Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တိုက်ပွဲမဖြစ်ဘဲ ကော့ကရိတ်မြို့နယ်ထဲ စစ်ကောင်စီလေတပ်ဗုံးကြဲ

ဗုံးဒဏ်ကြောင့် ကျေးရွာက စာသင်ဆောင်နဲ့ နေအိမ်အချို့ ထိခိုက်ခဲ့ပေမယ့် လူထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ အဲဒီသတင်းရင်းမြစ်ထံကသိရပါတယ်။

တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲကို ဒီနေ့ ဇွန်လ ၆ ရက် မနက်ပိုင်းက စစ်ကောင်စီလေတပ်က ဗုံးကြဲသွားတယ်လို့ ဒေသခံက ပြောပြပါတယ်။

ကော့ကရိတ်မြို့နယ် ၊စံဖလားကျေးရွာထဲကို မနက် ၃ နာရီခွဲခန့်က ဗုံး ၄ လုံးကြဲချရာမှာ ၂ လုံးပေါက်ကွဲခဲ့တယ်လို့ အဲဒီ ကော့ကရိတ်ဒေသခံသတင်းရင်းမြစ်ကဆိုပါတယ်။

တိုက်ပွဲမဖြစ်ဘဲ ကော့ကရိတ်မြို့နယ်ထဲ စစ်ကောင်စီလေတပ်ဗုံးကြဲ
တိုက်ပွဲမဖြစ်ဘဲ ကော့ကရိတ်မြို့နယ်ထဲ စစ်ကောင်စီလေတပ်ဗုံးကြဲ

ဗုံးဒဏ်ကြောင့် ကျေးရွာက စာသင်ဆောင်နဲ့ နေအိမ်အချို့ ထိခိုက်ခဲ့ပေမယ့် လူထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ အဲဒီသတင်းရင်းမြစ်ထံကသိရပါတယ်။

“အစတွေတော့မှန်တယ် စံဖလားကျောင်းကို၊ အိမ်ဘေးကိုလည်း အစရောက်တယ်” လို့ သတင်းရင်းမြစ်က ဆိုပါတယ်။

တိုက်ပွဲမဖြစ်ဘဲ ကော့ကရိတ်မြို့နယ်ထဲ စစ်ကောင်စီလေတပ်ဗုံးကြဲ
တိုက်ပွဲမဖြစ်ဘဲ ကော့ကရိတ်မြို့နယ်ထဲ စစ်ကောင်စီလေတပ်ဗုံးကြဲ

ဗုံးကြဲခံရပြီးနောက် ကျေးရွာက စာသင်ကျောင်းကိုပိတ်ထားလိုက်ရပြီး ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေကြတယ်လို့သိရပါတယ်။

အခုလို ဗုံးကြဲတဲ့ဒေသဟာ KNU တပ်မဟာ ၆ နယ်မြေဖြစ်ပါတယ်။