Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညောင်ပင်ကြီးရဲစခန်းသိမ်းတိုက်ပွဲမှ ​သေနက် ၆ လက်နှင့် ခဲယမ်းများစွာသိမ်းဆည်းရရှိဟု Buffalo PDF ​ပြော

တိုက်ပွဲမှာ မုံရွာမြို့နှင့် ချင်းတွင်းမြစ်သာခြား၍ မုံရွာမြို့မှ ပစ်ခံသတ်များအတိုင်းသားကြား​နေရပြီး မုံရွာကမ်းနားလမ်း​နေပြည်သူများမှာ လက်နက်ကြီးကျည်ကျမည်စိုး၍ တိုက်ပွဲဖြစ်ပွား​နေစဥ် ​နေအိမ်များမှ​ခေတ္တတိမ်း​​ရှောင် ​နေကြရ​ကြောင်း ​ဒေသခံများက​ပြောသည်။

(Buffalo PDF တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွား​နေစဥ် မီး​လောင်​နေသည်ကို ​အ​ဝေးမှတွေ့ရစဥ်။ဓါတ်ပုံ-BPDF ၊Aung Khant Zaw)
(Buffalo PDF တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွား​နေစဥ် မီး​လောင်​နေသည်ကို ​အ​ဝေးမှတွေ့ရစဥ်။ဓါတ်ပုံ-BPDF ၊Aung Khant Zaw)

▪︎စစ်​​ကောင်စီရဲ ၁၀ ဦးထက်မနည်း​သေဆုံးပြီးPDFများက ရဲစခန်းတစ်ခုလုံးကိုမီးရှို့ ခဲ့

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးကာ G-3 လေးလက်၊MA -1 တစ်လက်၊၇၉ တစ်လက် အပါအဝင် လက်နက် ခဲယမ်းအမြောက်အများသိမ်းဆည်းရမိကြောင်း Buffalo PDF တာဝန်ရှိသူက ပြောသည်။

ထို့အတူ Buffalo PDF ရဲဘော် ကိုဝေယံလင်း(ခ)ရဲ ဘော်ဒိုလား မှာ တိုက်ပွဲအတွင်းစစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုမှ ဝမ်းဗိုက် ကျည်ထိမှန်ကျဆုံးခဲ့ပြီး စစ်ကိုင်းတပ်ပေါင်းစု ULF မှရဲဘော်လေးဦး ဒဏ်ရာရရှိခဲ့သည်။

“စခန်းသိမ်းနိုင်ဖို့ နှစ်လလောက်လက်နက်၊ခဲယမ်းအပါအဝင် တိုက်ခိုက်ဖို့ ပြင်ဆင်ခဲ့တယ်။စခန်းသိမ်းနိုင်တာတော့ ဝင်တိုက်ပြီး တစ်နာရီလောက်အကြာမှာပဲသိမ်းနိုင်ခဲ့တာ”ဟု BPDF တာဝန်ရှိသူက လူထူ​နွေဦးသို့ပြောသည်။

(Buffalo PDF တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွား​နေစဥ် မီး​လောင်​နေသည်ကို ​အ​ဝေးမှတွေ့ရစဥ်။ဓါတ်ပုံ-BPDF ၊Aung Khant Zaw)
(Buffalo PDF တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွား​နေစဥ် မီး​လောင်​နေသည်ကို ​အ​ဝေးမှတွေ့ရစဥ်။ဓါတ်ပုံ-BPDF ၊Aung Khant Zaw)

ယမန်နေ့(ဇွန် ၉ ရက်)ညနေ ၅ နာရီ ၄၅ မိနစ်က မုံရွာမြို့နှင့် ချင်းတွင်းမြစ်တဖက်ကမ်းရှိ ညောင်ပင်ကြီးရဲစခန်းကိုPDF တပ်​ပေါင်းစုက သိမ်း ပိုက်နိုင်ခဲ့ပြီး စခန်းတစ်ခုလုံးကို မီးရှို့ နိုင်ခဲ့ ကြောင်းလည်း၎င်း အသိပေးသည်။

ရဲစခန်းကို ​ဒေသတွင်း PDF များကပူး​ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။

“စခန်းကို အကြိမ်ကြိမ်တိုက်ဖူးတယ်။ အခုကတော့ အဖွဲ့စုံက စီးတိုက်တာ။ စခန်းကို အပြီးသတ်မသိမ်းနိုင်ပေမယ့် မီးရှို့ဖျက်ဆီးခဲ့တယ်” ဟုPDF တစ်ဦးကလည်းပြောသည်။

လက်ရှိတွင် ညောင်ပင်ကြီး ရွာ အပါအဝင် အနီးတစ်ဝိုက်၌ စစ်ကောင်စီတပ်က အင်အား ရာဂဏန်းဖြင့်အင်အားဖြည့် တပ်စွဲကာ ဒေသခံနေအိမ်များကို မီးရှို့ နေသဖြင့် ​ဒေသခံပြည်သူ ထောင်နှင့်ချီထွက်ပြေးနေရသည်။