Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ရာဇဝတ်မှုတွေကျူးလွန်​နေ​တဲ့စစ်တပ်အတွက် ပေမယ့်လေယာဉ်ဆီထောက်ပို့လမ်း​ကြောင်းအသစ်​တွေကိုထပ်မံ​ဖော်ထုတ်​တွေ့ရှိ

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ကလေးတွေ အပါအဝင် အရပ်သားပြည်သူတွေအများအပြားသေဆုံးနေရကြောင်းလည်းမွန်ဆီ ဖာရာကဆက်ပြောပါတယ်။ လေယာဉ်တွေ ဆိုတာက ဆီမရှိရင် ထပျံနိုင်စရာ အကြောင်းမရှိဘူးလို့လည်း သူက​ထောက်ပြပါတယ်။

(တံတားဦး​လေတပ်မှာ၂၀၂၃ ​ဖေ​ဖော်ဝါရီ ၁၀ ရက်ကရပ်ထားတဲ့စစ်တပ်ရဟတ်ယာဥ်​တွေကို ဂြိုဟ်တုပုံရိပ်မှာ​တွေ့ရစဥ်။ဓါတ်ပုံ- ©Maxar Technologies)
(တံတားဦး​လေတပ်မှာ၂၀၂၃ ​ဖေ​ဖော်ဝါရီ ၁၀ ရက်ကရပ်ထားတဲ့စစ်တပ်ရဟတ်ယာဥ်​တွေကို ဂြိုဟ်တုပုံရိပ်မှာ​တွေ့ရစဥ်။ဓါတ်ပုံ- ©Maxar Technologies)

မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုတွေ ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတဲ့စစ်တပ်အတွက် ပြည်ပကနေလေယာဉ်ဆီ တင်သွင်း​​ထောက်ပို့လမ်း​ကြောင်းအသစ်တွေရှိ​နေတယ်လို့Amnesty International ၊Global Witness အဖွဲ့နဲ့Burma Campaign UK တို့က ဒီက​နေ့ထုတ်ပြန်လိုက်ပါတယ်။

အခုအခါမှာစစ်ကောင်စီ အတွက်လေယာဉ်ဆီတင်သွင်းမှု လမ်းကြောင်းတွေမှာ ပါဝင်တဲ့ နောက်ထပ်ကုမ္ပဏီ အသစ်တွေကိုပါ တွေ့မြင်လာရတယ်လို့ ​သူတို့က​ဖော်ထုတ်ထားပါတယ်။

“ တရားမ၀င်လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ်ပြုလုပ်နေတဲ့ မြန်မာစစ်တပ်လက်ထဲရောက်သွားနိုင်ဖွယ်ရှိတဲ့ လေယာဥ်ဆီ တင်ပို့မှုအသစ်တွေကို ကျွန်တော်တို့ ခြေရာခံလိုက်မိထားပါတယ်” လို့ Amnesty Internationalရဲ့ စီးပွားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြံပေးလည်းဖြစ်သု​တေသီလည်းဖြစ်တဲ့မွန်ဆီ ဖာရာက​ပြောကြားပါတယ်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ကလေးတွေ အပါအဝင် အရပ်သားပြည်သူတွေအများအပြားသေဆုံးနေရကြောင်းလည်းမွန်ဆီ ဖာရာကဆက်ပြောပါတယ်။ လေယာဉ်တွေ ဆိုတာက ဆီမရှိရင် ထပျံနိုင်စရာ အကြောင်းမရှိဘူးလို့လည်း သူက​ထောက်ပြပါတယ်။

၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းပြီး ကတည်းက မြန်မာစစ်တပ်ဟာ ဆန့်ကျင်သူကို ရက်ရက်စက်စက် ဖိနှိပ်ခဲ့ပြီး အရပ်သား ပြည်သူတွေကို မြေပြင်ကရော၊ ဝေဟင်ကနေပါတိုက်ခိုက်ခဲ့ပါတယ်။ လေယာဉ်ဆီ အထောက်အပံ့တွေ ရနေသ၍ မြန်မာစစ်တပ်ဟာစစ်ရာဇဝတ်မှုတွေကိုမြိန်ရည်ယှက်ရည်ဆက်လက် ကျူးလွန်နေမှာ ဖြစ်တဲ့အတွက် အဲဒီလို တင်ပို့မှုတွေကို ရပ်တန်းက ရပ်နိုင်ဖို့လိုကြောင်းလည်းဖာရာကထောက်ပြခဲ့ပါတယ်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ Global Witness နဲ့ Burma Campaign UK တို့ဟာ လေကြောင်း လောင်စာဆီ အရောင်းအ၀ယ်မှာ ပါ၀င်တဲ့ ကုမ္ပဏီတွေကို ဖော်ထုတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အရပ်ဘက်လေကြောင်းအတွက် ထောက်ပံ့ရေးပစ္စည်း‌တွေကို စစ်တပ်ဘက်ကို လွှဲပေးထားပါတယ်။ ဒါကို ပြီးခဲ့တဲ့နှစ်က လေကြောင်း လောင်စာဆီ ထောက်ပံ့မှု ကွင်းဆက်တွေ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက်ပြောကြားခဲ့ပါတယ်။

စစ်တပ်က ၂၀၂၂ နှစ်မှာ အနည်းဆုံး လေကြောင်းတိုက်ခိုက်မှု အကြိမ်​ရေ ၆၇၀ ပြုလုပ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်က မှတ်တမ်းတင်ထားတဲ့၅၄ကြိမ်ထက်၁၂ ဆပိုများတယ်လို့ကုလသမဂ္ဂက ဆိုပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး မြောက်ပိုင်းက စာသင်ကျောင်းတစ်ကျောင်းကို ပြီးခဲ့တဲ့ စက်တင်ဘာလက ဝင်ရောက်စီးနင်းတာ အပါအဝင် တိုက်ခိုက်မှုပြုလုပ်တာကြောင့် ကလေး ၁၁ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ဒါဟာ စစ်ရာဇ၀တ်မှုဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

အထက်ပါအဖွဲ့​တွေက ၂၀၂၂ ခုနှစ်မှာ စစ်တပ်​လေယာဥ်ဆီတင်သွင်းတဲ့ လမ်း​ကြောင်းမှာပါဝင်ပတ်သပ်​နေတဲ့ ကုမ္ပဏီအသစ်​တွေကို စုံစမ်း​ဖော်ထုတ်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ ဆစ်ကာဆိပ်ကမ်းက ၂၀၂၂ နိုဝင်ဘာ ၂၂ ရက် ရွက်လွှင့်လာတဲ့ရေနံတင်သင်္ဘော Prime Vက Jet A-1 အဆင့်လေယာဉ်ဆီတွေကို မြန်မာနိုင်ငံ သီလဝါဆိပ်ကမ်း Puma Energy Aviation Sun (PEAS) ဂိတ်မှာ သုံးပတ်ခန့်အကြာမှာ ​ရောက်ရှိလာတာကိုတွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။

အဲဒီ​​လေယာဥ်ဆီတင်သင်္ဘောအ​ရောင်းအဝယ်နဲ့ဆက်စပ်တဲ့ကုမ္ပဏီတွေမှာ Sikka ဆိပ်ကမ်းကိုပိုင်ဆိုင်တဲ့ India’s Reliance Industries၊ Prime V ရဲ့ ပိုင်ရှင်ဖြစ်တဲ့ ဂရိကုမ္ပဏီ Sea Trade Marine နဲ့ အာမခံကုမ္ပဏီ Japan’s P&I Club တို့ပါဝင်​နေပါတယ်။

AIက ဒီကုမ္ပဏီတွေကို ဆက်သွယ်မေးမြန်းခဲ့​ပေမယ့်လည်း Japan P&I Club ကသာ တုံ့ပြန်ခဲ့ပါတယ်။ သူကတော့ သက်ဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လိုက်နာကြောင်းနဲ့သင်္ဘောတစ်စီးဟာတရားမဝင်လုပ်ဆောင်မှုတွေ ပါဝင်နေပါက အာမခံရပိုင်ခွင့်ကို ရပ်စဲနိုင်တယ်လို့ဆိုပါတယ်။ Prime Vကတော့ တုန့်ပြန်တာမရှိခဲ့ပါဘူးလိုဆိုပါတယ်။

အဲတာအပြင် အောက်တိုဘာ ၈ ရက်မှာဘန်ကောက်ဆိပ်ကမ်းရှိ Bangchak ရေနံချက်စက်ရုံကထွက်ခွာလာပြီး တစ်ပတ်ခန့်အကြာမှာတော့သီလဝါကို ရောက်ရှိလာတဲ့ ရေနံတင်သင်္ဘော Big Sea 104 နဲ့ပတ်သပ်ပြီး​တော့လည်း အထောက်အထားတွေကိုလည်းရရှိခဲ့ပါတယ်။

PEAS ဂိတ်ဟောင်းရှိ ကုန်စည်သတင်းအချက်အလက်ကုမ္ပဏီ Kpler ရဲ့ အချက်အလက်​တွေအရအဲဒီသင်္ဘောမှာ ​လေယာဥ်ဆီ အမျိုးအစား Jet A-1 တန်ချိန် ၁၂,၅၉၂ တန်ပါတယ်လိုAmnesty က​ဖော်ပြထားပါတယ်။

Bangchak ရေနံချက်စက်ရုံဟာအများပိုင်စာရင်းဝင် ထိုင်းကုမ္ပဏီ Bangchak Corporation မှ ပိုင်ဆိုင်ပါတယ်။ အခြား ထိုင်းကုမ္ပဏီ Prima Marine က Big Sea 104 ရဲ့ အကျိုးခံစားခွင့်ပိုင်ရှင်ဖြစ်ပါတယ်။ လူဇင်ဘတ်အခြေစိုက် The Shipowners’ P&I Clubကတော့ အာမခံကို ပေးဆောင်ထားပါတယ်။ဒီအချက်အလက်တွေနဲ့ပတ်သပ်ပြီး Amnesty International ရဲ့ မေးမြန်းမှုကို ကုမ္ပဏီတုန့်ပြန်ခြင်းမရှိပါဘူး။

ဒါအပြင်ဆွစ်ဇာလန်နိုင်ငံမှာမှတ်ပုံတင်ထားတဲ့ Puma Energyကုမ္ပဏီက ၂၀၂၂ ခုနှစ်၊အောက်တိုဘာလက မြန်မာနိုင်ငံမှာ လုပ်ငန်းဆောင်ရွက်မှုတွေ ရုပ်သိမ်းသွားခဲ့ပေမယ့်လည်း ရှိရင်းစွဲ လေယာဉ်ဆီတွေကိုတော့ မြန်မာစစ်တပ်အတွက် တင်သွင်းထောက်ပံ့နေတဲ့ ကုမ္ပဏီ တစ်ခုဆီ လက်လွှဲရောင်းချသွားတဲ့ ကိစ္စမျိုးကိုလည်း သတိပြုသင့်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။၂၀၂၂ဒီဇင်ဘာမှာအရောင်းအဝယ်ပြီးစီးခဲ့တဲ့ ဒီရောင်းဝယ်မှုမှာ ဝယ်ယူသူဟာ Asia Sun Aviation ဖြစ်ပြီး နောက်ပိုင်းမှာ Shoon Energy ဖြစ်လာတယ်လို့ Amnesty ကဆိုထားပါတယ်။

Shoon Energy ဟာ Asia Sun စီးပွားရေးလုပ်ငန်းစုရဲ့ လက်အောက်ခံ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ သူဟာ စစ်တပ်ကိုယ်စား လေယာဉ်ဆီ​တွေကို တင်သွင်းကာ စစ်တပ်အတွက် လေဆီများ ဖြန့်ဝေခဲ့ပါတယ်။ စင်ကာပူကုမ္ပဏီ PUMAထွက်ခွာပြီး နောက်ပိုင်းမှာ စစ်တပ်ထိန်းထားတဲ့ မြန်မာ့ရေနံထွက်ပစ္စည်းလုပ်ငန်းနဲ့ ပူးပေါင်းပြီး နိုင်ငံတဝှမ်း လေယာဉ်ဆီ တင်သွင်းဖြန့်ဖြူးခဲ့ပါတယ်။

Amnesty Internationalဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၃ ရက်က Deadly Cargoဆိုတဲ့ နာမည်နဲ့အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ခဲ့ပါ​သေးတယ်။ အဲဒီအစီရင်ခံစာမှာတော့ မြန်မာ စစ်တပ် အသက်ဆက်ဖို့ အဓိက လိုအပ်ချက် တစ်ခုဖြစ်တဲ့ လေယာဉ်ဆီ အရင်းအမြစ်တွေ ထောက်ပံ့ပေးနေတဲ့ ကွန်ရက်မှာ ချိတ်ဆက်နေတဲ့ နိုင်ငံတွေ၊ ဒေသတွေနဲ့ နိုင်ငံတကာ ကုမ္ပဏီတွေအကြောင်း ဖော်ပြထားပါတယ်။

အဲဒီ​ထောက်ပို့လမ်း​​ကြောင်းကွင်းဆက်မှာထိုင်း၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ စင်ကာပူ၊ ဆွစ်ဇာလန်စတဲ့ နိုင်ငံတချို့က ကုမ္ပဏီတွေ၊ ရေနံတင် သင်္ဘောတွေ၊ ရေနံချက် စက်ရုံတွေက မြန်မာစစ်ကောင်စီအတွက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ဘယ်လို အ​ထောက်အပံ့ရစေသလဲ ဆိုတာတွေကို အ​သေးစိပ်ဖော်ပြထားပါတယ်။ Deadly Cargo အစီရင်ခံစာ ထွက်ပေါ်လာတဲ့ နောက်မှာတော့ ကုမ္ပဏီတချို့က မြန်မာနိုင်ငံဆီ လေယာဉ်ဆီ တင်ပို့မှုတွေမှာ သူတို့ရဲ့ လုပ်ငန်းတွေ ပါဝင်ပတ်သက်မှု မရှိအောင် ထိန်းသိမ်း ကန့်သတ်သွားမယ် ဆိုတာမျိုး ထုတ်ပြန်ကြေညာခဲ့ကြပါတယ်။

You May Also Like

သတင်း

စစ်ကောင်စီတပ်၏ ပစ်မှတ်ထားတိုက်ခိုက်မှုများတွင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ချင်းပြည်နယ်တို့ပါဝင်ပြီး CDM သူနာပြု ကျန်းမာရေးဝန်ထမ်းနှစ်ဦးအား အကြမ်းဖက်သတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။

သတင်း

အထက်ပါ စစ်ကောင်စီတပ်ကင်းပုန်းအား တိုက်ခိုက်ရာတွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်ချိန် မိနစ် ၂၀ ခန့်ဖြစ်ပွားခဲ့သော်လည်း တော်လှန်ရေးပူးပေါင်းတပ်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

သတင်း

ဖေဖော်ဝါရီ ၂၆ ရက်နေ့ည ၈ နာရီခွဲခန့်က ဝေါမြို့ ဘုရားပျိုရွာထိပ်တွင် စစ်ကောင်စီတပ်၊ ရဲနှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များစောင့်ကြပ်လျှက်ရှိသူ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်အား ဝေါမြို့နယ် ပ.က.ဖ ရဲဘော်များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဖေဖော်ဝါရီ ၂၄ရက် မွန်းလွဲ၃ နာရီ​ကျော်က မြန်မာ-ထိုင်း နယ်စပ် BP-12 အနီးရှိ စစ်ကောင်စီ၏ ဟွေခမောက်စခန်းသို့ရိက္ခာပို့ဆောင်ရန်လာသော ရဟတ်ယာဉ်တစ်စီးကို ကရင်နီတပ်မတော်အမှတ်(၁)တပ်ရင်းက မြေပြင်မှ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။