Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဆိုမာလီ ကမ်းခြေဟိုတယ် တစ်ခုကို စစ်သွေးကြွတွေ စီးနင်းမှုကြောင့် လူ ၉ ဦးထက်မနည်း သေဆုံး

ဟိုတယ်ကို စီးနင်းခဲ့တဲ့ လက်နက်ကိုင် အကြမ်းဖက် စစ်သွေးကြွ အားလုံးကို သုတ်သင်နိုင်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပေမယ့်လည်း အရေအတွက် ဘယ်လောက်လဲ ဆိုတာကို သဲသဲကွဲကွဲ မသိရသေးပါဘူး။

ဆိုမာလီ ကမ်းခြေဟိုတယ် တစ်ခုကို စစ်သွေးကြွတွေ စီးနင်းမှုကြောင့် လူ ၉ ဦးထက်မနည်း သေဆုံး
ဆိုမာလီ ကမ်းခြေဟိုတယ် တစ်ခုကို စစ်သွေးကြွတွေ စီးနင်းမှုကြောင့် လူ ၉ ဦးထက်မနည်း သေဆုံး

ဆိုမာလီယာ နိုင်ငံက ကမ်းခြေဟိုတယ် တစ်ခုကို စစ်သွေးကြွတွေက စီးနင်း တိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့ပါတယ်။

ဇွန်လ ၉ ရက် ညပိုင်းက မြို့တော် မိုဂါဒစ်ရှူးမှာရှိတဲ့ Pearl ကမ်းခြေ ဟိုတယ်ကို အယ်လ်ရှာဘက်ဘ် စစ်သွေးကြွတွေက တိုက်ခိုက်ခဲ့ပြီး ၆ နာရီကြာ စီးနင်းထားခဲ့ပါတယ်။ အယ်လ်ရှာဘက်ဘ်တွေဟာ အရင်ကလည်း Pearlလိုမျိုး နိုင်ငံခြားသားတွေ၊ အစိုးရ အရာရှိတွေ အဝင်အထွက် များပြားရာ ဟိုတယ်တွေနဲ့ တခြားနေရာတွေကို စီးနင်း တိုက်ခိုက်တာတွေ ရှိခဲ့ဖူးပါတယ်။

Pearlဟိုတယ် တိုက်ခိုက်ခံရမှုမှာ အရပ်သား ၆ ဦးနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ကြောင်း၊ ဟိုတယ်ထဲမှာ ရှိနေသူ ၈၀ လောက်ကို လုံခြုံရေး အဖွဲ့တွေက ကယ်ထုတ်နိုင်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ဆိုမာလီယာ အစိုးရက လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ရဲရဲရင့်ရင့် တုံ့ပြန်မှုကို ချီးကျူးကြောင်းလည်း ကြေညာပါတယ်။

ဟိုတယ်ကို စီးနင်းခဲ့တဲ့ လက်နက်ကိုင် အကြမ်းဖက် စစ်သွေးကြွ အားလုံးကို သုတ်သင်နိုင်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပေမယ့်လည်း အရေအတွက် ဘယ်လောက်လဲ ဆိုတာကို သဲသဲကွဲကွဲ မသိရသေးပါဘူး။

ဟိုတယ်နားမှာ ရှိနေသူတွေက ပေါက်ကွဲသံတွေ ကြားရပြီးတဲ့နောက် ဟိုတယ်ရဲ့ ပင်မ ဝင်ပေါက်ဖက်က သေနတ်သံတွေ ဆက်တိုက် ထွက်ပေါ်လာပြီး လူတွေ အထိတ်တလန့် ထွက်ပြေးလာတာ မြင်ရကြောင်း ပြောပါတယ်။ နောက်ပြီး လမ်းပေါ်မှာလည်း လူတချို့ လဲကျနေတာကို တွေ့တယ်လို့ မျက်မြင်တစ်ဦးက ဆိုပါတယ်။

မကြာသေးခင်ကလည်း အယ်လ်ရှာဘက်ဘ် စစ်သွေးကြွတွေဟာ မိုဂါဒစ်ရှူး တောင်ဖက်က ရှာဘယ်လာ ဒေသမှာ အာဖရိက သမဂ္ဂရဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု မစ်ရှင်အတွက် ရောက်ရှိနေတဲ့ ယူဂန္ဓာ စစ်သည်တွေကို တိုက်ခိုက်ခဲ့တာကြောင့် အကျအဆုံး ဒါဇင်နဲ့ချီ များပြားခဲ့တယ်လို့ ယူဂန္ဓာ စစ်တပ်က ထုတ်ပြန်ထားပါတယ်။