Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာပြည်တောင်ဘက်စွန်း တနင်္သာရီတိုင်းမှာ စစ်ဘေးရှောင် ၃၀,၀၀၀ ကျော်ရှိလာ

စစ်ဘေးရှောင်ပြည်သူအများဆုံးရှိတဲ့မြို့နယ်တွေကတော့ လောင်းလုံးမြို့နယ် နဲ့ ပုလောမြို့နယ်တို့ ဖြစ်တယ်လို့သိရပါတယ်။

မြန်မာပြည်တောင်ဘက်စွန်း တနင်္သာရီတိုင်းမှာ စစ်ဘေးရှောင် ၃၀,၀၀၀ ကျော်ရှိလာ
မြန်မာပြည်တောင်ဘက်စွန်း တနင်္သာရီတိုင်းမှာ စစ်ဘေးရှောင် ၃၀,၀၀၀ ကျော်ရှိလာ

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာပြည်တောင်ဘက်စွန်း တနင်္သာတိုင်းမှာ ပြီးခဲ့တဲ့ မေလကုန်ထိ စစ်ဘေးရှောင်ပြည်သူ ဦးရေ ၃၀,၀၀၀ ကျော်ရှိလာပါပြီ။

မေလထဲမှာ တနင်္သာရီတိုင်းအတွင်း စစ်ရေးလှုပ်ရှားမှု အားကောင်းလာသလို စစ်ကောင်စီဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေရှိလာပြီးနောက် စစ်ရှောင်ဦးရေဟာ လျော့ကျသွားတာမရှိဘူးလို့ ဒေါနတနင်္သာရီ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ကဆိုပါတယ်။

တနင်္သာရီတိုင်းမှာ မြို့နယ် ၁၀ မြို့ရှိတဲ့အနက် မြို့နယ် ၆ ခုမှာ စစ်ဘေးရှောင်ရတဲ့ပြည်သူတွေ ရှိလာတာပါ။

အဲဒီမြို့နယ်တွေကတော့ လောင်းလုံးမြို့နယ် ၊သရက်ချောင်းမြို့နယ် ၊ ပုလောမြို့နယ် ၊ ရေဖြူမြို့နယ် ၊ ထားဝယ်မြို့နယ် ၊ တနင်္သာရီမြို့နယ်တို့ဖြစ်ပါတယ်။

စစ်ဘေးရှောင်ပြည်သူအများဆုံးရှိတဲ့မြို့နယ်တွေကတော့ လောင်းလုံးမြို့နယ် နဲ့ ပုလောမြို့နယ်တို့ ဖြစ်တယ်လို့သိရပါတယ်။