Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KNU တပ်မဟာ ၆ နယ်မြေက ရွာ ကို စစ်ကောင်စီတပ် လက်နက်ကြီးနဲ့လှမ်းပစ်

လက်နက်ကြီး ကျည် ၂ လုံး ရွာထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၅ နှစ်အရွယ်ကလေးနဲ့ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရသွားပါတယ်။

ကရင်ပြည်နယ် ၊ကော့ကရိတ်ခရိုင်၊ ကျုံဒိုးမြို့ထဲက ကော့ကာရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်လို့ ကလေး ၁ ဦးအပါအဝင် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ KNU က ထုတ်ပြန်ပါတယ်။

KNU တပ်မဟာ ၆ နယ်မြေထဲမှာရှိတဲ့ ကော့ကာရွာထဲကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ က ကျုံဒိုးမြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၅၄၆ ခြေမြန်တပ်ရင်းက လက်နက်ကြီးနဲ့ လှမ်းပစ်တာလို့ KNU က ဒီနေ့မှာ ထုတ်ပြန်တာပါ။

KNU တပ်မဟာ ၆ နယ်မြေက ရွာ ကို စစ်ကောင်စီတပ် လက်နက်ကြီးနဲ့လှမ်းပစ်
KNU တပ်မဟာ ၆ နယ်မြေက ရွာ ကို စစ်ကောင်စီတပ် လက်နက်ကြီးနဲ့လှမ်းပစ်

လက်နက်ကြီး ကျည် ၂ လုံး ရွာထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၅ နှစ်အရွယ်ကလေးနဲ့ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရသွားပါတယ်။

ဒါအပြင် နေအိမ် ၆ လုံးလည်း ထိခိုက်ပျက်စီးတယ်လို့ KNU ဆိုပါတယ်။

KNU တပ်မဟာ ၆ နယ်မြေက ရွာ ကို စစ်ကောင်စီတပ် လက်နက်ကြီးနဲ့လှမ်းပစ်
KNU တပ်မဟာ ၆ နယ်မြေက ရွာ ကို စစ်ကောင်စီတပ် လက်နက်ကြီးနဲ့လှမ်းပစ်

KNU ရဲ့စာရင်းအရ အခုမေလမှာတင် ကော့ကာရွာဟာ လက်နက်ကြီးနဲ့ပစ်ခတ်ခံရလို့ ဒေသခံ ၆ ဦး ဒဏ်ရာရခဲ့သလို နေအိမ် ၁၀ လုံးပျက်စီးခဲ့ရတယ်လို့သိရပါတယ်။