Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုန်တိုင်းဒဏ်သင့် မြန်မာပြည်သူများကို ပြင်သစ်က ယူရို ၁သန်းတန်ဖိုးရှိ အကူအညီများပေးအပ်မည်

အထူးသဖြင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းများရှိ ပြည်သူများကို အကူအညီများပေးနိုင်ရန် ပြင်သစ်က ယင်းသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံပြင်သစ်သံရုံးက ယနေ့ထုတ်ပြန်သည်။

(မိုခါမုန်တိုင်း​ကြောင့် ​ဒေသခံပြည်သူ ၂၀ ဦး​သေဆုံးခဲ့​သော ညောင်ပင်ကြီးရွာကို ​မေ ၂၁ ရက်က​တွေ့ရစဥ်။ ဓာတ်ပုံ-Border News Agency)
(မိုခါမုန်တိုင်း​ကြောင့် ​ဒေသခံပြည်သူ ၂၀ ဦး​သေဆုံးခဲ့​သော ညောင်ပင်ကြီးရွာကို ​မေ ၂၁ ရက်က​တွေ့ရစဥ်။ ဓာတ်ပုံ-Border News Agency)

မိုခါဆိုင်ကလုန်းဒဏ်ကိုခံခဲ့ရသည့် မြန်မာပြည်သူများကို ယူရို ၁သန်းတန်ဖိုးရှိသော အရေးပေါ်လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ပေးအပ်ရန် ပြင်သစ်အစိုးရက ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

အထူးသဖြင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းများရှိ ပြည်သူများကို အကူအညီများပေးနိုင်ရန် ပြင်သစ်က ယင်းသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံပြင်သစ်သံရုံးက ယနေ့ထုတ်ပြန်သည်။

အလားတူ အမေရိကန်ပြည်ထောင်စုကလည်း ဆိုင်ကလုန်းမိုခါကြောင့် ပျက်စီးဆုံးရှုံးမှုများကို တုံ့ပြန်ဆောင်ရွက်ရန် လူသားချင်းစာနာမှုဆိုင်ရာအကူအညီ အမေရိကန် ဒေါ်လာ ၁၇ သန်းနီးပါးကို ထပ်တိုးကူညီသွားမည်ဟု ယမန်နေ့တွင် ထုတ်ပြန်ကြေညာသည်။

Public Service Announcement
Public Service Announcement

အမေရိကန်သည် ယင်းအကူအညီကို အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှတဆင့် မုန်တိုင်းသင့်ဒေသများတွင် ဆောင်ရွက်လျက်ရှိသည့် မိတ်ဖက်အဖွဲ့အစည်းများကို ပေးအပ်သွားမည်ဖြစ်ပြီး အရေးပေါ် နားခိုစရာ၊ သန့်ရှင်းသောရေရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်ရာတွင် အကူအညီဖြစ်စေနိုင်မည်ဟု ဆိုသည်။ အစောပိုင်းက အမေရိကန်သည် ကယ်ဆယ်ရေးလှုပ်ရှားမှုများကို ကူညီပံ့ပိုးရန် ကနဦးအနေဖြင့် အမေရိကန်ဒေါ်လာ နှစ်သိန်းပေးအပ်မည်ဟု ကြေညာထားသည်။

မိုခါဆိုင်ကလုန်းဘေးဒဏ်သင့်ဒေသများသို့ ကုလသမဂ္ဂအပါအဝင် အနောက်နိုင်ငံများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီလုပ်ဆောင်ရန်ကြိုးပမ်းနေသော်လည်း အာဏာသိမ်းစစ်ကောင်စီ၏ ဟန့်တားမှုနှင့် ခွင့်ပြုချက်စောင့်ဆိုင်းရခြင်းကြောင့် ကြန့်ကြာမှုများနှင့် ရင်ဆိုင်နေရသည်။

ထောက်ပံ့မှုအများဆုံးလိုအပ်လျက်ရှိသည့် လူ့အသိုက်အဝန်းများသို့ အကူအညီပေးသည့်အဖွဲ့အစည်းများ အလွယ်တကူရောက်ရှိနိုင်ရန်နှင့် အကူအညီများပေးအပ်နိုင်ရန် အလွန် အရေးကြီးကြောင်း အမေရိကန်က ထုတ်ပြန်ချက်၌ သတိပေးထားသည်။