Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တီးတိန်တပ်မှ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်ခိုလှုံလာဟု PDF ဇိုလဲန်း အသိပေး

မေလ ၁၃ရက်ကလည်း တွန်းဇံမြို့၌ တာဝန်ကျသည့် ဖလမ်းမြို့အခြေစိုက် တပ်ရင်းမှ တပ်သားနှစ်ဦးကိုဖမ်းဆီးပြီး လုံခြုံရာသို့ပိုဆောင်ပေးခဲ့သည်ဟု ဆိုသည်။

(ခိုလှုံလာသည့် စစ်ကောင်စီတပ်သား ယူဆောင်လာသော လက်နက်နှင့် ကျည်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Zoland Voice TV)
(ခိုလှုံလာသည့် စစ်ကောင်စီတပ်သား ယူဆောင်လာသော လက်နက်နှင့် ကျည်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Zoland Voice TV)

▪️ဖလမ်းအခြေစိုက်တပ်မှ ထွက်ပြေးလာသည့် တပ်သား နှစ်ဦးကိုလည်းဖမ်းဆီးပြီး လုံခြုံရာပို့ဆောင်ခဲ့ဟုဆို

ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးခိုလှုံလာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)-ဇိုလဲန်း(Zoland)က အသိပေးထုတ်ပြန်သည်။

ခိုလှုံလာသည့် တပ်သားသည် မေလ ၃၁ရက်တွင် PDF-Zoland ထံ သေနတ်တစ်လက်၊ ကျည်အိမ်၊ ကျည်ဆံများနှင့်အတူ ဝင်ရောက်ခိုလှုံလာကြောင်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

အဆိုပါတပ်သားအား ဘေးကင်းလုံခြုံသည့် နေရာသို့ ပို့ဆောင်ခဲ့ပြီး ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း ထုတ်ပြန်သည်။

မေလ ၁၃ရက်ကလည်း တွန်းဇံမြို့၌ တာဝန်ကျသည့် ဖလမ်းမြို့အခြေစိုက် တပ်ရင်းမှ တပ်သားနှစ်ဦးကိုဖမ်းဆီးပြီး လုံခြုံရာသို့ပိုဆောင်ပေးခဲ့သည်ဟု ဆိုသည်။

ယခုစစ်ကောင်စီတပ်သားများထွက်ပြေးခိုလှုံလာမှုနှင့်ပတ်သက်၍ မေးမြန်းရန် PDF ဇိုလဲန်းထံ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရပေ။