Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးကို စစ်ကောင်စီခေါင်းဆောင်ရောက်နေချိန် စစ်ကိုင်းဘက်ခြမ်းမှာတပ်ဖြန့်ထား

မန္တလေးနဲ့စစ်ကိုင်းဟာ ဧရာဝတီမြစ်ခြားထားတာဖြစ်ပြီး စစ်ကိုင်းဘက်ခြမ်း ၊ မင်းကွန်းဒေသ မှာ စစ်ကြောင်းဖြန့်ထားတာလို့သိရပါတယ်။

မန္တလေးကို စစ်ကောင်စီခေါင်းဆောင်ရောက်နေချိန် စစ်ကိုင်းဘက်ခြမ်းမှာတပ်ဖြန့်ထား
မန္တလေးကို စစ်ကောင်စီခေါင်းဆောင်ရောက်နေချိန် စစ်ကိုင်းဘက်ခြမ်းမှာတပ်ဖြန့်ထား

ဒီနေ့ညနေပိုင်းမှာကျင်းပမယ့် ဗန်းမော်ဆရာတော်ကြီးရဲ့ အန္တိမအဂ္ဂိဈာပန တက်ရောက်ဖို့ စစ်ကောင်စီခေါင်းဆောင် မန္တလေး ရောက်ရှိနေချိန်မှာ စစ်ကိုင်းဘက်ခြမ်း စစ်ကြောင်းဖြန့်ကာ လုံခြုံရေးပိတ်ဆို့ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မန္တလေးနဲ့စစ်ကိုင်းဟာ ဧရာဝတီမြစ်ခြားထားတာဖြစ်ပြီး စစ်ကိုင်းဘက်ခြမ်း ၊ မင်းကွန်းဒေသ မှာ စစ်ကြောင်းဖြန့်ထားတာလို့သိရပါတယ်။

မင်းကွန်းဒေသ ၊ မင်းဝံတောင်ကြော အနောက်ဖက်ခြမ်းက ကန်ကြီးကုန်း ၊ကျောက်ပနံ၊ရွာသစ်စတဲ့ ရွာတွေ အပါအဝင် ရှိန်းမကား ဘက်မှာလည်း တပ်အင်အားချထားတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

ဧရာဝတီမြစ်ထဲမှာလည်း ရေတပ် သင်္ဘော ၂ စီးနဲ့ မြစ်တွင်းကင်းလှည့်နေတာရှိတယ်လို့သိရပါတယ်။

ဒီရက်ပိုင်းအတွင်း မန္တလေးမြို့တွင်းမှာလည်း စစ်ကောင်စီတပ်က လုံခြုံရေး တင်းကြပ်ထားသလို ဧည့်စာရင်းစစ်ဆေးတာတွေကိုလည်းလုပ်ဆောင်နေပါတယ်။

ဗန်းမော်ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်ကို ဒီနေ့ညနေပိုင်း ၃ နာရီမှာ ချမ်းမြသာစည်လေယာဉ်ကွင်းဟောင်းနေရာမှာ ဆောက်လုပ်ထားတဲ့ လောင်တိုက်ပြဿဒ်မှာ တေဇောဓာတ်ပူဇော်မှာဖြစ်ပြီး အရိုးပြာကို ဧရာဝတီမြစ်ထဲမျှောမှာဖြစ်ပါတယ်။