Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျွန်းစုမြို့နယ်တွင် စက်​လှေဖြင့်လာ​သောစစ်တပ်ကို​တော်လှန်​ရေးအဖွဲ့များတိုက်ခိုက်

ဘဒ္ဒနဲကျေးရွာအနီးတွင် ပြီးခဲ့သည့် မတ်လအတွင်းက ရေကြောင်းတိုက်ပွဲတစ်ခု၌ စစ်ကောင်စီဘက်က လေးဦးသေဆုံးသွားခဲ့ကြောင်း ​ဒေသခံနှင့် ပြည်သူ့ကာကွယ်​ရေးအဖွဲ့များက​ပြောသည်။

(ကျွန်းစုမြို့နယ်ကို Google Map တွင်​တွေ့ရပုံ)
(ကျွန်းစုမြို့နယ်ကို Google Map တွင်​တွေ့ရပုံ)

တနင်္သာရီတိုင်းကျွန်းစုမြို့နယ်အတွင်း စစ်ကြောင်းထိုးရန် ရေကြောင်းမှ စက်လှေဖြင့်လာသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့တနင်္သာရီစစ်ဒေသခွဲ စစ်ရေးတာဝန်ခံက​ပြောသည်။

မေလ ၂၆ရက် နေ့လယ် ၁နာရီခန့်က အင်အား ၂၀ ခန့်လိုက်ပါလာသော စစ်ကောင်စီစက်လှေတစ်စီးကို ကျွန်းစုမြို့နယ် ဘဒ္ဒနဲကျေးရွာအနီးတွင် ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြိတ်ခရိုင်တပ်ရင်း (၂)နှင့် တနင်္သာရီ ကာကွယ်ရေးပြောက်ကျားအဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“စက်လှေတစ်စင်းတက်လာတယ်။ ဒါကို ကျွန်းစု ပကဖရယ်၊ မိခင်တပ်ရင်း၂ရယ်၊ တနင်္သာရီ ပကဖရယ်ကတိုက်ခိုက်ခဲ့တယ်” ဟု တနင်္သာရီစစ်ဒေသခွဲ စစ်ရေးတာဝန်ခံက People’s Spring သို့ပြောသည်။

တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှထိခိုက်မှုကိုအသေးစိတ်မပြောနိုင်သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ထိခိုက်မှုလုံးဝမရှိခဲ့ကြောင်း ၎င်းက ဆက်​ပြောသည်။

တနင်္သာရီတိုင်းအတွင်းကမ်းရိုးတန်းထိစပ်ဒေသများတွင် မြေပြင်တိုက်ပွဲများ၌ စစ်ကောင်စီတပ်က အထိနာပြီးနောက် ရေကြောင်းမှ အင်အားဖြည့်နေသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။ ရေ‌​ကြောင်းမှ အင်အားဖြည့်တင်းနေသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ​ရေ​ကြောင်းမှမကြာခဏတိုက်ခိုက်နေသည်။

ဘဒ္ဒနဲကျေးရွာအနီးတွင် ပြီးခဲ့သည့် မတ်လအတွင်းက ရေကြောင်းတိုက်ပွဲတစ်ခု၌ စစ်ကောင်စီဘက်က လေးဦးသေဆုံးသွားခဲ့ကြောင်း ​ဒေသခံနှင့် ပြည်သူ့ကာကွယ်​ရေးအဖွဲ့များက​ပြောသည်။