Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် TNLAကလည်း AA ထံ ကျပ်သိန်း ၅၀၀ လှူဒါန်း

မိုခါ မုန်တိုင်း တိုက်ခတ်မှုကြောင့် ကြီးမားစွာ ပျက်စီး ဆုံးရှုံးသွားခဲ့သည့် ရခိုင်ပြည်နယ်အတွင်း ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ပေးပို့လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု PSLF/TNLAက ယနေ့ ထုတ်ပြန်သည်။

(မိုခါမုန်တိုင်း​ကြောင့် ပျက်စီးသွား​သော​နေအိမ်များကို ကူညီ​ဆောက်လုပ်​ပေး​နေ​​သော AA တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-Araken Princess)
(မိုခါမုန်တိုင်း​ကြောင့် ပျက်စီးသွား​သော​နေအိမ်များကို ကူညီ​ဆောက်လုပ်​ပေး​နေ​​သော AA တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-Araken Princess)

မုန်တိုင်းဒဏ်ကြောင့် ထိခိုက်မှုများပြားခဲ့သည့် ရခိုင်ဒေသ ပြည်သူများအတွက် တအာင်းတပ်မတော်(TNLA)ကလည်း ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA) ထံသို့ ကျပ်သိန်း ၅၀၀ လှူဒါန်းခဲ့ရာ ULA/AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ကျေးဇူးတင်လွှာ ပြန်လည်ပေးအပ်ခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ကျပ်သိန်း ၁၀၀၀ ၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ကကျပ်သိန်း ၃၀၀၀ ၊ကိုးကန့်တပ်မတော်(MNDAA)က ကျပ်သိန်း ၁၀၀၀ အသီးသီးလှူဒါန်းခဲ့သည်။

(မိုခါမုန်တိုင်း​ကြောင့် ပျက်စီးသွား​သော​နေအိမ်များကို ကူညီ​ဆောက်လုပ်​ပေး​နေ​​သော AA တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-Araken Princess)
(မိုခါမုန်တိုင်း​ကြောင့် ပျက်စီးသွား​သော​နေအိမ်များကို ကူညီ​ဆောက်လုပ်​ပေး​နေ​​သော AA တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-Araken Princess)

မိုခါ မုန်တိုင်း တိုက်ခတ်မှုကြောင့် ကြီးမားစွာ ပျက်စီး ဆုံးရှုံးသွားခဲ့သည့် ရခိုင်ပြည်နယ်အတွင်း ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ပေးပို့လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု PSLF/TNLAက ယနေ့ ထုတ်ပြန်သည်။

“မုန်တိုင်းလေဘေးဒဏ်ကြောင့်ရက္ခိုင်ပြည်သူလူထုဒုက္ခရောက်နေသည့် အချိန်တွင် ယခုလို ညီနောင်မဟာမိတ်ပီသစွာ ပံ့ပိုးကူညီ ပေးမှုအပေါ် မိမိတို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အနေဖြင့် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်းမှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်”ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ကျေးဇူးတင်လွှာ၌ ဖော်ပြထားသည်။

TNLAသည် AAနှင့် စစ်ရေး၊ နိုင်ငံရေး မဟာမိတ်ပြုလုပ်ထားသည့်အဖွဲ့ဖြစ်သည်။

လက်ရှိတွင် ရခိုင်ဒေသပြည်သူများအတွက် AAကအ​ရေး​​ပေါ်ကယ်ဆယ်​ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ နေအိမ်များ ပြုပြင်တည်ဆောက်ခြင်း၊ လမ်းများ ရှင်းလင်းခြင်း၊ ပြိုလဲသစ်ပင်များ ရှင်းလင်းခြင်း စသည်တို့ လုပ်ဆောင်နေသည်ကို တွေ့ရသည်။ ထို့ပြင် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကော်မတီတစ်ရပ်ကို AA ဒုဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ဦးဆောင်ကာ ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။