စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ၊ညောင်ပင်ကြီရဲစခန်း ၊စခန်းသိမ်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ၆ ရက်ဆက်ဆက်တိုက်ရွာများကို မီးရှို့ဖျက်ဆီး အကြမ်းဖက်နေကြောင်းဒေသခံများက ပြောသည်။
ကျေးရွာလေးရွာရှိ နေအိမ်ပေါင်း ၃၀၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ပြီး ပြည်သူ၃ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ဇွန်လ၉ရက် ညနေပိုင်းတွင်စစ်ကောင်စီတပ်၏ ညောင်ပင်ကြီးစခန်းအား PDFများက စခန်းသိမ်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၂ ဦးသေဆုံးပြီး လက်နက် ၇ လက်နှင့် ခဲယမ်းများစွာကို PDFများကသိမ်းဆည်းရရှိခဲ့သည်။
![(ညောင်ပင်ကြီးရွာနှင့်အနီးဝန်းကျင်ရှိကျေးရွာများ စစ်တပ်ကမီးရှို့သဖြင့် ပျက်စီးမှုများကိုတွေ့ရစဥ်။ ဓာတ်ပုံ-Aung Khant Zaw)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/06/353441359_598678825664247_8353941346836806796_n.jpg?resize=593%2C1024&ssl=1)
မုံရွာမြို့ နမခ (အနောက်မြောက်တိုင်းစစ်ဌာနချုပ်) အနီးရှိ ကျေးရွာမှ ရဲစခန်း စီးနင်းတိုက်ခိုက်ခံရခြင်းဖြစ်ပြီး စစ်အုပ်စုက လေကြောင်းပစ်ကူဖြင့်တိုက်ခိုက်ခဲ့သည်။ထိုအပြင် အနီးရှိ စစ်တပ်အထိုင်ချရာစခန်းများမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ရဲစခန်းစီးနင်းတိုက်ခိုက်ခံရသောကြောင့် စစ်ကောင်စီတပ်က ဇွန် ၉ ရက်ညမှာပင် ညောင်ပင်ကြီးရွာကို မီးစတင်ရှို့ခဲ့ပြီး ယနေ့( ဇွန်လ၁၄)အထိ ၆ ရက်ဆက်တိုက်မီးရှို့မှုကြောင့်ဒေသခံပြည်သူများ၏နေအိမ် ရာချီမီးလောင်ပြာကျခဲ့သည်။
![Public Service Announcement](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2022/08/PSA_Inside-Story_Landmines.jpg?resize=880%2C446&ssl=1)
မီးရှို့ခံရသောရွာများမှာ ညောင်ပင်ကြီးရွာ၊ ရွာရှည်ရွာ၊ ထန်းတောရွာ၊ သိမ်တော်ရွာနှင့် အမှတ်၃၊ အမှတ်၄ရပ်ကွက်တို့မှ နေအိမ်ပေါင်း ၃၀၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံများက ပြောသည်။
“ခန့်မှန်းခြေ ၂၅၀၊ ၃၀ဝ လောက်ရှိမယ်။ စစ်တပ်ရှိသေးတယ်။ ရှောင်နေရတုန်းပဲ။”ဟု ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီမှ ကိုအောင်ခန့်ဇော်က ဇွန် ၁၂ ရက်တွင် People’s Spring သတင်းဌာနသို့ပြောသည်။
![(ညောင်ပင်ကြီးရွာနှင့်အနီးဝန်းကျင်ရှိကျေးရွာများ စစ်တပ်ကမီးရှို့သဖြင့် ပျက်စီးမှုများကိုတွေ့ရစဥ်။ ဓာတ်ပုံ-Aung Khant Zaw)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/06/352778607_598678568997606_937579569124187624_n.jpg?resize=880%2C660&ssl=1)
![(ညောင်ပင်ကြီးရွာနှင့်အနီးဝန်းကျင်ရှိကျေးရွာများ စစ်တပ်ကမီးရှို့သဖြင့် ပျက်စီးမှုများကိုတွေ့ရစဥ်။ ဓာတ်ပုံ-Aung Khant Zaw)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/06/352790236_598678605664269_2001306219793410324_n.jpg?resize=880%2C660&ssl=1)
![(ညောင်ပင်ကြီးရွာနှင့်အနီးဝန်းကျင်ရှိကျေးရွာများ စစ်တပ်ကမီးရှို့သဖြင့် ပျက်စီးမှုများကိုတွေ့ရစဥ်။ ဓာတ်ပုံ-Aung Khant Zaw)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/06/352284738_598678645664265_5634772963304365113_n.jpg?resize=880%2C660&ssl=1)
![(ညောင်ပင်ကြီးရွာနှင့်အနီးဝန်းကျင်ရှိကျေးရွာများ စစ်တပ်ကမီးရှို့သဖြင့် ပျက်စီးမှုများကိုတွေ့ရစဥ်။ ဓာတ်ပုံ-Aung Khant Zaw)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/06/351755407_598678685664261_6555983366191676765_n.jpg?resize=880%2C660&ssl=1)
အလားတူစစ်ကောင်စီတပ်သည် ဇွန် ၁၃ ရက်တွင် ထန်းတောရွာ ၊ဇတ်ဆိပ်ဘက်၌လည်းကောင်း၊ ယနေ့ (ဇွန်လ ၁၄)နံနက်ပိုင်းတွင် သိမ်တော်ရွာ၊နှင်းတောရွာတို့ကိုလည်းကောင်း ဆက်လက်မီးရှို့ဖျက်ဆီးနေကြောင်း ချင်းတွင်းမြစ်ကမ်းဘေးသပိတ်စစ်ကြောင်းကော်မတီက အသိပေးထားသည်။
ထို့အပြင် စစ်ကောင်စီတပ်သည် ဇွန် ၁၄ ရက်နံနက်ကထန်းတောကြီးရွာထဲသို့ ၄၀ မမ များနှင့်ပစ်ခတ်အကြမ်းဖက်ကြောင်းလည်းဒေသခံအချို့ကပြောသည်။
စစ်တပ်က စစ်ကြောင်းထိုး၍ အကြမ်းဖက်ပစ်ခတ် မီးရှို့ မှုများကြောင့် ဒေသခံပြည်သူသောင်းချီထွက်ပြေးနေရပြီး နေအိမ်များစိူ့မပြန်နိုင်သေးသဖြင့် ၆ ရက်ဆက် မီးရှို့ဖျက်ဆီးမှုတွင် နေအိမ်မည်မျှ မီးလောင်ဆုံးရှုံးနေပြီကိုမသိရသေးကြောင်းဒေသခံအချို့ကပြောသည်။
“ဖက်ဆစ်တပ်က ညောင်ပင်ကြီးရဲစခန်းအသိမ်းခံလိုက်ရလို့ပြည်သူတွေကို ဒုက္ခရောက်အောင် မီးပတ်ရှို့နေတာ ။သူတို့စခန်းတွေအတိုက်ခံရရင် ရွာတွေကို အဲလိုမီးရှိူ့တယ်ဆိုပြီးPDF နဲ့ ဒေသခံပြည်သူတွေကို ရန်တိုက်ပေးနေတာ။သူတို့မသိတာက PDF တွေကတစ်ကယ်သာတိုက် ဖက်ဆစ်တပ်များများသေလေ ပြည်သူတွေက ဝမ်းသာလေပဲ။ဖက်ဆစ်တပ်ပြုတ်မှ ဒုက္ခတွေမရှိတော့မှာမို့ အခုစခန်းက မုံရွာနဲ့နီးနီးလေးကို PDF တွေကတိုက်သွားတာမိုက်တယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
![(ညောင်ပင်ကြီးရွာနှင့်အနီးဝန်းကျင်ရှိကျေးရွာများ စစ်တပ်ကမီးရှို့သဖြင့် ပျက်စီးမှုများကိုတွေ့ရစဥ်။ ဓာတ်ပုံ-Aung Khant Zaw)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/06/352767593_598678742330922_4499620101002387352_n.jpg?resize=880%2C660&ssl=1)
![(ညောင်ပင်ကြီးရွာနှင့်အနီးဝန်းကျင်ရှိကျေးရွာများ စစ်တပ်ကမီးရှို့သဖြင့် ပျက်စီးမှုများကိုတွေ့ရစဥ်။ ဓာတ်ပုံ-Aung Khant Zaw)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/06/351483846_598678712330925_4452028815294560908_n.jpg?resize=880%2C660&ssl=1)
စစ်တပ်က စခန်းစီးနင်းခံရစဥ် လေကြောင်းမှတိုက်ခိုက်သဖြင့်တွင် PDF ရဲဘော်တစ်ဦး ကျဆုံးသည်။စစ်တပ်က ရမ်းသန်းပစ်ခတ်မှုများကြောင့် စစ်ဘေးရှောင် သက်ကြီးရွယ်အိုအမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပြီးဒေသခံအမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟုဒေသခံများကပြောသည်။
ထို့အပြင်ဖမ်းဆီးခံထားရသည့် ဆားလင်းပအဖအဖွဲ့ဝင် ကိုဗန့်ကျီ(ခ)ကိုမြတ်သူလင်းကိုလည်း စစ်အုပ်စုက မေလကုန်ပိုင်းတွင်ဖမ်းဆီးခဲ့ပြီးနောက်သတ်ဖြတ်ကာ ထန်းတောရွာ သစ်ကွင်းအနီးတွင် ဇွန် ၁၁ ရက်ကအလောင်းအားပစ်ထားခဲ့သည်။ စစ်တပ်ကကိုဗန့်ကျီအလောင်း အနီးတွင် မိုင်းများထောင်ခဲ့၍ အလောင်းသွားကောက်စဥ် စစ်သားများ ထောင်ထားသည့်နင်းမိုင်းကြောင့် ရဲဘော်တစ်ဦးခြေထောက်မိုင်းထိခဲ့ကြောင်း ဒေသခံများက ပြောသည်။
![](https://i1.wp.com/ludunwayoo.com/wp-content/uploads/2021/08/banner-logo1-50px.png)