Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မဲဇလီကုန်းမြို့ ရပ်ကွက်(၃)အုပ်ကြီးအသတ်ခံရမှု စစ်ကောင်စီ ချက်ချင်းလာမစစ်ဆေးရဲ

သာမာန်လူသတ်မှုကိုပင် လာမစစ်ဆေးရဲဘဲ မနက်မိုးလင်းမှ လုံခြုံရေးအင်အားအများအပြားဖြင့် လာရောက်စစ်ဆေးခြင်းမှာ စစ်ကောင်စီတပ်ဖွဲ့နှင့် လက်အောက်ခံများ အကြောက်တရားကြီးစိုးနေခြင်းဟု ဒေသခံများက မှတ်ချက်ပြုသည်။

မဲဇလီကုန်းမြို့ ရပ်ကွက်(၃)အုပ်ကြီးအသတ်ခံရမှု စစ်ကောင်စီ ချက်ချင်းလာမစစ်ဆေးရဲ
မဲဇလီကုန်းမြို့ ရပ်ကွက်(၃)အုပ်ကြီးအသတ်ခံရမှု စစ်ကောင်စီ ချက်ချင်းလာမစစ်ဆေးရဲ

ဧရာဝတီတိုင်း၊ မဲဇလီကုန်းမြို့မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး ယမန်နေ့ညက အသတ်ခံရသည့်အမှုကို ညတွင်းချင်း လာမစစ်ဆေးရဲဘဲ ယနေ့ နံနက်မှ လုံခြုံ‌ရေးအင်အားအများအပြားဖြင့် လာရောက်စစ်ဆေးခဲ့သည်ဟု ဒေသခံများက ပြောသည်။

မဲဇလီကုန်းမြို့ရှိ အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းသည် ယမန်နေ့(မေလ၂၃ရက်) ညနေ၆ နာရီခန့်က ၎င်း၏ လယ်ထဲတွင် ဓားထိုးခံရပြီး သေဆုံးသွားခြင်း ဖြစ်သည်။

” အလောင်းကို လယ်ထဲမှာတွေ့တာ။ တွေ့တွေ့ချင်း ရဲကို လှမ်းအကြောင်းကြားတယ်။ သူတို့မလာဘူးတဲ့။ မလာရဲကြတာ။ မနက်မှလာမယ် ပြောတယ်။မနက်မှ ရောက်လာတယ်ဗျာ”ဟု မဲဇလီကုန်းမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ရဲတပ်ဖွဲ့ဝင် ခြောက်ဦးက ယနေ့(မေလ ၂၄ရက်) နံနက် ၇နာရီခန့်မှသာ လက်နက်အပြည့်အစုံဖြင့်ရောက်လာသည်ဟု ဆိုသည်။

ဦးကျော်ဝင်းသည် စစ်ကောင်စီ၏ သတင်းပေးအဖြစ် နာမည်ကြီးပြီး ပြီးခဲ့သည့်လတွင် စစ်ကောင်စီက ရက်ကွက်အုပ်ချုပ်ရေးအဖြစ် ခန့်အပ်လိုက်ခြင်းဖြစ်သည်။ ထို့အပြင် ပုဂ္ဂိုလ်ရေးပြဿနာကြောင့်အသတ်ခံရခြင်းဖြစ်ကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။

ဝမ်းဗိုက်တွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ပြီးမည်သူက သတ်သွားသည်ကို မသိရသေးပေ။

သာမာန်လူသတ်မှုကိုပင် လာမစစ်ဆေးရဲဘဲ မနက်မိုးလင်းမှ လုံခြုံရေးအင်အားအများအပြားဖြင့် လာရောက်စစ်ဆေးခြင်းမှာ စစ်ကောင်စီတပ်ဖွဲ့နှင့် လက်အောက်ခံများ အကြောက်တရားကြီးစိုးနေခြင်းဟု ဒေသခံများက မှတ်ချက်ပြုသည်။