Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သီလဝါအထူးစီးပွားရေးဇုန်တွင် ၃ နှစ်အတွင်း ​မြေမ​ရောင်းရဟုဆို

စစ်တပ်အာဏာမသိမ်းခင်က သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံပေါင်း ၂၀ မှ လုပ်ငန်းပေါင်း ၁၁၃ခု လုပ်ကိုင်ခွင့်ပြုထားပြီး လုပ်ငန်း ၈၀ကျော်မှ လုပ်ငန်းများလည်ပတ်နေခြင်းဖြစ်သည်။

(သီလဝါအထူးစီးပွား​ရေးဇုန် ဝင်​ပေါက်ကိုအ​ပေါ်စီးမှမြင်​တွေ့ရမှု။ဓါတ်ပုံ- MTSH)
(သီလဝါအထူးစီးပွား​ရေးဇုန် ဝင်​ပေါက်ကိုအ​ပေါ်စီးမှမြင်​တွေ့ရမှု။ဓါတ်ပုံ- MTSH)

နိုင်ငံအတွင်း ပထမဦးဆုံး နှင့် တစ်ခုတည်းသော အထူးစီးပွားဇုန်ဖြစ်သည့် သီလဝါအထူးစီးပွားဇုန်တွင်ယခု​နောက်ဆုံးသုံးနှစ်အတွင်း မြေယာအသစ်ရောင်းချရမှုမရှိကြောင်း မြန်မာ့သီလဝါအထူးစီးပွားဇုန်ဟိုဒင်း အများပိုင်ကုမ္ပဏီ (MTSH)က ထုတ်ပြန်သည့် အစီရင်ခံစာတွင်ဖော်ပြထားသည်။

ကိုဗစ်ရောဂါနှင့် အခြားမတည်ငြိမ်အသော အခြေအနေများကြောင့် မရောင်းရခြင်းဖြစ်ပြီး ပုံမှန်လည်ပတ်နေသောလုပ်ငန်းများကသာ ကုမ္ပဏီအတွက် ဝင်ငွေရရှိခဲ့သည်ဟု အဆိုပါကုမ္ပဏီကဆိုသည်။ စစ်​အုပ်စုက အာဏာသိမ်းသဖြင့် နိုင်ငံတစ်ဝန်း ခုခံ​​တော်လှန်တိုက်ပွဲများဖြစ်ပွား​နေခြင်း ၊ အာဏာသိမ်းမှု​နောက်ဆက်တွဲ နိုင်ငံ​ရေး၊စီးပွား​ရေး ပြသာနာများ​ကြောင့် ပြည်ပရင်းနှီးမြှပ်နှံမှုများထွက်ခွာသွားခြင်းစ​သောအ​​ခြေအ​နေများကိုမူ​ဖော်ပြထားခြင်းမရှိ​ပေ။

သီလဝါအထူးစီးပွားရေးဇုန်သည်စက်မှုလုပ်ငန်းများအတွက်မြေနေရာများကိုနှစ်ရှည်စာချုပ်ဖြင့် ရောင်းချပြီး စက်မှုလုပ်ငန်းလည်ပတ်ရန် ၂၀၁၃ မေ ၃ ရက်တွင် မြန်မာ-ဂျပန်အစိုးရချင်းပူး​ပေါင်ယထူထောင်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

အထူးစီးပွားရေးဇုန်ကို မြန်မာ-ဂျပန် သီလဝါဖွံ့ဖြိုး​ရေးကုမ္ပဏီ(MJTD)က ပိုင်ဆိုင်ထားပြီး ထိုထဲတွင် MTSHက ရှယ်ယာ ၄၉ ရာခိုင်နှုန်းပါဝင်သည်။

သို့​သော် MJTD ကုမ္ပဏီသည် ၂၀၂၂-၂၃ဘဏ္ဍာရေးနှစ်အတွက် အသားတင်အမြတ်ငွေ ဒေါ်လာ ၂ ဒသမ ၉၅ သန်းရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

“အဓိက နိုင်ငံရေးကြောင့်ဘဲ။ စီးပွားရေးပိတ်ဆို့ကန့်သတ်မှုတွေ၊ ဒေါ်လာကန့်သတ်ချက်တွေ့ကြောင့် ရှိတဲ့ လုပ်ငန်းတွေတောင် အစုအလိုက်အပြုံလိုက်နဲ့ထွက်နေတဲ့အချိန်မှာ လုပ်ငန်းအသစ်ဝင်ဖို့ မဖြစ်နိုင်ဘူးလေ”ဟု ရန်ကုန်အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

စစ်တပ်အာဏာမသိမ်းခင်က သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံပေါင်း ၂၀ မှ လုပ်ငန်းပေါင်း ၁၁၃ခု လုပ်ကိုင်ခွင့်ပြုထားပြီး လုပ်ငန်း ၈၀ကျော်မှ လုပ်ငန်းများလည်ပတ်နေခြင်းဖြစ်သည်။