Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီးမော့ဆိုတိုက်ပွဲတွင် ကရင်နီ‌တော်လှန်ရေးတပ်ပေါင်းစု ဆေးတပ်မှ ရဲဘော်နှင့် ရဲမေ လေးဦးကျဆုံး

လက်ရှိ ကရင်နီပြည်နယ်တွင် စစ်ကောင်စီက ဘက်ပေါင်းစုံ ထိုးစစ်ဆင်နေပြီး အထူးသဖြင့် ဒီးမော့ဆို အရှေ့ခြမ်းကို တပ်ရင်း (၈)ခုသုံးကာ ထိုးစစ်ဆင်နေသည်။

(ကျဆုံးခဲ့သည့် ရဲဘော်၊ ရဲမေများအား တွေ့ရစဉ်။ ဓာတ်ပုံ - KRU)
(ကျဆုံးခဲ့သည့် ရဲဘော်၊ ရဲမေများအား တွေ့ရစဉ်။ ဓာတ်ပုံ - KRU)

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် တိုက်ပွဲတွင် ကရင်နီ‌တော်လှန်ရေးတပ်ပေါင်းစု၏ Medic Unit (Demoso) ဆေးတပ်ဖွဲ့ မှ ရဲဘော်နှင့် ရဲမေ လေးဦးကျဆုံးခဲ့ကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU)က ယနေ့ ထုတ်ပြန်သည်။

ကျဆုံးခဲ့သည့် ရဲဘော်၊ ရဲမေများသည် တော်လှန်ရေး၏ အရေးပါသော ဆေးကုသရေးကဏ္ဍကို လုပ်ဆောင်နေစဉ်အတွင်း ယမန်နေ့က မြင့်မြတ် စွာ အသက်ပေးလှူသွားခဲ့ခြင်းဟု ဆိုသည်။

(ကျဆုံးခဲ့သည့် ရဲဘော်၊ ရဲမေများအား တွေ့ရစဉ်။ ဓာတ်ပုံ - KRU)
(ကျဆုံးခဲ့သည့် ရဲဘော်၊ ရဲမေများအား တွေ့ရစဉ်။ ဓာတ်ပုံ – KRU)

“အဓိကတော့ လေကြောင်း ရန်ပေါ့။ နေရာနဲ့ ဖြစ်စဥ်ကိုတော့ လက်ရှိအထိတိုက်ပွဲအခြေအနေကြောင့်မပြောနိုင်သေးဘူး”ဟု KRU တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ရဲဘော်၊ ‌ရဲမေ လေးဦး၏ တော်လှန်ရေး၌ ထားရှိခဲ့သော သစ္စာတရားများကို လေးစားလျက် ယနေ့ နာရေးအခမ်းအနား ပြုလုပ်ခဲ့ကြောင်း အသိပေးသည်။

မြင့်မြတ်စွာအသက်ပေးလှူ‌သွား‌ သော Medic Unit (Demoso) ဆေးတပ်ဖွဲ့ ရဲ‌ဘော်၊ရဲမေများအား တော်လှန်ရေး၏ အာဇာနည်သူရဲကောင်းများအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုကြောင်းလည်း ထုတိပြန်ချက်၌ ဖော်ပြသည်။

လက်ရှိ ကရင်နီပြည်နယ်တွင် စစ်ကောင်စီက ဘက်ပေါင်းစုံ ထိုးစစ်ဆင်နေပြီး အထူးသဖြင့် ဒီးမော့ဆို အရှေ့ခြမ်းကို တပ်ရင်း (၈)ခုသုံးကာ ထိုးစစ်ဆင်နေသည်။

ထို့အပြင် ရှမ်း-ကယားနယ်စပ် ဖယ်ခုံနှင့် မိုးဗြဲ မြို့များတွင် နေ့စဥ်ထိတွေ့မှုများရှိနေပြီး နှစ်ဖက် ထိခိုက်မှုများ ရှိသည်။