Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

NUGက Pale Jokers PDFအား မောင်းပြန်သေနတ်ငါးလက် တပ်ဆင်ပေး

တော်လှန်ရေးအောင်မြင်သည်အထိ တိုက်ပွဲများ ဆက်လက်ဖော်ဆောင်ကာ စစ်ကောင်စီကို တိုက်ခိုက်မည်ဟုလည်း ယင်းမာပင်ခရိုင်တပ်ရင်း- ၁၉(Pale Jokers PDF)က ကတိပြုထားသည်။

(NUGက တပ်ဆင်ပေးသည့် မောင်းပြန်သေနတ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - Pale Jokers PDF)
(NUGက တပ်ဆင်ပေးသည့် မောင်းပြန်သေနတ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - Pale Jokers PDF)

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက မောင်းပြန်သေနတ် ငါးလက် တပ်ဆင်ပေးလာကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း – ၁၉(Pale Jokers PDF)ခေါင်းဆောင် ကိုပုလဲက လူထုနွေဦးသို့ ပြောသည်။

ဇွန်လ ၁ရက်တွင် ယင်းမာပင်ခရိုင်တပ်ရင်း- ၁၉(Pale Jokers PDF)အား သေနတ် ငါးလက်၊ကျည်​ဘောက် ၁၅ခုနှင့် ကျည် ၅၀၀တို့ကို ရင်းစောင့်အဖြစ် တပ်ဆင်ပေးအပ်ခဲ့ခြင်းဟု ဆိုသည်။

“ယင်းမာပင်ခရိုင် တပ်ရင်းတွေအနေနဲ့ အရင်ကတည်းက ရထားပြီးသားတွေရှိတယ်။ကျွန်တော် တို့ တပ်ရင်းအနေနဲ့ ပထမဆုံးရတာ။NUGကို ကျေးဇူးတင်တယ်။ရဲဘော်တွေလည်း အတိုင်းမသိ စိတ်အားတက်စေခဲ့တယ်”ဟု ကိုပုလဲက ပြောသည်။

သို့သော် တပ်ရင်းစုဖွဲ့မှုနှင့် ယခင်ရှိပြီး လက်နက်အရေအတွက်အပါအဝင် လက်ရှိထောက်ပံ့ခဲ့သည့် လက်နက်အရေအတွက်မှာ ပြည့်စုံခြင်းမရှိသေး၍ ထပ်မံဖြည့်တင်းရန် ကြိုးပမ်းနေသည်ဟု ၎င်းက အသိပေးသည်။

ထို့ကြောင့် ပြည်သူများမှလည်း ကျည်ဖိုး၊ ယမ်းဖိုးများ ဆက်လက်လှူဒါန်းပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။

တော်လှန်ရေးအောင်မြင်သည်အထိ တိုက်ပွဲများ ဆက်လက်ဖော်ဆောင်ကာ စစ်ကောင်စီကို တိုက်ခိုက်မည်ဟုလည်း ယင်းမာပင်ခရိုင်တပ်ရင်း- ၁၉(Pale Jokers PDF)က ကတိပြုထားသည်။