Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျိုက်ထို ကင်မွန်းချောင်း ရဲစခန်းအား KNLA ပူးပေါင်းတပ် ဒရုံးဖြင့် ဗုံးသီးချတိုက်ခိုက်

PPDF-KD အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ တော်လှန်ရေးမိတ်ဖက်အဖွဲ့ အစည်းများနှင့် ဟန်ချက်ညီညီပူးပေါင်းကာ စစ်ရေးလှုပ်ရှားမှုများကို ဖော်ဆောင်လျက်ရှိသည်ဟု အသိပေးထားသည်။

(ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ခမ်းဒေါမ်( PPDF-KD) တပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-PPDF-KD)
(ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ခမ်းဒေါမ်( PPDF-KD) တပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-PPDF-KD)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းနယ်မြေရဲစခန်းကို ယနေ့ ညနေပိုင်းတွင် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း အဆိုပါ တိုက်ခိုက်မှုတွင် ပါဝင်သည့် ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ခမ်းဒေါမ်( PPDF-KD) က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီနှင့် ရဲ ၁၅ဦးခန့် အခြေစိုက်သည့် ကင်မွန်းချောင်း နယ်မြေရဲစခန်းကို ဇွန်လ ၁၉ရက် ညနေ ၄နာရီခန့်တွင် PPDF-KD Drone Team ၊ TPDF Drone Team၊ YEF Drone Team နှင့် KNLA ၊ PDF ၊ KRF ၊ ကျိုက်ထို (ပကဖ)ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုတွင် နယ်မြေရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီး ၁၀ လုံး ချ တိုက်ခိုက်ခဲ့ကြောင်း၊ဗုံးသီးများအားလုံး ပစ်မှတ်များထံ တိတိကျကျ ထိမှန်ပေါက်ကွဲခဲ့သော်လည်းစစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုကို စုံစမ်းဆဲဖြစ်ကြောင်း PPDF-KDက ထုတ်ပြန်သည်။

ယင်းသို့ တိုက်ခိုက်မှုကို နယ်မြေခံ KNLA တပ်မှူးကလည်း အတည်ပြုပြီး ထိခိုက်သေဆုံးမှုကို စုံစမ်းဆဲဖြစ်သည်ဟု People’s Spring သို့ပြောသည်။

စကစ ဘက်မှ ၆၀ မမ လက်နက်ကြီးဖြင့် ၃ ချက်ခန့် ပြန်လှန်ပ စ်ခတ်ခဲ့သော်လည်း ပူးပေါင်းတပ်ဖွဲ့မှ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း PPDF-KDက ထုတ်ပြန်သည်။

PPDF-KD အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ တော်လှန်ရေးမိတ်ဖက်အဖွဲ့ အစည်းများနှင့် ဟန်ချက်ညီညီပူးပေါင်းကာ စစ်ရေးလှုပ်ရှားမှုများကို ဖော်ဆောင်လျက်ရှိသည်ဟု အသိပေးထားသည်။