Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အဆိုတော်လီလီနိုင်ကျော် ပစ်ခတ်ခံရပြီး တစ်ပတ်အကြာမှာ သေဆုံး

သေဆုံးသွားတဲ့သတင်းကို အဆိုတော်လီလီနိုင်ကျော်ရဲ့ ဖေ့ဘွတ်ခ်ကနေ အသိပေးထားတာတွေ့ရပါတယ်။ စစ်ဆေးရုံမှာပဲ မနက် ၅ နာရီဝန်းကျင်က သေဆုံးသွားတာပါ။

အဆိုတော်လီလီနိုင်ကျော် ပစ်ခတ်ခံရပြီး တစ်ပတ်အကြာမှာ သေဆုံး
အဆိုတော်လီလီနိုင်ကျော် ပစ်ခတ်ခံရပြီး တစ်ပတ်အကြာမှာ သေဆုံး

သေနတ်နဲ့ပစ်ခတ်ခံရတဲ့ အဆိုတော်လီလီနိုင်ကျော်ဟာ မင်္ဂလာဒုံစစ်ဆေးရုံမှာ ကုသမှုခံယူနေရင်းတစ်ပတ်အကြာ ဒီနေ့မနက်ပိုင်းမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့သတင်းကို အဆိုတော်လီလီနိုင်ကျော်ရဲ့ ဖေ့ဘွတ်ခ်ကနေ အသိပေးထားတာတွေ့ရပါတယ်။ စစ်ဆေးရုံမှာပဲ မနက် ၅ နာရီဝန်းကျင်က သေဆုံးသွားတာပါ။

စစ်တပ်ထောက်ခဲ့သူဖြစ်သလို တပ်ထောက်ခံပွဲတွေမှာ တက်တက်ကြွကြွပါဝင်သူ အဆိုတော် လီလီနိုင်ကျော်ဟာ မေလ ၁၀ ရက် ညပိုင်း ရန်ကုန်မြို့ ၊ရန်ကင်းမြို့နယ်ထဲက နေအိမ် အနီး ကားပေါ်မှာရှိနေချိန် ပစ်ခတ်ခံလိုက်ရတာပါ။

ပစ်ခတ်ခံရတဲ့နေရာမှာပဲ သေဆုံးသွားတယ်ဆိုတဲ့သတင်းတွေထွက်ခဲ့ပေမယ့် စစ်ကောင်စီက အဲဒီသတင်းတွေကိုငြင်းဆိုပြီး မင်္ဂလာဒုံစစ်ဆေးရုံမှာ ကုသပေးနေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ပစ်ခတ်ခဲ့တဲ့ သေနတ်သမားကို ကမာရွတ်မြို့နယ် ၊လှည်းတန်းကအဆောင်တစ်ခုမှာ မနေ့ကဖမ်းမိခဲ့တယ်ဆိုတဲ့သတင်းကို စစ်ကောင်စီသတင်းတွေကိုဖြန့်ဝေပေးနေတဲ့ လူမှုကွန်ရက်အကောင့်တွေမှာ တင်လာကြတာတွေ့ရပါတယ်။