Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဇွန်လ ၁၂ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ကရင်နီ ကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်း

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းလိုက်တယ်လို့ ကောင်စီက ဒီနေ့ ထုတ်ပြန်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး၊ စစ်အာဏာရှင်နှင့် အာဏာရှင်ဟူသမျှ ချုပ်ငြိမ်းရေး၊ ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ထွန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး စတဲ့ နိုင်ငံရေးဦးတည်ချက်များနဲ့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီရဲ့ နိုင်ငံရေးဦးဆောင်မှု၊ မူဝါဒ လမ်းညွှန်ချက်များအတိုင်း ဇွန်လ ၆ ရက်မှာ ဖွဲ့စည်းခဲ့တယ်လို့ အသိပေးပါတယ်။ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီရဲ့ ကနဦးစုဖွဲ့မှုအဖြစ် ဥက္ကဌ ခူဦးရယ်၊ဒုတိယဥက္ကဌ ခွန်းဘီထူး၊ အထွေထွေအတွင်းရေးမှူး ခူပလုရယ်၊ အတွင်းရေးမှူး(၁) ဇူးပဒုမ္မာ၊ အတွင်းရေးမှူး ၂ ဗညားခွန်အောင်၊ ဘဏ္ဍာရေးမှူး မော်ဖိုးမြာက တာဝန်ယူထားပါတယ်။ ကောင်စီရဲ့ ရည်ရွယ်ချက်များမှာ စုပေါင်းခေါင်းဆောင်မှုများနဲ့ ကြားကာလ ပြည်နယ် အစိုးရတစ်ရပ်ရဲ့ အုပ်ချုပ်ရေးကို ဖော်ဆောင်ဖို့၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကဏ္ဍများ အပြန်အလှန် ထိန်းညှိပြီး ပြည်နယ်ရဲ့ တည်ငြိမ်အေးချမ်းရေးကို ကြိုးပမ်းဖော်ဆောင်သွားဖို့၊ ပြည်နယ်အတွင်းရှိ အင်အားစုအသီးသီးနဲ့ လက်တွေ့ကျစွာ ပူးပေါင်းပါဝင်ဆောင်ရွက်သွားဖို့ ဖြစ်တယ်လို့ ဖော်ပြပါတယ်။

ကရင်နီ ကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်း
ကရင်နီ ကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်း

▪️မန္တလေးရှိ ရွှေဆိုင်များ ပြည်ပသို့ ရွှေတင်ပို့၊ တင်သွင်းနေတယ် ဆိုကာ စစ်ကောင်စီက ဖမ်းဆီးဖို့ ပြင်ဆင်

မန္တလေးမြို့ရှိရွှေဆိုင်များနဲ့ရွှေသန့်စင်လုပ်ငန်းများမှာ ပြည်ပမှတရားမဝင်ရွှေတင်သွင်းခြင်းနဲ့ ပြည်ပသို့ တင်ပို့ခြင်းများ ဆောင်ရွက်နေတယ်ဆိုကာ ဖမ်းဆီးအရေးယူဖို့ စစ်ကောင်စီက ပြင်ဆင်နေတယ်လို့ မန္တလေးရွှေအသိုင်အဝိုင်းမှ စုံစမ်းသိရပါတယ်။ စစ်ကောင်စီရဲ့ ရွှေနဲ့ငွေကြေးဈေးကွက်စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များက ဇွန်လ ၁ နဲ့ ၂ ရက်တွေမှာ မန္တ​လေးသို့သွားရောက်စစ်ဆေးခဲ့ပြီးနောက် အခုလို ထုတ်ပြန်လာတာပါ။ မန္တလေးရွှေဆိုင်များဟာ တရားမဝင်ရွှေတင်ပို့၊ တင်သွင်းရုံသာမက တရားမဝင် နိုင်ငံခြားငွေလဲလှယ်ခြင်းများကိုပါ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီစွပ်စွဲထားပါတယ်။ အဲဒီဆိုင်တွေကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ အပြင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေများနဲ့ အရေးယူမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ထားပါတယ်။

မန္တလေးရှိ ရွှေဆိုင်များ ပြည်ပသို့ ရွှေတင်ပို့၊တင်သွင်းနေသည်ဟု ဆိုကာစစ်ကောင်စီကဖမ်းဆီးရန်ပြင်ဆင်နေ
မန္တလေးရှိ ရွှေဆိုင်များ ပြည်ပသို့ ရွှေတင်ပို့၊တင်သွင်းနေသည်ဟု ဆိုကာစစ်ကောင်စီကဖမ်းဆီးရန်ပြင်ဆင်နေ

▪️ကွတ်ခိုင်မှာ KIAနဲ့ စစ်ကောင်စီတပ် တိုက်ပွဲများ ဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။ မနေ့ ညပိုင်းက စစ်ကောင်စီတပ်ရဲ့ ကွတ်ခိုင်စစ်ဗျူဟာကို KIAက တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာနကလည်း KIA တပ်မဟာ(၄)နယ်မြေ ကွတ်ခိုင်အထက် နောင်ဆွေနဲ့ မန်းလုံလမ်းမှာ တပ်မ (၉၉)လို့ ယူဆရသည့် စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ကွတ်ခိုင်ဗျူဟာမှ ကားနဲ့တက်လာတဲ့ စစ်ကောင်စီတပ်ဟာ အေးရှားဝေါလ်ဂိတ်မှတဆင့် KIA တပ်ရှိရာနယ်မြေအတွင်း ဝင်ရောက်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖော်ပြပါတယ်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - အေပီ)
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ – အေပီ)

▪️အင်းတော် မဲဇာရဲစခန်းကို PDF တိုက်ခိုက်၊ စစ်ကောင်စီတပ်က လက်နက်ကြီးများနဲ့ တုံ့ပြန်ပစ်ခတ်

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မဲဇာရဲစခန်းကိုပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ဖွဲ့ဝင်များက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ အင်းတော် PDF ရဲဘော်တစ်ဦးက ပြောပါတယ်။ မနေ့ မနက်အစောပိုင်းက စစ်ကောင်စီ ရဲစခန်းကို PDFက ပြောက်ကျားနည်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်​ကောင်စီဘက်မှ ထိခိုက်​သေဆုံးမှုများရှိနိုင်တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်က လက်နက်ကြီးများနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ PDF ရဲဘော်က ပြောပါတယ်။

▪️ကန့်ဘလူနယ် ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ်က ကျေးရွာနှစ်ရွာကို မီးရှို့ဖျက်ဆီးရာ နေအိမ် ၅၀ ကျော်နဲ့ စပါးကျီ ၁၅ လုံး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံများက ပြောပါတယ်။ ဇွန်လ ၁၀ ရက် မနက်ပိုင်းက ထန်းကုန်းတိုက်နယ်အတွင်းရှိ ဘိုတဲကုန်းကျေးရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး အင်အား ၁၀၀ ခန့်က ပစ်ခတ်ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်အလုံး ၂၀ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။ မနေ့ မနက်ပိုင်းကလည်း ချပ်သင်းတိုက်နယ်အတွင်းရှိ ပေကုန်းကျေးရွာကို ခမရ (၃၆၁)နဲ့ ပျူစောထီး အင်အား ၁၄၀ ခန့်က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ် ၃၀ ခန့်နဲ့ စပါးတိုက် ၁၅ လုံး မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

(စစ်ကောင်စီတပ်ရန်ကြောင့် ထန်းကုန်းတိုက်နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ဘေးလွတ်ရာထွက်ပြေးပုန်းရှောင်နေကြစဥ်။ ဓာတ်ပုံ - ကျွန်းလှ - ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်)
(စစ်ကောင်စီတပ်ရန်ကြောင့် ထန်းကုန်းတိုက်နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ဘေးလွတ်ရာထွက်ပြေးပုန်းရှောင်နေကြစဥ်။ ဓာတ်ပုံ – ကျွန်းလှ – ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်)

▪️ဖယ်ခုံမြို့နယ်တိုက်ပွဲမှာ လက်နက်ကြီးကြောင့် ရဲဘော်နှစ်ဦးကျဆုံး

ရှမ်း-ကရင်နီဒေသအစပ် ဖယ်ခုံမြို့နယ် တိုက်ပွဲမှာ လက်နက်ကြီးထိမှန်ပြီး ရဲဘော်နှစ်ဦးကျဆုံးခဲ့တယ်လို့ မိုးဗြဲ PDFတပ်ရင်း (၂)က ပြောပါတယ်။ ဖယ်ခုံမြို့နယ် ခေါင်းအိ ကျေးရွာမှာ ဇွန်လ ၁၀ ရက်က ကရင်နီပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ အဲဒီတိုက်ပွဲမှာ ကျဆုံးခဲ့တာလို့ ဖော်ပြပါတယ်။ တိုက်ပွဲမှာ စနိုက်ဘာရဲဘော် နာတားလက် နဲ့ ကျောင်းသားရဲဘော် မောင်ဂျော်နိုင်တို့ လက်နက်ကြီးထိမှန်ကာ တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးသွားခဲ့တယ်လို့ MBPDF တပ်ရင်း (၂)က အသိပေးပါတယ်။

(ခေါင်းအိကျေးရွာ တိုက်ပွဲ၌ ကျဆုံးခဲ့သည့် ရဲဘော်နှစ်ဦး၏ စျာပနအခမ်အနား ယမန်နေ့က ပြုလုပ်နေစဉ်။ ဓာတ်ပုံ - MBPDF -B02)
(ခေါင်းအိကျေးရွာ တိုက်ပွဲ၌ ကျဆုံးခဲ့သည့် ရဲဘော်နှစ်ဦး၏ စျာပနအခမ်အနား ယမန်နေ့က ပြုလုပ်နေစဉ်။ ဓာတ်ပုံ – MBPDF -B02)

▪️အရှေ့ဘုန်းကန်ရွာရှိ စစ်အုပ်စုစခန်းကို စီးနင်းစဥ် ​တော်လှန်​ရေးတပ်ဖွဲ့ဝင်တစ်ဦးကျဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ စစ်အုပ်စုတပ်စွဲရာ အရှေ့ဘုန်းကန်ရွာကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက်သေဆုံးမှုများရှိပြီး ​တော်လှန်​​ရေး ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောပါတယ်။ မနေ့ မနက်အစောပိုင်းက ပခုက္ကူမြို့နယ်ရှိ အရှေ့ဘုန်းကန်ကျေးရွာသို့ ချည်းကပ်ကာ အဲဒီရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Earthquake People’s Defence Force အဖွဲ့က အသိ​ပေးပါတယ်။

(ကျဆုံးရဲဘော်၏ နာရေးအခမ်းအနားအား တွေ့ရစဥ်။ဓာတ်ပုံ-CJ)
(ကျဆုံးရဲဘော်၏ နာရေးအခမ်းအနားအား တွေ့ရစဥ်။ဓာတ်ပုံ-CJ)