Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ယူကရိန်း လက်ခံရရှိမယ့် F-16 တိုက်လေယာဉ်တွေဟာ နျူကလီးယား လက်နက်တွေ တပ်ဆင်နိုင်တာကို မမေ့သင့်ကြောင်း ရုရှားပြော

F-16တွေဟာ နျူကလီးယား လက်နက်တွေ တပ်ဆင် ပစ်ခတ်နိုင်တယ်ဆိုတဲ့ အချက်ကို သတိမမူမိဘူးဆိုရင် စစ်ရေး မဟာဗျူဟာ အခင်းအကျင်းတွေ အကုန်လုံး တန်ဖိုးမဲ့သွားမှာသာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေဟာ နျူကလီးယား လက်နက်တွေ တပ်ဆင်နိုင်ပြီး အဲဒီ လေယာဉ်တွေ ယူကရိန်းဆီ ထောက်ပံ့ခြင်းဟာ ပဋိပက္ခတွေကို ပိုမို ဆိုးရွားလာစေလိမ့်မယ်လို့ ရုရှားက ပြောကြားခဲ့ပါတယ်။

အမေရိကန် အစိုးရဟာ ယူကရိန်းဆီ F-16တွေ တိုက်ရိုက် ထောက်ပံ့မှာ မဟုတ်ပေမယ့် ဥရောပ မဟာမိတ် နိုင်ငံတွေက ဝယ်ယူထားတဲ့ F-16တွေကို ယူကရိန်းဆီ လွှဲပြောင်းပေးမယ် ဆိုရင်တော့ ကန့်ကွက်မှာ မဟုတ်ဘူးလို့ အတည်ပြုထားပါတယ်။ F-16တွေဟာ အမေရိကန်မှာ ထုတ်လုပ်ရောင်းချရမှု အများဆုံး တိုက်လေယာဉ် အမျိုးအစားတစ်ခု ဖြစ်ခဲ့သလို စွမ်းဆောင်ရည်ပိုင်း ကောင်းသထက် ကောင်းလာအောင် စဉ်ဆက်မပြတ် အဆင့်မြှင့်တင်မှုတွေ ရှိနေပါတယ်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်က F-16တွေဟာ နျူကလီးယား လက်နက်တွေ တပ်ဆင် ပစ်ခတ်နိုင်စွမ်း ရှိတယ်ဆိုတဲ့ အချက်ကို ရုရှားက အလေးအနက် သတိပြုထားကြောင်း ဆိုပါတယ်။

F-16တွေကို အဆင့်မြှင့်တင်ထားတဲ့ ကဏ္ဍတစ်ခုက နျူကလီးယား လက်နက်တွေ တပ်ဆင်နိုင်တယ်ဆိုတဲ့ အချက်ဖြစ်ကြောင်း၊ ဒါကို မမေ့မလျော့ အာရုံစိုက်ထားဖို့လိုကြောင်း လက်ဗ်ရော့ဗ်က တာဂျစ်ကစ္စတန်နိုင်ငံ၊ ဒူရှန်ဘီမှာရှိတဲ့ စစ်အခြေစိုက် စခန်းတစ်ခုမှာ ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်း ဖော်ပြသွားခဲ့ပါတယ်။

F-16တွေဟာ နျူကလီးယား လက်နက်တွေ တပ်ဆင် ပစ်ခတ်နိုင်တယ်ဆိုတဲ့ အချက်ကို သတိမမူမိဘူးဆိုရင် စစ်ရေး မဟာဗျူဟာ အခင်းအကျင်းတွေ အကုန်လုံး တန်ဖိုးမဲ့သွားမှာသာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ ရုရှားရဲ့ လေကြောင်းစွမ်းရည် အသာစီးရမှုကို တုံ့ပြန်နိုင်ဖို့အတွက် F-16 တိုက်လေယာဉ်တွေ ထောက်ပံ့ပေးကြဖို့ အနောက်ဥရောပ မဟာမိတ်တွေဆီ ကာလရှည်ကြာ တောင်းဆိုထားခဲ့ပါတယ်။