▪︎မန္တလေး PDF စစ်ဦးစီးအဖွဲ့ဝင်ကိုမုန်တိုင်းနဲ့မေးမြန်းခန်း(အပိုင်း-၃)
မေး-MDY-PDF က တပ်ရင်းမှူး ၊တပ်ဖွဲ့ခေါင်းဆောင်ဆိုတာမျိုး ပုဂ္ဂိုလ်တစ်ဦး ၊နှစ်ဦးကနေ ဦးဆောင်တာမျိုးမဟုတ်ဘဲ စစ်ဦးစီးအဖွဲ့က ဦးဆောင်နေတာတွေ့ရပါတယ် ။ဘာကြောင့်ပါလဲ။
ဖြေ -တပ်ရင်းမှူးတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ ခုနက ပြောသလို military institution တစ်ခုကို တည်ဆောက်တဲ့အခါ ရှိသင့်ရှိထိုက်တဲ့ အဆင့်ဆင့်ကွပ်ကဲမှုပုံစံ တည်ဆောက်ထားပါတယ်။ ဒါလေးကိုနည်းနည်းလေးအကျယ်ချဲ့ပြောပြရရင် ကျွန်တော်တို့က ၂၀၂၁ မတ်လ ထဲမှာ မြို့ပြပြောက်ကျားလှုပ်ရှားမှု စတင်လုပ်ဆောင်ခဲ့တာဖြစ်သလို ဗျူဟာမြောက်တိုက်ပွဲတွေ ဖော်ဆောင်ဖို့တပ်ရင်းတပ်မတွေ စုဖွဲ့ရမယ်ဆိုတဲ့ စဥ်းစားချက်ဖြစ်လာခဲ့တယ်။ကျွန်တော်တို့အများစုက လူငယ်အများစု ဦးဆောင်တယ်။ စစ်ဦးစီးအဖွဲ့ဝင်တွေ ဆိုရင်လည်း လွှတ်တော် ကိုယ်စားလှယ်၊ ဆရာဝန် စသည်ဖြင့် အလွှာအသီးသီး နယ်ပယ်အသီးသီးကတော်လှန်ရေးအပေါ်မှာ ခံယူချက် ခိုင်မာတဲ့ လူတွေပါဝင်တယ်။ ပညာရပ်ပိုင်းဆိုင်ရာလေ့လာမှုအားသန်ကြတဲ့သူတွေအများစု တတ်ကျွမ်းတယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့က စစ်စည်းမျဥ်းစည်းကမ်းတွေလိုက်နာရမယ်၊ ကျင့်ဝတ်တွေ လိုက်နာနိုင်ရမယ်။ အမိန့်နာခံမှုအားကောင်းတဲ့ တပ်မတော်တစ်ရပ် တည်ဆောက်နိုင်ဖို့ အတွက်ဆိုရင် ကျွန်တော်တို့က အင်စတီကျူးရှင်းတစ်ခုကိုအရင် တည်ဆောက်ရပါလိမ့်မယ်။ COC နှစ်ရပ် အသက်ဝင်ဖို့ဆိုပြီး ဒီအတိုင်းပဲ ကြွေးကြော်နေလို့ အော်နေလို့မရဘူး။ဒီ COC နှစ်ရပ်ကို အသက်သွင်းနိုင်ဖို့အတွက် ဆိုရင် သူ့ရဲ မူဘောင်တွေ ၊သူ့ရဲ စည်းမျှဥ်းစည်းကမ်းတွေ ၊သူရဲ့ အဖွဲ့အစည်းသဘောတရားတွေရှိနေမှ ဒီ COC နှစ်ရပ်က အသက်သွင်းလို့ရမှာပေါ့ ။
အဲလိုမျိုး အဖွဲ့အစည်းကို စနစ်တကျ မတည်ဆောက်ဘဲနဲ့ COC နှစ်ရပ်အသက်ဝင်အောင်လုပ်မယ်ဆိုရင်က ။ကျွန်တော်တို့က COC နှစ်ရပ်ဆိုတဲ့ကိစ္စ ကြားလို့တော့အရမ်းကောင်းတယ် နားဝင်လည်းချိုတယ်၊ ကျင့်ဝတ်တွေလိုက်နာရမယ် စစ်စည်းမျှဥ်းစည်းကမ်းတွေ ကိုလေးစားရမယ် ခါးဝတ်ပုဆိုးကဲ့လိုမြဲရမယ် ၊ပြည်သူကိုဘယ်လိုထားရမယ်ဆိုတဲ့ကိစ္စ။ ဒါပေမယ့်လို့ ဟုတ်ပြီ ဖောက်ဖျက်ပြီဆိုရင်ရော ဘယ်သူက ဘာနဲ့အရေးယူမှာလဲ ။ ဒါမျိုးတွေက အစ စဥ်းစားဖို့လိုပါတယ် ။အဲတော့ လိုက်နာ နိုင်အောင်ကအစ ကျွန်တော်တို့မှာ တည့်မတ်ပေးနိုင်မယ့်အင်စတီကျူးရှင်းကိုတည်ဆောက်ဖို့လိုပါတယ်။
အဲတော့ ကျွန်တော်တို့က Military အင်စတီကျူးရှင်းကိုအရင်တည်ဆောက်ပါတယ် ဒါကိုတည်ဆောက်တဲ့အခါမှာလည်း တိုက်ခိုက်မှုမျိုးစုံနဲ့ကြုံရတယ် ။ကျွန်တော်တိူ့တွေ တပ်တည်ဆောက်ရေးတွေ လုပ်နေတဲ့ကာလမှာကျွန်တော်တို့ဆို တော်တော်ဝေဖန်တိုက်လိုက်မှုတွေများပါတယ် ။ ခြေထိုးခံရတာတွေတော်တော်များပါတယ် ။အဓိကကတော့ မင်းတို့တွေက တပ်တည်ဆောက်ရေးပဲလုပ်တော့မှာလား ။စစ်မတိုက်တော့ဘူးလား ။အလှူခံပြီးတော့ပဲစားနေတာလား စသဖြင့်ပြင်းထန်တဲ့စကားလုံးတော်တော်များပါတယ် ။ထားပါတော့ ဆိုလိုချင်တာက ကျွန်တော်တို့ ဘာကြောင့် ဒါကိုတည်ဆောက်လဲလည်းပြောရင် အခုသပြေညိုစစ်ဆင်ရေးလိုဟာမျိုးတွေကအစ လုပ်လာနိုင်ခဲ့တာ ဒီလိုအင်စတီကျူးရှင်းကိုစနစ်တကျ တည်ဆောက်ခဲ့လို့ ။ တစ်ကယ်ကို စစ်တပ်ရဲ့ အသဲနှလုံး လို့ပြောလို့ရတဲ့ ပြင်ဦးလွင် မေမြို့နားငါးမိုင်လောက်ပဲ လိုတဲ့နေရာလောက်မှာ စစ်ပွဲကို ရက် ၂၀ လောက်အထိ့ဆင်နွှဲနိုင်ခဲ့တာ ။ဒါက အင်စတီကျူးရှင်းတစ်ခုကို တည်ဆောက်တာရဲ့ အကျိုးရလဒ်ပဲ ။ ဆိုလိုချင်တာက ကျွန်တော်တို့အင်စတီကျူးရှင်းကို တည်ဆောက်တဲ့အခါမှာအဆင့်ဆင့် ကွပ်ကဲမှုကိုလုပ်ရမယ် တာဝန်ယူမှုတာဝန်ခံမှုသဘောတရားတွေလည်းပေါ်လွင်ရမယ် ဆိုပြီးတော့စဥ်းစားပါတယ်။ ကျွန်တော်တို့လေ့လာဖြစ်တဲ့အခါမှာ စစ်ကော်မရှင် တော့ မလုပ်နိုင်သေးဘူး ၊ဒါပေမယ့် ကျွန်တော်တို့မှာ စစ်ဦးစီးအဖွဲ့ ။ ကျွန်တော်တို့ MDY-PDF မှာ အမြင့်ဆုံးကတော့ ကာကွယ်ရေးဝန်ကြီးဌာန သည် ကျွန်တော်တို့ရဲ့ မူရင်း ။ကျွန်တော်တို့ သစ္စာခံထားတာက အမျိုးသားညီညွတ်ရေးအစိုးရ ။ဒါပေမယ့် ကျွန်တော်တို့မှာလည်း သီးသန့် စစ်ဦးစီးအဖွဲ့ဆိုတာမျိုးရှိရမယ် တာဝန်ယူမှု တာဝန်ခံမှုအရ ။အဲတော့ကျွန်တော်တစ်ဦးတစ်ယောက်တည်းက ပဲ အကုန်လုံးကို centralized လုပ်ပြီး တစ်ဦးတည်းကနေပဲ ဆုံးဖြတ်နေတာမျိုးမဟုတ်ဘူးပေါ့ ။
အဲတော့တပ်ဖွဲ့တည်ဆောက်တဲ့ ကိစ္စတွေကအစ စစ်ဆင်ရေးကိစ္စတွေအဆုံး တာဝန်ယူမှု တာဝန်ခံမှုသဘောတရားအရ တစ်ယောက်တည်းကနေပဲ ဆုံးဖြတ်တာမျိုးမဟုတ်ဘဲနဲ့ စစ်ဦးအဖွဲ့ကနေ ဆုံးဖြတ်တာ မျိုး အဓိကထားလုပ်ပါတယ် ။ တစ်ခုခု လွဲချော်ခဲ့တယ်ဆိုရင်တောင် တစ်ယောက်တည်းအပေါ်မှာ အပြစ်ပုံချလို့မဟုတ်ဘူး ဒါတရားလည်းမတရားဘူးပေါ့ ။အဲတော့ အစုအဖွဲ့နဲ့ တာဝန်ယူမှု တာဝန်ခံမှုလုပ်တဲ့သဘောမျိုးပါပဲ ။နောက်တစ်ခုကCollective leadership-စုပေါင်းခေါင်းဆောင်မှုလို့လည်းပြောရတယ် ။အဲလိုပဲ ကျွန်တော်တို့မှာ စစ်ဦးစီးအဖွဲ့ရှိတယ် ။အလုပ်အမှုဆောင် CWC ဆိုတာမျိုးရှိတယ် နောက်ထပ် လုပ်ငန်းကော်မတီဆိုတာမျိုးရှိတယ်။ ဒါကတော့အစုအဖွဲ့နဲ့ ပါဝါကို ဒီစင်ထရယ်လိုက်ဇ်လုပ်တာပေါ့။ အဲတော့ တက်နိုင်သမျှပါဝါချုပ်ကိုင်မှုကိုလျှော့ချတယ် ။ Check and Balance (အပြန်အလှန်ထိန်းကျောင်းမှု) သဘောတရားကိုပေါ်လွင်အောင် အင်စတီကျူးရှင်းကိုတည်ဆောက်ထားတယ် ။အဲလိုပဲစစ်ဘက်ဆိုင်ရာမှာဆိုလည်းကျွန်တော်ကတော့ စစ်ဆင်ရေးနဲ့ စုဖွဲ့မှု တာဝန်ခံ အဲတာပြီးရင် ကျွန်တော့မှာ ကွပ်ကဲရေးမှူးတွေရှိတယ် ။ ပြီးရင်လက်ထောက်ကွပ်ကဲရေးမှူးတွေရှိတယ် ရင်းမှူးတွေရှိတယ် ခွဲမှူးတွေ ရှိတယ် ။ ဒါမျိုးပေါ့ အဆသ့်ဆင့်ကွက်ကဲမှု သဘောတရားကို သေချာလေးတည်ဆောက်ထားပါတယ်။ အဓိကကတော့ သေချာလေးလုပ်ထားတာ ဘာကြောင့်လဲလို့ပြောရင် အဓိကကတော့ Chain of Commend တွေ ၊COC နှစ်ရပ်အသက်ဝင်ရေး ဒါကိုစနစ်တကျတည်ဆောက်ချင်တဲ့အတွက်ကြောင့်မို့ ပြောလိုလရတယ် ။တစ်ကယ့်ကို အမိန့်ပေးကွပ်ကဲ မှု စနစ်တကျ ဖြစ်နေဖို့အရေးကြီတယ် ။ဒီတော်လှန်ရေး အောင်မြင်ဖို့အတွက်ဆိုရင် တစ်ကယ့်ကို Military အင်စတီကျူးရှင်း ဆန်ဆန် ဖွဲ့စည်းတည်ဆောက်ပြီးတော့ နှစ် ပေါင်း၇၀ စစ်တိုက်စားလာတဲ့ စစ်တပ်ကိုရင်ဆိုင်ဖို့အတွက်ဆိုရင် သေချာပြင်ဆင်ထားဖို့လိုအပ်တယ် ။ဒါကြောင့်မို့ သေချာစနစ်တကျ တည်ဆောက်ထားပါတယ် ။
မေး- ကိုမုန်တိုင်း MDY-PDF စစ်ဦးစီးအဖွဲ့မှာပါဝင်ပြီး စစ်ကောင်စီကိုဦးဆောင်တိုက်ခိုက်နေတာတွေ့ရပါတယ်။နွေဦးတော်လှန်ရေးမှာ ပါဝင်လာပုံနဲ့ ပြည်သူ့ကာကွယ်တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့ပုံပြောပြပေးပါလား။
ဖြေ- အဓိက ကတော့ကျွန်တော့ရဲ့ ပါဝင်မှု ဖြတ်သန်းမှုကတော့ ကျွန်တော်က CSO ၊ NGO base ကနေ လာတယ်လို့ပြောရပါတယ်။ ကျွန်တော်မန္တလေးမြို့မှာ ကနောင် အင်စတီကျု ဆိုပြီးတော့ လူငယ်တွေစုပေါင်းပြီးတော့မှ အဖွဲ့လေးတစ်ခုထောင်ပြီးတော့ မန္တလေးတိုင်းလွှတိတော်ကို ၊ တိုင်းဒေသကြီးလွှတ်တော်တွေ အားကောင်းလာဖို့ အတွက်ကို ကူညီပံ့ပိုးတဲ့လုပ်ငန်းတွေလုပ်တယ် ။ အဓိက ကတော့ သုတေသန လုပ်ငန်းတွေအဓိကထားပြီးတော့လုပ်ပါတယ် ။အဲလိုပဲ ကျွန်တော်တို့ရွေးကောက်ပွဲလေ့လာစောင့်ကြည့်တဲ့လုပ်ငန်းတွေလည်းလုပ်ခဲ့ပါတယ်။
အာဏာသိမ်းမှုနောက်ပိုင်းမှာ စစ်ကျောင်းရှေ့မှာ ဆန္ဒပြဖို့အတွက်စုဝေး ဖြစ်တယ် အစည်းအဝေးတွေလုပ်ဖြစ်တယ် ။ကျွန်တော်တို့တွေ A Plan ၊ B Plan ဆို ဆွဲပြီးတော့မှ ပထမဆုံးကျော်ဖြတ်ရတာ ၇၂ နာရီ ဂျင်းပေါ့ ။ပြည်သူတစ်ရပ်လုံးက ၇၂ နာရီ ဂျင်းကိုယုံနေကြတဲ့အချိန်မှာ ဒီကြားထဲမှာကျွန်တော်တို့တွေ ဆန္ဒထွက်ပြဖို့ သေချာစဥ်းစားဖြစ်ပါတယ် ။ အာဏာသိမ်းပြီဆိုမှတော့ ၇၂ နာရီစောင့်ဖို့ ၊မစောင့်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး ။အဲတော့ ငါတို့တွေ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဖို့ လိုအပ်တယ် ။လိုအပ်တဲ့အချိန်မှာ ငါတို့တွေ ဆန္ဒထွက်ကိုပြရမယ် ။ ဆန္ဒထွက်ပြတဲ့အခါမှာ ငါတို့တွေ ဖမ်းဆီးခံရတာမျိုးတွေရှိနိုင်တယ် ။ အဲဒီမှာ ပထမ ဘယ်သူဖမ်းဆီးခံမလဲ ၊ဒုတိယဘယ်သူဖမ်းဆီးခံမလဲ တတိယဘယ်သူဖမ်းဆီးခံမလဲ ဆိုတာမျိုးတွေအထိကျွန်တော်တို့တွေ ပြင်ဆင်ဖြစ်ပါတယ် ။ ကျွန်တော်လည်းအဲဒီထဲမှာ အပါအဝင်ပေါ့ ဒါကတော့ စတင်ပြီးတော့ စစ်အာဏာရှင် ဆန့်ကျင်ရေးမှာ ပထမဦးဆုံးသပိတ် တိုက်ပွဲတွေနဲ့ စတင်ကျွန်တော်ပါဝင်ဖြစ်ခဲ့တာ ။
အဲဒီနောက်ပိုင်းတော့ ကျွန်တော်စောစောက ဖြေခဲ့သလိုပဲ သပိတ်တိုက်ပွဲတွေနဲ့တင်အဆင်မပြေတော့ဘူး။ဒို့တစ်တွေ လက်နက်ကိုင်တော်လှန်ရေးကို ဆက်လက်ပြီးတော့ လုပ်ဆောင်မှ ဖြစ်တော့မယ် ဆိုတဲ့အခါမှာလည်း ကျွန်တော် လက်နက်ကိုင်တော်လှန်ရေးကို သေချာစဥ်းစားပြီးမှ ဆုံး
ဖြတ်ချက် ချဖြစ်ပါတယ် ။ အဓိကကတော့ကျွန်တော်တို့တွေ စ စဥ်းစားကတည်းက သွေးဆာနေလို့ လက်နက်ကိုင်တော်လှန်ရေးကို လုပ်တာမဟုတ်ဘူး။ လူသားဆန်တဲ့ တပ်မတော်တရပ်ကို တည်ဆောက်ကြမယ်ဆိုတဲ့စဉ်းစားချက်ကို စဉ်းစားမိပါတယ်။ ပြည်သူထိခိုက်မှု အနည်းဆုံးနဲ့ ဒီတော်လှန်ရေးဟာ အချိန်တိုအတွင်းမှာ အမြန်ဆုံးပြီးနိုင်ဖို့ အဓိက ဦးတည်ပြီးဆောင်ရွက်ကြမယ်ဆိုပြီး ဆောင်ရွက်ချင်တဲ့သူတွေဒီတပ်ရင်း၊တပ်မစုဖွဲ့မှုစတင်ပြီးလုပ်ဖြစ်တယ်လို့ပြောလို့ရပါတယ်။
မေး-အခု စစ်ကောင်စီတပ်စွဲထားတဲ့ မန္တလေး နန်းတော်မှာ မန္တလေး PDFက တပ်စွဲမယ်ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ ပထမဆုံး ကမ်ပိန်းလုပ်နေတာတွေ့တယ်။ ပြည်တော်ဝင်ကမ်ပိန်းနဲ့ပတ်သက်ပြီး ပြည်သူတွေကိုဘာများပြောချင်ပါလဲ။
ဖြေ- အဓိကကတော့ပြည်တော်ဝင်ပရောဂျက်ကိုဘာကြောင့်လုပ်ဖြစ်သလဲဆိုရင် ခုနက ပြောခဲ့သလိုပေါ့ ကျွန်တော်တို့ သပြေညိုစစ်ဆင်ရေးက မန္တလေးတိုင်းထဲ ဝင်ရောက်ဖို့အတွက် ကနဦး ထိုးစစ်လို့တောင်ပြောလို့ရပါတယ်။ အဲဒီတော့ ဒီလို ထိုးစစ်ဆင်တဲ့နေရာမှာ မန္တလေးတိုင်းသည် စစ်ကောင်စီရဲ့နောက်ဆုံးခံတပ်ဖြစ်တဲ့အခါမှာ အလုံးအရင်းနဲ့ ပိတ်ဆို့ဝန်းရံထားတဲ့နေရာတစ်ခုပါ။ အဲဒီလို အလုံးအရင်းနဲ့ ဝန်းရံပိတ်ဆို့ထားတဲ့နေရာတစ်ခုကို ထိုးဖောက်ဝင်ရောက်နိုင်ဖို့အတွက်ဆိုရင် ကျနော်တို့မှာ လိုအပ်တဲ့ ပြင်ဆင်မှုတွေလုပ်ရပါတယ်။ အဓိက အရေးကြီးဆုံးက လက်နက်ခဲယမ်း ဖြည့်တင်းမှုပါ။ လိုအပ်တဲ့ လက်နက်ကြီးတွေကအစ ဖြည့်တင်းဖို့လိုအပ်ပါလိမ့်မယ်။ အဲဒီတော့ ဒီနှစ်သည် တက်နိုင်သမျှ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ကြွေးကြော်ထားတဲ့အတိုင်း တသံတည်းညီ တချီတည်းရုန်းဆိုသလိုပဲပေါ့ ဒီ ၂၀၂၃မှာ တက်နိုင်သမျှ ဒီနှစ်မှာ အဆုံးအဖြတ် တိုက်ပွဲတွေ ဗျူဟာမြောက်တိုက်ပွဲတွေ ကျွန်တော်တို့ ဆင်နွှဲချင်တယ်။
အဲဒီတော့ မန္တလေးတိုင်းထဲကို တက်နိုင်သမျှ ထိုးဖောက်ဝင်ရောက်ချင်တယ်။ ဒီလို မန္တလေးတိုင်းထဲကို ထိုးဖောက်ဝင်ရောက်နိုင်ဖို့ မန္တလေးမြို့မှာ အခြေစိုက်တဲ့နန်းတွင်းထဲမှာ အခြေစိုက်တဲ့ လပခ(အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်)ဌာနချုပ်နေရာ MDY-PDF ရဲ့ဌာနချုပ်ဖြစ်နိုင်ဖို့ အတွက်ဆိုရင် စစ်ဆင်ရေးတွေ ပြင်းပြင်းထန်ထန်လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ အဲဒီလို လုပ်ဆောင်နိုင်ဖို့ကျွန်တော်တို့မှာ လိုအပ်တဲ့ လက်နက်ခဲယမ်း မဖြစ်မနေကို ဖြည့်တင်းရပါလိမ့်မယ်။ လက်နက်ခဲယမ်းဖြည့်တင်းနိုင်ဖို့ဆိုတာ ပိုက်ဆံရှိမှရမယ်။ ပြည်သူလူထုထံက အကူအညီတောင်းတာလည်း တော်တော်လေးကို အားလည်းနာပါတယ်။ တကယ်ကို ပြည်သူလူထုရဲ့ စွှန့်လွှတ်အနစ်နာခံမှုက ကျွန်တော်တို့ထက်လည်း အများကြီး လို့ပြောလို့ရပါတယ်။ ပြည်သူလူထုကဒီလောက်အနစ်နာခံပြီး ဒီလောက်လုပ်ဆောင်လာလို့သာ ဒီတော်လှန်ရေးက ဒီနေ့ဒီအချိန်အထိ အပြောင်းအလဲအများကြီး လုပ်ဆောင်နိုင်ခဲ့တာပေါ့။ အဲဒီကနေ ကျွန်တော်တို့က ပြည်တော်ဝင်ပရောဂျက်ကို ထပ်ပြီး အကူအညီတောင်းရတာ တကယ်တန်းပြောရရင်တော်တော်လေးလည်းအားနာဖို့ကောင်းရပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ တော်လှန်ရေးအမြန်ဆုံးပြီးနိုင်ဖို့ဆိုရင် ကျွန်တော်တို့ ဗျူဟာမြောက်တိုက်ပွဲတွေ ဆင်နွှဲနိုင်ဖို့ဆိုရင် ဒီ လိုအပ်တဲ့လက်နက်ခဲယမ်း ဖြည့်တင်းမှုတွေမဖြစ်မနေလုပ်ဆောင်ရပါလိမ့်မယ်။ အဲဒီလို လုပ်ဆောင်နိုင်ဖို့က ပြည်သူရဲ့ ကူညီပံ့ပိုးမှုမပါဘဲနဲ့ လုပ်ဆောင်လို့မရပါဘူး။ အဲဒီအတွက်ကြောင့် ပြည်တော်ဝင် ပရောဂျက်ဆိုပြီး ကျွန်တော်တို့ လုပ်ဖြစ်ပါတယ်။
အဓိကတော့ ဒီပရောဂျက်က စနေပါပြီ။ ကမ်ပိန်းက ၂၅ရက်မေကနေ ဇွန်လ ၈ရက်နေ့အထိ စပါမယ်။အဓိကကတော့ကျွန်တော်တို့ ရဲ့ကမ်ပိန်း ပရောဂျက် Targetကတော့ သိန်းလေးထောင်ဖြစ်တယ်။ ကျွန်တော်တို့ MDY-PDFက စတင်စုဖွဲ့ပြီး နှစ်နှစ်ခွဲကျော်ကာလအတွင်းမှာ ပြည်သူကို တိုက်ရိုက်အလှူခံတဲ့ဟာမျိုးတွေကျွန်တော်တို့ မလုပ်ဖူးပါဘူး။ ဒါပထမဆုံး လုပ်ခြင်းဖြစ်ပါတယ်။ အမှန်တိုင်းပြောရရင်တော်တော်လေးလည်းအားတော့ ငယ်ပါတယ်။ အလှူငွေမရမှာလည်း စိုးရိမ်ပါတယ်။ ဘာကြောင့်အလှူငွေမရမှာ စိုးရိမ်လည်းလို့ပြောရင်တော်လှန်ရေးအမြန်ဆုံးပြီးချင်တဲ့အတွက်ကြောင့်မို့ပါ။ အမြန်ဆုံး ကျွန်တော်တို့ရဲဘော်တွေ အောင်ပွဲနဲ့အတူ အိမ်ပြန်ချင်နေပြီ။ အဲဒီလို အိမ်ပြန်နိုင်ဖို့အတွက်ဆိုရင်မန္တလေးတိုင်းထဲကို တကယ်ဗျူဟာမြောက်တိုက်ပွဲတွေ ဆင်နွှဲနိုင်ဖို့ လိုအပ်ပါတယ်။ အဲဒီလို တိုက်ပွဲတွေဆင်နွှဲနိုင်ဖို့ရန်သူထက်မညံ့တဲ့ဗျူဟာကောင်းကောင်းချမှတ်နိုင်ခဲ့ပြီးပြီ။ ကျွန်တော်တို့မှာ ထိုက်သင့်တဲ့ အတွေ့အကြုံလည်းရှိပြီးပြီ။ တကယ်တိုက်ခိုက်မှုတွေက သူ့ဟာနဲ့သူ ထိုက်သင့်တဲ့ အတွေ့အကြုံတွေရှိထားတဲ့ ရဲဘော်အများစု ပိုင်ဆိုင်ထားတယ်။ ဘယ်လိုပဲ ဒါတွေကို ပိုင်ဆိုင်ထား ပိုင်ဆိုင်ထား ဘယ်လိုပဲ စိတ်ဓာတ်တွေ ပြင်းထန်နေ ပြင်းထန်နေ၊ ဘယ်လိုပဲ ဗျူဟာမြောက်မြောက် လိုအပ်တဲ့ လက်နက်ခဲယမ်းမဖြည့်တင်းနိုင်ဘူးဆိုရင် ကျွန်တော်တို့ တိုက်ပွဲတွေဖော်လို့မရဘူး။ ကျွန်တော်တို့ အိမ်ပြန်လမ်းတွေချောမွေ့မှာ မဟုတ်ဘူး။ အဲဒီတော့ ကျွန်တော်တို့အောင်ပွဲနဲ့အတူ အိမ်ပြန်နိုင်ဖို့အတွက် လပခ(အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်) ရဲ့ဌာနချုပ်က ကျွန်တော်တို့ရဲ့ ဌာနချုပ်ဖြစ်ဖို့အတွက်ဆိုရင် ပြည်တော်ဝင်ပရောဂျက်က အရမ်းလည်းအရေးကြီးပါတယ်။ ကျွန်တော်တို့ ပထမဆုံးလုပ်တဲ့ ပရောဂျက်ဖြစ်တဲ့အတွက် ကြောင့်မို့လို့ အင်မတန်မှ ပြောရရင်အားလည်းငယ်ပါတယ်။ သတ်မှတ်ထားတဲ့ မျှော်မှန်းပမာဏထက်ပိုပြီးတော့တော့ လိုချင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ ဗျူဟာမြောက်လက်နက်တွေ ဝယ်ဖို့လိုအပ်ပါတယ်။ ဒါမှသာလျင် တကယ်ကို အခိုင်အမာ တပ်စွဲထားတဲ့ စကစရဲက နောက်ဆုံးခံတပ်ကို ကောင်းကောင်းဖြိုဖျက်နိုင်မှာ ဖြစ်ပါတယ်။ကျွန်တော်တို့ ပြည်တော်ဝင်ပရောဂျက်နဲ့ ပတ်သက်ပြီး အကြမ်းဖျဉ်းရှင်းပြတာပါ။
မေး-ပြည်သူတွေဒီနောက်ပိုင်းပြောလာတာ စစ်ကောင်စီကိုတစ်နေရာချင်းတိုက်နေနယ့်အစား နေရာပေါင်းစုံကတစ်ချိန်တည်းတိုက်တာက ပိုထိရောက်မယ်လို့ပြောလာတာမျိုးရှိတယ်။ ပြည်သူတွေမျှော်လင့်နေတဲ့နေရာပေါင်းစုံမှာ တိုက်ပွဲဖော်ဖို့ဆိုတာ ဖြစ်လာနိုင်တယ်ထင်ပါလား။
ဖြေ-အဓိကကတော့ ကျွန်တော်လည်း စစ်ဆင်ရေးတွေမှာလည်း တချို့ကဏ္ဍတွေမှာလည်း ပါဝင်လှုပ်ရှားနေတဲ့သူ တစ်ယောက်အနေနဲ့ ကျွန်တော့ယူဆချက်အရဆိုရင် ကျွန်တော်သိရတဲ့ အင်ဖော်မေးရှင်း အချက်အလက်တွေအရ ဆိုရင် ကျွန်တော်ထင်ပါတယ် ပြည်သူတွေမျှော်လင့်နေတဲ့ အချိန်က မကြာခင် ရောက်လာမယ်လို့ ယူဆပါတယ်။ အဲဒီတော့ ဘာကြောင့်လဲလို့ပြောရင် ကျနော်တို့ MOD ကလည်း တစ်သံတည်းညီ တချီတည်းရုန်းဆိုပြီးတော့ ကြွေးကြော်ထားတဲ့အတိုင်းပဲ ERO တွေရဲ့ ပူးပေါင်းပါဝင်မှုကလည်း တော်တော်လေးကို အားကောင်းလာပြီဆိုတာ သိထားရပါတယ်။နောက်ဆုံး ကျွန်တော်တို့ကို ကူညီပံ့ပိုးနေတဲ့ အိမ်ရှင်ကအစ အရင်ကထက်ပိုပြီး အားတက်သရော ကူညီပံ့ပိုးမှုတွေတော်တော်များများလုပ်လာတာတွေ့ရတယ်။ ဆိုလိုချင်တာက စစ်ပွဲတွေအောင်မြင်ခြင်း ကျရှုံးခြင်းက ဟန်ချက်ညီညီ လုပ်ဆောင်နိုင်ခြင်း ၊ မလုပ်ဆောင်နိုင်ခြင်းမှာလည်း အဆုံးအဖြတ်ပေးတာဆိုတော့ ကျွန်တော်သိသလောက်ကတော့ ဒီဟာကလည်း သီအိုရီအရလည်းမှန်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပြည်သူတွေ မျှော်လင့်တာလည်းမမှားပါဘူး။ အဲဒီတော့ တသံတည်းညီ တချီတည်းရုန်းဆိုတဲ့ စကားအတိုင်းပဲ နေရာပေါင်းစုံမှာ တိုက်ကွက်ပေါင်းစုံ မကြာခင်မှာ ရောက်လာမယ်လို့ ယူဆပါတယ်။ အဲဒီတော့ ကျွန်တော်တို့ MDY-PDF အနေနဲ့လည်း ဒီဟာကို အရမ်းမျှော်လင့်ပါတယ်။ ကျွန်တော်တို့ တစ်ဖွဲ့တည်း ထူးချွန်ပြီး တကယ်ကိုတိုက်ပွဲတွေ ပြင်းပြင်း
ထန်ထန် ဖော်နေလို့မရဘူး။နေရာစုံမှာ တသံတည်းညီ တချီတည်း တိုက်ပွဲတွေမျိုးစုံ ဖော်ဆောင်နိုင်မှ ကျွန်တော်တို့လည်း ထိုက်သင့်တဲ့ ဗျူဟာမြောက်တိုက်ပွဲတွေ ဖော်ဆောင်နိုင်မှာပေါ့။ မဟုတ်ဘူးဆိုရင် ကျွန်တော်တို့ တစ်ဖွဲ့တည်းကပဲ ထူးချွန်ပြီးတော့ ဇွတ် တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖော်နေရင်(စစ်ကောင်စီ) ရှိသမျှ အင်အား ကျွန်တော်တို့ဆီရောက်လာလိမ့်မယ်။ အဲဒါဆို ကျွန်တော်တို့ လိုချင်တဲ့ စစ်ရေးရည်မှန်းချက်တွေရောက်မှာ မဟုတ်ဘူး။ အဲဒီတော့ ကျွန်တော်သိသလောက်၊ ကျွန်တော်ဆက်ဆံမိသလောက် ERO တွေနဲ့ ဆက်ဆံမိသလောက်ကတော့ ဒီမကြာခင်အ
တောအတွင်းမှာ ဘယ်တော့ ဖြစ်လာမလဲတော့ အတိအကျ တိုင်းမ်းလိုင်းကို မသိဘူး အကုန်လုံးကဟန်ချက်ညီညီ စစ်ဆင်ရေးတွေလုပ်ဆောင်နိုင်ဖို့ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။
မေး- စစ်တပ်က အခုနောက်ပိုင်းမှာ သူတို့ ဘက်က အထိအခိုက်များပြီဆိုရင် နေရာတကာ လေကြောင်းတိုက်ခိုက်မှုသုံးတယ်။ မန္တလေး PDF ဆိုရင်လည်း ရင်ဆိုင်တိုက်ပွဲတွေ တိုက်တဲ့အခါ လေကြောင်းကနေ တိုက်ခိုက်ပေမယ့်ထိခိုက် မှုအတော်လေးနည်းတယ်ဆိုတာသိရတယ်။ စစ်ကိုင်း၊ မကွေး ဒေသတွေကတော်လှန်ရေးအဖွဲ့တွေမှာစစ်တပ်လေကြောင်းက ခြိမ်းခြောက်ခံနေတဲ့အတွက်လေကြောင်းတိုက်ခိုက်မှုကိုခုခံတိုက်ခိုက်တာနဲ့ပတ်သပ်ပြီး အကြံပြုပေးပါလား။
ဖြေ-အဲဒါကတော့ လေကြောင်းနဲ့ ပတ်သက်ပြီး ဘယ်လိုပုံစံမျိုးလုပ်ရမလဲဆိုတာ ကျွန်တော်မှတ်မိသလောက်ကတော့ စာတမ်းတွေဘာတွေလည်း ထွက်တာတော့ တွေ့ရပါတယ်။ ဒါက တစ်ကဏ္ဍပေါ့။ ကျွန်တော်မြင်သလောက်တော့ လှုပ်ရှားစစ်ကြောင်းတွေ တချို့ရင်ဆိုင်တိုက်ပွဲတွေကတော့ လေကြောင်းကအရမ်းကြီး စိတ်တော့ပူစရာတော့မလိုပါဘူး။ အဓိကတော့ ခံစစ်လိုင်းတော့ကောင်းကောင်းပြင်ရမှာ။ အဓိကတော့ ကတုတ်ကျင်းတူးတဲ့ကိစ္စတွေ ဆက်သွယ်ရေးမြောင်းတူးတဲ့ကိစ္စတွေ တိုက်ပွဲမှာ တော်တော်လေးအရေးပါတယ်။ ကတုတ်ကျင်းတူး ဆက်သွယ်ရေးမြောင်းတူးတဲ့ကိစ္စတွေရဲဘော်တိုင်း မပျင်းဖို့လိုမယ်။ နည်းနည်းလေး အပင်ပန်းခံဖို့တော့လိုအပ်မယ်။ လေကြောင်း တိုက်ခိုက်မှုမှာ အဓိက ကာကွယ်ပေးတာ အဲဒါတွေပေါ့နော်။ ရန်သူဘက်က အရမ်းယုတ်မာပြီးတော့ ကလက်စ်တာ ဗုံးလိုဟာမျိုးတွေ ပြင်းအား၊ဖျက်အားပြင်း ဗုံးတွေ သုံးရင်တော့ ဂျီနီဗာကွန်ဗန်းရှင်းနဲ့မညီတဲ့ဟာမျိုးတွေကအစ ဇွတ်တွေလုပ်လာရင်တော့ ကျွန်တော်လည်း မပြောတက်ဘူး။ ဒါပေမဲ့ ဘယ်လောက်ပဲ ပြင်းထန်နေပါစေသေချာလေး ခံစစ်ကို ပြင်နိုင်တယ်ဆိုရင် ကျွန်တော်ထင်တယ် ကတုတ်ကျင်းတူးစရာရှိတာတူး၊ ဆက်သွယ်ရေးမြောင်းတွေ တူးစရာရှိတာတူးထားမယ်ဆိုရင် ကောင်းကောင်းလေး ရင်ဆိုင်လို့ရပါတယ်။ ဒါကအလွယ်နည်းပေါ့။ နောက်တစ်ခုကတော့ ဖြစ်နိုင်ရင် လက်နက်ကြီးကတော့ လွယ်တော့ မလွယ်ဘူးပေါ့။ ဗျူဟာမြောက်လက်နက်တွေ သုံးနိုင်ဖို့တော့ လိုအပ်တယ်။ စစ်ကိုင်းမကွေးဘက်က KIAနဲ့လည်း နီးစပ်တော့ သူတို့ သုံးနေကြတဲ့ … ဗျူဟာမြောက်သုံးနိုင်တယ်ဆိုရင် တော်တော်လေးထိရောက်နိုင်ပါတယ်။ ဒါကတော့ MI-35 တို့ဘာတို့ကို ခုခံဖို့ပေါ့။ ဖိုက်တာကို ရင်ဆိုင်ဖို့တော့ အရမ်းကြီးတော့မလွယ်ဘူးပေါ့။ အဲဒီတော့ အဓိကတော့ ပွိုင့်ဖိုက်လိုဟာမျိုးရှိထားရင်ကောင်းတယ်။ ကျွန်တော်တို့လည်း ပွိုင့်ဖိုက်တွေဘာတွေတော့ ကျွန်တော်တို့ဆီမှာ မရှိထားသေးဘူး။ ဒါပေမဲ့ ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားနေတယ်။ ပွိုင့်ဖိုက်တွေကအစ ကောင်းကောင်းသုံးနိုင်ရင်ကောင်းတယ်။ ကျွန်တော်မြင်သလောက်ကတော့ ဆက်သွယ်ရေးမြောင်းနဲ့ ကတုတ်ကျင်းတွေကတော်တော်လေးကို အသားပေးပါတယ်။
စိုးရိမ်ရတာက တစ်ခုပဲ။ စစ်ရေးသတင်းလုံခြုံမှုပေါ့။ စစ်ရေးသတင်းအရမ်းကျိုးပေါက်ရင်မလွယ်ဘူး။ အဓိက ဘယ်ဟာတွေအတွက်လဲဆိုရင် အထိုင်စခန်းငယ်တွေအတွက် မလွယ်ဘူး။ အထိုင်စခန်းတွေကတော့ ရွေ့လျားပစ်မှတ်မဟုတ်တဲ့အတွက်ကြောင့် လေ ကြောင်း ပစ်ခတ်မှုက တိတိကျကျ အနီးကပ်ပစ်ခတ်နိုင်တယ်။ အဲဒီတော့ စစ်ရေးသတင်းလုံခြုံမှုက အင်မတန်မှ အရေးကြီးတယ်။ လှုပ်ရှားသမျှ အွန်လိုင်းပေါ်မှာ လိမ့်ပြီးတင်နေလို့ မရဘူး။ ကျွန်တော်တို့ဘက်မှာတော့ တိုက်ပွဲတွင်းကာလမှာ သတင်းထုတ်ပြန်မှုတွေလုပ်ရင် ချက်ချင်းခေါ်ပြီး အရေးယူတယ်။ ဘယ်သူနဲ့မှ မီဒီယာကအစ အတင်ခံတာမရှိဘူး။ စစ်ရေးသတင်းထုတ်ပြန်မှုတွေက ဗဟိုကပဲ ကိုင်တယ်လို့ ပြောလို့ရတယ်။ ဒါမျိုးတွေ တင်းတင်းကြပ်ကြပ်လုပ်တယ်။ စစ်ရေးသတင်းလုံခြုံမှုကလည်းအရေးကြီးမယ်။
မေး- ပြည်သူတွေကို ဘာသတင်းစကားပါးချင်လဲ။
ဖြေ- အဓိကတော့ ကျွန်တော်က အများကြီး ပြောစရာမရှိပါဘူး။ အချက် ၃ချက်ကို မှာချင်တယ်။
နံပါတ်တစ် ကျွန်တော်တို့ တိုက်ပွဲတွေ တက်နိုင်သမျှ ဒီနှစ်ထဲမှာ ဖြစ်မယ်လို့ ယူဆတယ်။ ဒီစစ်ဆင်ရေးတွေအတွက် တက်နိုင်သမျှ ပြင်ဆင်ထားပေးပါ။ အဲဒီတော့ ဒါကတော့ တက်နိုင်သမျှ ပြည်သူတွေကို alarm လုပ်ချင်တဲ့ကိစ္စ။ တော်လှန်ရေးကြီးက ဘာပဲပြောပြော မိမိအိမ်တံခါး၀ကို ဒီစစ်မီးလျှံတွေ ရောက်လာတော့မယ်။ အဲဒီအတွက်ကို ပြင်ဆင်ထားပေးပါ။ တက်နိုင်သမျှ ဖြစ်နိုင်ရင် တော့ ပူးပေါင်းပါဝင်မှုတွေအတွက်ပါ ပြင်ဆင်ထားသင့်ပါတယ်။ ဒါက နံပါတ်တစ်ပဲ။
နံပါတ်(၂)က ဘာလဲလို့ပြောရင် ပြည်သူတွေကိုလည်းအားတော့နာပါတယ်။ ဘယ်လိုအဖွဲ့အစည်းမှာမဆို ရဲဘော်တွေကို ပြောဖြစ်တဲ့စကားက အမြဲရှိပါတယ် ကျွန်တော်တို့ MDY-PDFသည်လူသားဆန်တဲ့ စစ်တပ်ကို တည်ဆောက်နေတယ်။ ကျွန်တော်တို့ တကယ့်ကို စည်းမျဉ်းစည်းကမ်းကျင့်ဝတ်တွေကို လိုက်နာလေးစားတန်ဖိုးထားတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်နိုင်ဖို့ ကိုယ်ကိုယ်တိုင်လည်း ကျင့်ဝတ်တွေစည်းကမ်းတွေလိုက်နာရမယ်ဆိုတာမျိုးကို အများစု ပြောဖြစ်ပါတယ်။ အဲဒီတော့ ဘာလဲလို့ ပြောရရင် ပြည်သူလို့ ပြောရင် ကလပ်တွေဘားတွေ ရောက်နေတဲ့ ကျွန်တော်တို့ ညီငယ်၊ညီမငယ်၊ အကို၊ အမတွေရော ဒါတွေကအစ အပြစ်သိပ်မမြင်သင့်ဘူး။ တချို့ဆိုလည်း သူတို့နိုင်တဲ့ဝန်တွေထမ်းတာတွေ့ရတယ်။ ကျွန်တော်တို့ရဲဘော်တွေဘက်က ဒါမျိုးဆဲတာတွေ့ရင် ရှိသမျှလူ အကုန်လုံးတောထဲရောက်နေလို့မရဘူး။ထိုက်သင့်တဲ့ဟာတွေလည်း မြို့ပေါ်မှာနေပြီး တော်လှန်ရေးလုပ်ငန်းတွေ ထမ်းဆောင်ဖို့လိုအပ်တယ်။ အဲဒီအတွက်လိုအပ်လို့ရှိရင် နည်းမျိုးစုံနဲ့ နေထိုင်ရှင်သန်ရမှာဖြစ်တဲ့အတွက်ကြောင့် အရမ်းအပြစ်မမြင်ဖို့ကျနော်အမြဲတမ်းပြောဖြစ်ပါတယ်။ ဒါပေမဲ့ ဘာကို Massage ပေးချင်လဲဆိုတော့ တစ်ခုပါ ကျွန်တော်တို့ အချို့လူတွေရှိတယ်။ အဓိကတော့ မိဘဆိုတဲ့အခါ အမေတွေအနေနဲ့ ပြောပေးနိုင်ရင်ကောင်းတယ် တိုင်းပြည်ချစ်စိတ်သည် အတူယှဉ်တွဲနိုင်ဖို့ အနာဂတ်ပြည်ထောင်စုသစ်မှာ ကိုယ့်ရဲ့သားသမီးတွေဘယ်လိုမျိုး စွမ်းစွမ်းတမံပါဝင်ခဲ့တယ်။ ဒီစစ်အာဏာရှင် ကို ဖြုတ်ချဖို့ ဘယ်လိုမျိုးလုပ်ဆောင်ခဲ့တယ်ဆိုတဲ့ဟာမျိုး ဂုဏ်ယူစိတ်လိုဟာမျိုးဖြစ်ဖို့ သားသမီးတွေကို မိခင်တစ်ယောက် အနေနဲ့ ပိုပြီးတိုက်တွန်းပေးစေချင်တယ်။ ပြောစေချင်တယ်။ အဓိကတော့ ငါ့သားတွေ ငါ့သမီးတွေလက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်ထိုင်နေမယ့်အတူ တချို့ Eတွေ Kတွေ ရှုနေမယ့်အတူတူ ဒီတော်လှန်ရေးမှာ တက်နိုင်သမျှပါဝင်ပြီးတော့ ဘာပဲပြောပြော သပိတ်တိုက်ပွဲမှာလည်း ပါဝင် လက်နက်ကိုင်တိုက်ပွဲမှာလည်း ပါဝင်ပါ။ တည့်မတ်ထိန်းကြောင်းပြီးဒါမျိုးလေး ဝိုင်းပြီး တိုက်တွန်းပေးနိုင်ရင်တော့ကောင်းမယ်။ ကျွန်တော်အမြဲတမ်းမေးဖြစ်တဲ့စကားရှိတယ်။ တော်လှန်ရေးဘယ်တော့ပြီးမှာလဲ ငါ့ကို မမေးနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်မေး။ တော်လှန်ရေးအမြန်ပြီးဖို့ဆိုရင် မင်းဘယ်လောက်အလုပ်လုပ်နေလဲဆိုတာ တော်လှန်ရေးအမြန်ပြီးဖို့ဆိုတာ တက်နိုင်သမျှ ပြည်သူတိုင်း နီးပါးလည်း နည်းမျိုးစုံနဲ့ ပါဝင်ဖို့လိုအပ်တယ်။ အဲဒီတော့ ပြန်ပြီးချုပ်ရရင်တော့ မိဘာတွေ ရဲဘော်တိုင်းရဲ့ မိဘတွေဖြစ်သလို ပြည်သူတိုင်းရဲ့ မိဘတွေက ဒီတော်လှန်ရေးမှာ နည်းမျိုးစုံနဲ့ ပါဝင်ဖို့ ကိုယ်သားသမီးတွေ အကုန်လုံးကို တိုက်တွန်းနေစေချင်တယ်။ နည်းမျိုးစုံနဲ့ ပူးပေါင်းပါဝင်ပေးစေချင်တယ်။ အဲဒီတော့ အခုတော်လှန်ရေးက ကြာလာတာနဲ့အမျှ သွေးအေးသွားလို့ မဖြစ်ပါဘူး။ ကျွန်တော်တို့တွေ နည်းမျိုးစုံနဲ့ ပါဝင်ဖို့လိုအပ်တယ်။ အဲဒီလိုပဲ အရွယ်ရောက်ပြီဩသူတိုင်းကလည်း စည်းကမ်းကောင်းပြီး တကယ်ကို စနစ်တကျ စုဖွဲ့ထားတဲ့ တပ်ဖွဲ့တွေ နည်းစပ်ရာ တပ်မတော်တွေမှာ ပူးပေါင်းပါဝင်ပေးနိုင်ရင်ကောင်းပါတယ်။ ပါဝင်ပေးဖို့လည်း တိုက်တွန်းစေချင်ပါတယ်။
နံပတ်သုံးကတော့ တခြားမဟုတ်ပါဘူး။ ကျွန်တော်တို့တွေ မျှော်လင့်ချက်အမှားလည်းမပေးချင်ဘူး။ တော်လှန်ရေးက မနက်ဖြန်ပြီးမှာလား သန်ဘက်ခါပြီးမှာလားဆိုပြီးတော့လည်းအရမ်းကြီး မျှော်လင့်နေတာမျိုးလည်းမဖြစ်စေချင်ပါဘူး။ ကျွန်တော်ထင်တယ် တော်လှန်ရေးအမြန်ပြီးဖို့အတွက်ဆိုရင် တချို့ စိတ်ပိုင်းဆိုင်ရာအရ၊ ရုပ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ဖို့လိုအပ်ပါတယ်။ ပြည်သူက မောနေပြီဆိုတာ ကျွန်တော်တို့ သိပါတယ်။ သူတို့ရဲ့ပူးပေါင်းပါဝင်မှုတွေက။ ဒါပေမဲ့ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ရဲ့ရပ်တည်မှု ၊ကျွန်တော်တို့ လှုပ်ရှားမှုတွေအကုန်လုံးက ပြည်သူတွေရဲ့ ကူညီပံ့ပိုးမှု မပါဘဲနဲ့ ကျွန်တော်တို့ ရပ်တည်မှုတွေကလုပ်ဆောင်လို့မရဘူး။ အဲဒီတော့ အတိုချုပ်ပြောရရင်ကျွန်တော်တို့ရဲ့ အသက်တွေ ဘ၀တွေက ပြည်သူတွေရဲ့ လက်ထဲမှာပဲရှိပါတယ်။ ပြည်သူတွေရဲ့ ကူညီပံ့ပိုးမှုတွေ ရပ်လိုက်တာနဲ့ တစ်ပြိုင်တည်း ကျွန်တော်နော်တို့ တော်လှန်ရေးရပ်သွားမယ်။ တက်နိုင်သမျှ ဒီတော်လှန်ရေးကြီးကို အမြန်ဆုံးပြီးနိုင်ဖို့အတွက် တက်နိုင်သမျှ ကူညီပံ့ပိုးပေးကြပါ။ ကျွန်တော်တို့ ပြည်တော်ဝင်ပရောဂျက်လိုဟာမျိုး တွေမှာ တက်နိုင်သမျှ ပူးပေါင်းပါဝင်ပေးကြပါလို့ ပြောရင်းနဲ့ နိဂုံးချုပ်ချင်ပါတယ်။ ။
