Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်နီ ကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်း

ကိုယ်ပိုင်ပြဌာန်းခွင့်ဖြင့်ကရင်နီပြည်အစိုးရသစ်ပေါ်ပေါက်လာသည့် အချိန်ကာလတွင် ကြားကာလအုပ်ချုပ်ရေးကောင်စီအား သတ်မှတ်ပြဌာန်းထားသော ကာလသက်တမ်းနှင့်အညီ ရုပ်သိမ်းခြင်းများ ပြုလုပ်မည်ဟု ထုတ်ပြန်သည်။

ကရင်နီ ကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်း

▪︎KNPP ခေါင်းဆောင်ခူဦးရယ်က ကောင်စီ ဥက္ကဋ္ဌ၊ KNDF ခေါင်းဆောင် ခွန်းဘီထူးက ဒုဥက္ကဋ္ဌ၊အထွေထွေအတွင်းရေးမှူးအဖြစ် ခူပလုရယ်၊အတွင်းရေးမှူး(၁)ဇူးပဒုမ္မာ၊အတွင်းရေးမှူး ၂ ဗညားခွန်အောင်၊ဘဏ္ဍာရေးမှူး မော်ဖိုးမြာ တို့က တာဝန်ယူ

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းလိုက်ကြောင်း အဆိုပါ ကောင်စီ က ယနေ့ ထုတ်ပြန်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး၊ စစ်အာဏာရှင်နှင့် အာဏာရှင်ဟူသမျှ ချုပ်ငြိမ်းရေး၊ ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ထွန်းရေး၊ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး စသည့် နိုင်ငံရေးဦးတည်ချက်များဖြင့် ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ ၏ နိုင်ငံရေးဦးဆောင်မှု၊ မူဝါဒ လမ်းညွှန်ချက်များအတိုင်း ဇွန်လ ၆ရက်တွင် ဖွဲ့စည်းခဲ့ကြောင်း အသိပေးသည်။

“ကျနော်တို့အမျိုးသားကရင်နီလူငယ်တွေ … ဒီတော်လှန်ရေးကြီးထဲမှာပဲ အဆုံးမသိ ကာလရှည်ကြာနစ်မျောပြီး မိမိတို့ဘ၀အိမ်မက် မျှော်လင့်ချက်ပန်းတိုင်များ ပျောက်ဆုံးသွားတာမျိုးကိုလုံး၀ မဖြစ်စေချင်ပါဘူး။ ဒီအချက်တွေကြောင့် စိန်ခေါ်မှုပေါင်းမျာစွာ ကြားကနေပဲ ဒီအုပ်ချုပ်ရေးကောင်စီကို အစပြုလိုက်ရတာလည်းဖြစ်ပါတယ်”ဟုကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဌ ခူဦးရယ်က​ပြောထားသည်။

ကောင်စီ၏ ရည်ရွယ်ချက်များမှာ စုပေါင်းခေါင်းဆောင်မှုများဖြင့် ကြားကာလ ပြည်နယ် အစိုးရတစ် ရပ်၏ အုပ်ချုပ်ရေးကို ဖော်ဆောင်ရန်၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကဏ္ဍများ အပြန်အလှန် ထိန်းညှိပြီး ပြည်နယ်၏ တည်ငြိမ်အေးချမ်းရေးကို ကြိုးပမ်းဖော်ဆောင်သွားရန်၊ ပြည်နယ်အတွင်းရှိ အင်အားစုအသီးသီးနှင့် လက်တွေ့ကျစွာ ပူးပေါင်းပါဝင်ဆောင်ရွက်သွားရန် ဖြစ်သည်ဟု ဖော်ပြထားသည်။

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ၏ ကနဦးစုဖွဲ့မှုအဖြစ် ဥက္ကဌ ခူဦးရယ်၊ဒုတိယဥက္ကဌ ခွန်းဘီထူး၊အထွေထွေအတွင်းရေးမှူးအဖြစ် ခူပလုရယ်၊အတွင်းရေးမှူး(၁) ဇူးပဒုမ္မာ၊အတွင်းရေးမှူး ၂ ဗညားခွန်အောင်၊ဘဏ္ဍာရေးမှူး မော်ဖိုးမြာ က တာဝန်ယူ ထားသည်။

“IEC နဲ့ပတ်သက်လို့က ဒီနေ့ ညနေ လုပ်ဖို့ရှိပါတယ်။အဲဒီအချိန်မှ အသေးစိတ် အစီအစဥ်တွေ ပြောလို့ရပါမယ်ဗျ”ဟု အတွင်းရေးမှူး ၂ ဗညားခွန်အောင်က လူထုနွေဦးသို့ပြောသည်။

ကရင်နီပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် ဘဝ ရှင်သန်လုံခြုံရေးတို့ကို အကာအကွယ်ပေးရေး၊ ပြည်သူ များအကြားအရေးပေါ်လိုအပ်ချက်ကို အချိန်နှင့်တပြေးညီ တုံ့ ပြန်ဆောင်ရွက်နိုင်ရေး အပါအဝင် လုံခြုံ ရေး၊တရားဥပဒေစိုးမိုးရေး IEC က ရေတိုရေရှည် အစီအမံမျာစချမှတ်၍ လူထုအတွက် ကြိုးပမ်းသွားမည်ဟု ကတိပြုသည်။

ထို့အပြင် ကောင်စီ အနေဖြင့် ပြည်တွင်း ပြည်ပ အင်အားစုများနှင့် ချိတ်ဆက်လုပ်ဆောင်သွားမည့်အပြင် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး ကြိုးပမ်းဆောင်ရွက်နေသည့် CRPH ၊ NUCC နှင့် NUG တို့နှင့် အတူ လက်တွဲသွားမည်ဟုလည်း အသိပေးထားသည်။

ကောင်စီကို အဖွဲ့ဝင် ၆ဦးဖြင့် ဖွဲ့စည်း ဦးဆောင်သွားမည်ဖြစ်ပြီး ပြည်နယ်ရေးရာဌာန အနည်းဆုံး ၁၂ ရပ် ထားရှိမည်ဖြစ်ကြောင်း၊ ကြားကာလ အုပ်ချုပ်ရေးကောင်စီအတွင်း လူထု အာဏာဖီဆန်ရေးလှုပ်ရှားမှု တွင် ပါဝင်သော ပြည်သူ့ဝန်ထမ်းကောင်းများ၊ တက်သိပညာရှင်များနှင့် ပြည်သူလူထု တစ်ရပ်လုံး၏ ဝိုင်းဝန်း ပံ့ပိုးမှုဖြင့် လက်တွဲဆောင်ရွက်နိုင်ရန် အထူးဖိတ်ခေါ်ကြောင်း ကြေညာခဲ့သည်။

ကောင်စီသည် ပြည်နယ်အတွင်းနှင့် ပြည်ထောင်စုအတွင်း နိုင်ငံရေးစနစ်သစ်သို့ အသွင်ကူးပြောင်းသွားနိုင်ရန် ပြည်ထောင်စုတစ်ဝှမ်းရှိ အင်အားစုအားလုံးတို့နှင့်အတူ အစွမ်းကုန် လက်တွဲကြိုးစားသွားမည်ဟု အသိပေးထားသည်။

ကိုယ်ပိုင်ပြဌာန်းခွင့်ဖြင့်ကရင်နီပြည်အစိုးရသစ်ပေါ်ပေါက်လာသည့် အချိန်ကာလတွင် ကြားကာလအုပ်ချုပ်ရေးကောင်စီအား သတ်မှတ်ပြဌာန်းထားသော ကာလသက်တမ်းနှင့်အညီ ရုပ်သိမ်းခြင်းများ ပြုလုပ်မည်ဟု ထုတ်ပြန်သည်။

ထို့ကြောင့်IEC ၌ လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင်ပါဝင်သော ပြည်သူ့ဝန်ထမ်းကောင်းများ၊တက်သိပညာရှင်များ နှင့် ပြည်သူလူထုတစ်ရပ်လုံး ဝိုင်းဝန်းပံ့ပိုးမှု ဖြင့် လက်တွဲဆောင်ရွက်နိုင်ရန်း အထူးဖိတ်ခေါ်ကြောင်းလည်း ဖော်ပြသည်။

ပြည်နယ်အတွင်းနှင့် ပြည်ထောင်စုအတွင်း နိုင်ငံရေး စနစ်သစ်သို့ အသွင်ကူးပြောင်းနိုင်ရန် ပြည်ထောင်စု တစ်ဝှမ်းရှိ အင်အားစု အားလုံးနှင့်အတူ အစွမ်းကုန် လက်တွဲ ကြိုးပမ်းမည်ဖြစ်ကာ ကိုယ်ပိုင်ပြဌာန်းခွင့် ဖြင့် ကရင်နီပြည်နယ် အစိုးရသစ်တစ်ရပ်ပါ်ပေါက်လာသည့် အချိန်ကာလတွင် IEC အား သက်မှတ်ပြထာန်းထားသောကာလ သတ်တမ်းနှင့်အညီ ရုပ်သိမ်းခြင်းများ ပြု လုပ်သွားမည်ဟု ဆိုသည်။