Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းကင်းရှိပျူစခန်းကိုစီးနင်းရာ ပျူ ၄ဦးဖမ်းမိပြီး လက်နက်ခဲယမ်းများရရှိဟု S.R.F တာဝန်ရှိသူ​ပြော

တိုက်ပွဲအတွင်းမှ ကာဘိုင် M-2သေနတ် (၁)လက်၊ 4.8ပြောင်းချောသေနတ် (၂)လက်၊ က.ပ.စ ထုတ်ကြည်ထိုး (၁)လက်၊ တူမီး (၂)လက်၊ 4.8ကျည်ဆံ (၆၃)တောင့်၊ 0.30ကျည် (၁၁၄)တောင့်နှင့်အတူ ဖုန်း (၃)လုံးတို့ကိုလည်း သိမ်းဆည်းရရှိသည်။

(ဖမ်းဆီးရမိ​သောပျူအချို့နှင့်သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်ူအချို့ ။ဓါတ်ပုံ-SRF)
(ဖမ်းဆီးရမိ​သောပျူအချို့နှင့်သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်ူအချို့ ။ဓါတ်ပုံ-SRF)

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ အင်ကြင်းတောင်ရွာရှိပျူစောထီးစခန်း​ကို ဝင်ရောက်စီးနင်းရာ လက် နက်ခဲယမ်းများအပါအဝင် ပျူစောထီးလေးဦးကို အရှင်ဖမ်းမိကြောင်းS.R.F(Student’s Revolutionary Force)တာဝန်ရှိသူက People’s Spring သို့ပြောသည်။

မင်းကင်းမြို့နယ်၊ အင်ကြင်းတောင်ရွာ(ပျူရွာ)ကိုဇွန်လ ၈ ရက်နေ့ နံနက် (၄)နာရီခွဲခန့်တွင် စတင်ဝင်ရောက်စီးနင်းခဲ့ပြီး တိုက်ပွဲမှာ (၂)နာရီနှင့်(၁၉)မိနစ်ခန့်ကြာမြင့်ခဲ့သည်ဟု ၎င်းကသည်။

(ဖမ်းဆီးရမိ​သောပျူအချို့နှင့်သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်ူအချို့ ။ဓါတ်ပုံ-SRF)
(ဖမ်းဆီးရမိ​သောပျူအချို့နှင့်သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်ူအချို့ ။ဓါတ်ပုံ-SRF)

“မိတာက ငါးဦးမိတာ။ပျူစစ်ကလေးဦး။တစ်ယောက်က သူတို့အတင်းအကြပ်စောင့်ခိုင်းတဲ့ကင်းသမားမို့ပြန်လွှတ်လိုက်တယ်”ဟု S.R.F တာဝန်ရှိသူကရှင်းပြသည်။

တိုက်ပွဲအတွင်းခုခံသူများထဲမှ (၃)ယောက်သေဆုံးပြီး ဖမ်းဆီးရမိသူများမှာ ကံငြိမ်း အသက် (၆၅)နှစ်၊ ပြည့်ဘော် အသက် (၅၈)နှစ်၊ ဝင်းဦး အသက် (၃၇)နှစ်နှင့် အေးဆွေ အသက် (၅၇)နှစ်တို့ဖြစ်သည်။

Public Service Announcement