Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖား​ဆောင်းမြို့နယ်တွင်တိုက်ပွဲစဖြစ် ၊ပိုမိုပြင်းထန်လာနိုင်

ဇွန်လ ၁၃ ရက်က မယ်စဲ့မြို့ရှိစစ်ကောင်စီ စခန်း ၃ ခုနှင့် ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် ဖားဆောင်းမြို့သို့ ဇွန် ၁၅ ရက် နေ့လည်ပိုင်း ကစ၍ စစ်ကောင်စီက အင်အား ဖြည့်တင်းနေခြင်းဖြစ်သည်။

(၂၀၂၂ ခုနှစ်မေလ က ဖားဆောင်းမြို့နယ် ခဲမဖြူ-မော်ချီး လမ်းမကြီးတိုက်ပွဲဖြစ်ပွားခဲ့စဥ်။ ဓါတ်ပုံ-KA)
(၂၀၂၂ ခုနှစ်မေလ က ဖားဆောင်းမြို့နယ် ခဲမဖြူ-မော်ချီး လမ်းမကြီးတိုက်ပွဲဖြစ်ပွားခဲ့စဥ်။ ဓါတ်ပုံ-KA)

ကရင်နီ(ကယား)ပြည်နယ်၊ ဖားဆောင်းမြို့နယ်အတွင်း တိုက်ပွဲစတင်ဖြစ်ပွား​နေပြီး ပိုမိုပြင်းထန်လာနိုင်ကြောင်းဖားဆောင်း PDF က ယနေ့ထုတ်ပြန်သည်။

ယမန်နေ့(ဇွန် ၁၆ ရက်) ကဖားဆောင်းမြို့နယ်၊သံလွင်မြစ်အရှေ့ဖက်ခြမ်းတွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်ဟုသိရသည်။

(၂၀၂၂ ခုနှစ်မေလ က ဖားဆောင်းမြို့နယ် ခဲမဖြူ-မော်ချီး လမ်းမကြီးတိုက်ပွဲဖြစ်ပွားခဲ့စဥ်။ ဓါတ်ပုံ-KA)
(၂၀၂၂ ခုနှစ်မေလ က ဖားဆောင်းမြို့နယ် ခဲမဖြူ-မော်ချီး လမ်းမကြီးတိုက်ပွဲဖြစ်ပွားခဲ့စဥ်။ ဓါတ်ပုံ-KA)

“မယ်စဲ့မြို့ တိုက်ခံရပြီးတဲ့နောက်မှာ ဖားဆောင်းဘက်မှာ တိုက်ပွဲကူးဆက်သွားတာလို့ပဲ ယေဘုယျ ပြောလို့ရတယ်။နောက်ပြီး စကစ ဘက်က ဒီးမော့ဆို အရှေ့ဘက်ခြမ်းကို ထိုးနေတဲ့ တပ်တချို့ကို ဘောလခဲ ဘက် ပြန်ရွှေ့ထားတယ်။စစ်ရေးအရ လိုသလို တပ်ရွှေ့နိုင်ဖို့ ဖြစ်နိုင်တယ်။နောက်တစ်ခုက အခု ဘောလခဲ ဘက်ကပါ အင်အား ၂၀၀ လောက်နဲ့ ဖားဆောင်းဘက် ကို စကစ က အင်အားတိုးထားတယ်”ဟု ကရင်နီစစ်ရေး သတင်းရင်းမြစ်တစ်ဦးက People’s Spring သို့ပြောသည်။

ထို့အပြင် ဖားဆောင်းမြို့နယ်၌ စစ်ကောင်စီ၏ ခလရ ၁၃၄ နှင့် ၁၃၅ တို့ အခြေစိုက်တပ်များရှိသည်။

ဇွန်လ ၁၃ ရက်က မယ်စဲ့မြို့ရှိစစ်ကောင်စီ စခန်း ၃ ခုနှင့် ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် ဖားဆောင်းမြို့သို့ ဇွန် ၁၅ ရက် နေ့လည်ပိုင်း ကစ၍ စစ်ကောင်စီက အင်အား ဖြည့်တင်းနေခြင်းဖြစ်သည်။

လက်ရှိ စစ်ရေးအ​ခြေအ​​နေ​ကြောင့် ပြည်သူများအနေဖြင့် ဖားဆောင်းသံလွင်အရှေ့ဖက်ခြမ်ကိုသွား လာခြင်းမပြုရန်နှင့် မြို့နယ်အတွင်းသတိထားသွားလာရန် ဖားဆောင်း PDF က တိုက်တွန်းသည်။