Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညောင်ပင်ကြီးရဲစခန်းသိမ်းတိုက်ပွဲတွင် စခန်း၌ဖမ်းဆီးခံထားရ​​သော ဗိုလ်နဂါး၏မိတ်​ဆွေများကိုပါကယ်ထုတ်နိုင်ခဲ့

စခန်းသိမ်းတိုက်ပွဲတွင် စစ်သားနှင့်ရဲ အနည်းဆုံး ၁၀ ဦး​ကျော်​သေဆုံးပြီးG3 သေနတ် ၄လက်၊MA သေနတ် ၁လက်၊စက်လက် သေနတ် ၁လက်၊ ၇၉ သေနတ် ၁နှင့် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့​ကြောင်းလည်းULF ပြန်ကြား​ရေးဌာနကထုတ်ပြန်သည်။

(​ညောင်ပင်ကြီးရဲစခန်းရှိစစ်​ကောင်စီ စစ်သားနှင့် ရဲများထံမှ ​တော်လှန်​ရေးအဖွဲ့များသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-ULF)
(​ညောင်ပင်ကြီးရဲစခန်းရှိစစ်​ကောင်စီ စစ်သားနှင့် ရဲများထံမှ ​တော်လှန်​ရေးအဖွဲ့များသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-ULF)

▪︎သိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းပုံများပုံ ULFထုတ်ပြန်

ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာ၊ ညောင်ပင်ကြီးရဲစခန်းသိမ်းတိုက်ပွဲတွင် စခန်း၌ ဖမ်းဆီးခံထားရ​​သောဗိုလ်နဂါး​၏ မိတ်​ဆွေများကိုပါ ကယ်တင်နိုင်ခဲ့​ကြောင်းသိရသည်။

​ညောင်ပင်ကြီးရဲစခန်းသိမ်းတိုက်ပွဲကို ယင်မာပင်ခရိုင် ကွပ်ကဲရေးအဖွဲ့နှင့် အတူပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး(ULF)နှင့် Buffalo People Defense Force(လွိုင်ကော်အခြေစိုက်)တို့က ခရိုင်ကွပ်ကဲရေး၏တွဲဖက်စီစဥ်ညွှန်ကြားခြင်းဖြင့် ဇွန်လ ၉ ရက်ညနေ ၅ နာရီခွဲတွင်ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တစ်နာရီ​ကျော်ကြာတိုက်ပွဲအတွင်းစစ်သား ၁၀ဦးထက်မနည်းသေဆုံးပြီး စခန်းတစ်ခုလုံးကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့ကာ စခန်းတွင်းဖမ်းဆီးခံထားရ​​သော ဗိုလ်နဂါး၏ မိတ်ဆွေများကိုလည်း ကယ်ထုတ်နိုင်သည်ဟု ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး(ULF)ကထုတ်ပြန်သည်။

(​ညောင်ပင်ကြီးရဲစခန်းရှိစစ်​ကောင်စီ စစ်သားနှင့် ရဲများထံမှ ​တော်လှန်​ရေးအဖွဲ့များသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-ULF)
(​ညောင်ပင်ကြီးရဲစခန်းရှိစစ်​ကောင်စီ စစ်သားနှင့် ရဲများထံမှ ​တော်လှန်​ရေးအဖွဲ့များသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-ULF)

သို့​သော် ဗိုလ်နဂါး၏ မိတ်​ဆွေဘယ်နှစ်ဦးကို ကယ်တင်ခဲ့သည်ကိုမူ အ​သေးစိပ်ထုတ်ပြန်ထားခြင်းမရှိ​ပေ။​စစ်ကိုင်းတိုင်းပုလဲနယ်တွင် ဗိုလ်နဂါးက MRDA တပ်ကိုဖွဲ့စည်းတည်​ထောင်ထားသည်။

“စခန်းသိမ်းနိုင်ဖို့ နှစ်လလောက် လက်နက်၊ခဲယမ်း အပါအဝင် တိုက်ခိုက်ဖို့ ပြင်ဆင်ခဲ့တယ်။စခန်းသိမ်း နိုင်တာ တော့ ဝင်တိုက်ပြီး တစ်နာရီလောက်အကြာမှာပဲ သိမ်းနိုင်ခဲ့တာ”ဟု Buffalo PDF တာဝန်ရှိသူကလူထုနွေဦး သို့ပြောသည်။

ရဲစခန်းကိုမီးရှို့ပြီးချိန်တွင် စစ်ကောင်စီဘက်မှ တိုက်လေယာဥ်များဖြင့်လာ​ရောက်ပစ်ခတ်ခဲ့ပြီး မဟာမိတ်ရဲဘော်များထဲမှ တစ်ဦး ဝမ်းဗိုက်ကျည်ထိမှန်ပြီး နိုင်ငံအတွက် အသက်ပေးလှူသွားခဲ့ပြီး တပ်ပေါင်းစုထဲမှ ရဲဘော်ငါးဦးလည်း အသေးစား ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ​တော်လှန်​ရေးတပ်ဖွဲ့များက​ပြောသည်။

စခန်းသိမ်းတိုက်ပွဲတွင် စစ်သားနှင့်ရဲ အနည်းဆုံး ၁၀ ဦး​ကျော်​သေဆုံးပြီးG3 သေနတ် ၄လက်၊MA သေနတ် ၁လက်၊စက်လက် သေနတ် ၁လက်၊ ၇၉ သေနတ် ၁နှင့် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့​ကြောင်းလည်းULF ပြန်ကြား​ရေးဌာနကထုတ်ပြန်သည်။

ညောင်ပင်ကြီး ရွာ အပါအဝင် အနီးတစ်ဝိုက်၌ စစ်ကောင်စီတပ်က အင်အား ရာဂဏန်းဖြင့်အင်အားဖြည့် တပ်စွဲပြီး ရဲစခန်းအနီးရှိ ဒေသခံပြည်သူများ၏နေအိမ်များကို မီးရှို့ နေသဖြင့် ပြည်သူ ထောင်နှင့်ချီ ထွက်ပြေးနေရသည်။