Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းခြံတွင် စစ်ကောင်စီရေယာဥ် ပစ်ခတ်တိုက်ခိုက်

မြင်းခြံမြို့နယ်သည် စစ်ကောင်စီတပ်အား တော်လှန်တိုက်ခိုက်မှုအားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး မိုဘိုင်းအင်တာနက်ပါ ဖြတ်တောက်ခံထားရသည်။

((၂၀၂၁နှစ်ကုန်ပိုင်းက မြင်းခြံမြို့နယ် ဆီမီးခုံဆိပ်ကမ်းဆိုက်ကပ်ခဲ့သည့် စစ်သင်္ဘောတစ်စီးအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ)
((၂၀၂၁နှစ်ကုန်ပိုင်းက မြင်းခြံမြို့နယ် ဆီမီးခုံဆိပ်ကမ်းဆိုက်ကပ်ခဲ့သည့် စစ်သင်္ဘောတစ်စီးအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီတပ်သားများလိုက်ပါလာသော ရေယာဥ်အား ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း မြင်းခြံခရိုင်တပ်ရင်း (၃)၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဇွန်လ ၁၈ ရက် ညနေ ၅နာရီခန့်က မြင်းခြံမြို့နယ်၊ လင်ကြီးဆိပ်ကမ်းတွင် ဖြတ်သန်းလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားပါလာသည့် ရေယာဥ်အား မဟာမိတ်အဖွဲ့များက လက်နက်ကြီး၊ ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ၁၀ ဦးထက်မနည်းသေဆုံးနိုင်ကြောင်း မြင်းခြံခရိုင်တပ်ရင်း(၃)၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“သူတို့က ဆီမီးခုံကိုသွားတာ။ တိုက်ပွဲချိန်ကတစ်နာရီလောက်ရှိမယ်။ မီတာ ၈၀လောက်အတွင်းတိုက်တာ။ စပိဘုတ်က စထွက်လာကတည်းက မြင်ရတယ်။ မီတာ ၁၀၀အတွင်းထဲလည်းရောက်ရော RPGနဲ့ စထုတယ်။ ပြီးတော့ ပဒိန်တွေထုတယ်။ စက်ကလေးတွေလေးလက်လောက်ဝိုင်းဆွဲတယ်။ သေဆုံးတာကလေးယောက်လောက် မျက်မြင် တန်းလဲသွားတယ်။ဖရဲသီးတွေဆီကနေပြန်ကြားတာ ၁၀ယောက်လောက်ရှိမယ်။”ဟု အထက်ပါတာဝန်ခံက ဆိုသည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ဆင်ရေးကို မြင်းခြံခရိုင်တပ်ရင်းအမှတ် (၃)နှင့် -Burmese Guerrilla Force-BGF၊ မိုရှေဒါယန် ပြောက်ကျားတပ်ဖွဲ့၊ အမေ့လက်ရုံးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

မြင်းခြံမြို့နယ်သည် စစ်ကောင်စီတပ်အား တော်လှန်တိုက်ခိုက်မှုအားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး မိုဘိုင်းအင်တာနက်ပါ ဖြတ်တောက်ခံထားရသည်။