Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖား​ဆောင်းမြို့နယ်တိုက်ပွဲ စစ်​တပ်​သေဆုံးထိခိုက်မှုများရှိ

ကရင်နီ(ကယား)ပြည်နယ် တွင် တိုက်ပွဲနယ်မြေများ ကျယ်ပြန့်လာပြီး ပြည်သူများကို သတင်းကောင်းပါးရန် ကြိုးပမ်းနေကာ တပ်ပေါင်းစုသဏ္ဍာန်ဖြင့် စစ်ကောင်စီကို တိုက်ခိုက်နေပြီဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တာဝန်ရှိသူက လူထုနွေဦး သို့ ယမန်နေ့က ပြောသည်။

(KNDF တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KNDF)
(KNDF တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KNDF)

ကရင်နီ(ကယား)ပြည်နယ်၊ ဖားဆောင်းမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများရှိပြီး ယ​နေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေကြောင်း ဖားဆောင်း PDF တာ ဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

မယ်စဲ့ မြို့ရှိစစ်ကောင်စီစခန်း ၃ ခုနှင့်ရဲစခန်းတိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ဇွန်လ ၁၅ ရက်က ဖားဆောင်းမြို့နယ်အတွင်း အင်အားတိုးထားပြီး စစ်ကြောင်းထိုးလှုပ်ရှားလာပြီးနောက် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။

“သူတို့(စစ်ကောင်စီ)ဘက်က အင်အား ၁၂၀ လောက်နဲ့ စစ်ကြောင်းစထိုးလာတယ်။တိုက်ပွဲ ဖြစ်တဲ့နေရာအသေးစိတ်တော့ စစ်ရေးအရ အသိမပေးလိုသေးဘူး။စကစ ဘက်က ထိခိုက်နဲ့ အသေရှိတယ်။ ဒါပေမယ်အခုထိ(ဇွန် ၁၈ ရက် နံနက်ပိုင်းအထိ) ပြောက် ကျားထိတွေ့မှုတွေ ဖြစ်နေတုန်း”ဟု အထက်ပါတာဝန်ရှိသူကဆက်​ပြောသည်။

စစ်ကောင်စီက ဘောလခဲမြို့မှ ၎င်း၏အင်အားများ အပြင် ဒီးမော့ဆို အရှေ့ခြမ်းသို့ပို့ထားသော အင်အားတချို့တဝက်ကိုပါ ဖားဆောင်းသို့ ဖြည့်တင်းထားကြောင်းလည်း ကရင်နီစစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။

“ဖားဆောင်းမြို့ထဲမှာ တိုက်ပွဲ မရှိသေးဘူး။ဖားဆောင်း နဲ့ မယ်စဲ့ ကြား သံလွင်မြစ် အရှေ့ဘက်ခြမ်း မှာ ဖြစ်နေတာ”ဟုအထက်ပါစစ်​ရေးသတင်းရင်းမြစ်က ပြောသည်။

ကရင်နီ(ကယား)ပြည်နယ် တွင် တိုက်ပွဲနယ်မြေများ ကျယ်ပြန့်လာပြီး ပြည်သူများကို သတင်းကောင်းပါးရန် ကြိုးပမ်းနေကာ တပ်ပေါင်းစုသဏ္ဍာန်ဖြင့် စစ်ကောင်စီကို တိုက်ခိုက်နေပြီဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တာဝန်ရှိသူက လူထုနွေဦး သို့ ယမန်နေ့က ပြောသည်။

ဇွန် ၁၃ ရက်က ကရင်နီပူးပေါင်းတပ်၏ မယ်စဲ့မြို့ ရှိ စစ်စခန်း ၃ ခုနှင့် ရဲစခန်း တိုက်ခိုက်မှုတွင် မယ်စဲ့ရဲစခန်းတစ်ခုတည်း၌ပင် သေနတ် အလက် ၄၀ ကျော်ရရှိပြီး တောင်လှစစ်ကောင်စီစခန်း(B-14 စခန်း) မှ ၁၂၀ မမ ကဲ့သို့ လက်နက်ကြီ နှစ်လက်အပါအဝင်လက်နက်ခဲယမ်းများရရှိခဲ့ကြောင်း ကရင်နီ စစ်ဖက်ဆိုင်ရာ သတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောထားသည်။