အခင်းကြားလေးတွေမှာ မြတ်ထုံးလေးတွေနဲ့ပုန်းနေတာ။ ဆေးဖြန်းပုံးလေးကွယ်ပြီး ပုန်းနေတဲ့သူရှိတယ်။ အဲဒီ ၅ဦးက ဓားစာခံအဖြစ် အဖမ်းခံရပြီး စစ်ကြောင်း ရှေ့ကပါသွားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် အောင်သာကျေးရွာအတွင်းသို့ ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးသွားကြောင်းလည်း ဒေသခံများက ပြောသည်။

အဆိုပါ စစ်ကြောင်းသည် ညနေပိုင်းတွင် ကျွန်းလည်ရွာ၌ စခန်းချနေပြီး ဘေးပတ်ဝန်းကျင်ရွာများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းလည်း ဒေသခံများက ပြောသည်။