Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

NLD စီမံဘဏ္ဍာဒုဝန်ကြီး ထောင်ဒဏ်ရက် စေ့လို့ပြန်လွတ်လာ

လက်ရှိမှာတော့ ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းသာ အကျဉ်းထောင်ထဲမှာ ဆက်ရှိနေပြီး အမှုတွဲဖြစ်သူ ၄ ဦးလုံး လွတ်မြောက်လာပြီဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆွေးနွေးပွဲမှာ တွေ့ရတဲ့ဒုဝန်ကြီး ဦးဆက်အောင်
၂၀၁၉ ခုနှစ် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆွေးနွေးပွဲမှာ တွေ့ရတဲ့ဒုဝန်ကြီး ဦးဆက်အောင်

အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်လျှို့ဝှက်ချက်ပုဒ်မနဲ့ ထောင် ၃ နှစ်ချထားတဲ့ NLD အစိုးရ စီမံဘဏ္ဍာဒုဝန်ကြီး ဦးဆက်အောင် ရမည်းသင်းထောင်ကနေ ဒီနေ့ လွတ်မြောက်လာပါပြီ။

ဒုဝန်ကြီး ဦးဆက်အောင်ဟာ လွတ်ငြိမ်းနဲ့လွတ်မြောက်တာမဟုတ်ဘဲ ထောင်ဒဏ်ရက်စေ့လို့ ပြန်လွတ်လာတာတာလို့ ရမည်းသင်းထောင်နဲ့ အဆက်အသွယ်ရှိတဲ့ သတင်းရင်းမြစ်ထံကသိရပါတယ်။

အာဏာသိမ်းပြီးနောက် NLD အစိုးရ စီးပွားရေးအကြံပေး ရှောင်တာနယ်လ်ကို ဖမ်းဆီးခဲ့ပြီး သူရဲ့ကွန်ပြုတာထဲမှာ နိုင်ငံရဲ့စီးပွားရေးအချက်အလက်တွေ တွေ့ရတယ်ဆိုကာ စစ်ကောင်စီက နိုင်ငံတော်လျှို့ဝှက်ပုဒ်မတရားစွဲတာပါ။

တရားစွဲခံရသူတွေကတော့ ဒေါ်အောင်ဆန်းစုကြည် ၊NLD အစိုးရအဖွဲ့ စီမံဘဏ္ဍာဝန်ကြီးတွေဖြစ်ခဲ့သူ ဦးကျော်ဝင်း ၊ဦးစိုးဝင်း၊ ဒုဝန်ကြီး ဦးဆက်အောင်နဲ့ ရှောင်တာနယ်တို့ဖြစ်ပါတယ်။ သူတို့ ၅ ဦးကို စစ်ကောင်စီက ထောင် ၃ နှစ်စီချခဲ့ပါတယ်။

လက်ရှိမှာတော့ ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းသာ အကျဉ်းထောင်ထဲမှာ ဆက်ရှိနေပြီး အမှုတွဲဖြစ်သူ ၄ ဦးလုံး လွတ်မြောက်လာပြီဖြစ်ပါတယ်။

ဒီနေ့မှာ လွတ်မြောက်လာတဲ့ ဦးဆက်အောင်ဟာ ဗဟိုဘဏ်ဒုဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်းဖြစ်ပါတယ်။