Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေး – သံဖြူဇရပ်ကြားတွင် ပူးပေါင်းတပ်က နေ့စဉ်လုံခြုံရေးယူ စောင့်ကြည့်စစ်ဆေးနေဟု NUG အသိပေး

မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင်များအနေဖြင့် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ပုံမှန်စစ်ဆေးရေးပြုလုပ်သွားမည်ဖြစ်၍ ခရီးသွားမိဘပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးပါရန်လည်း PDF စစ်ရုံးချုပ်က မေတ္တာရပ်ခံထားသည်။

(ရေးမြို့နှင့် သံဖြူဇရပ်မြို့နယ်ကြား အမှတ်-၈ ပြည်ထောင်စု လမ်းမကြီးပေါ်၌ မော်တော်ယာဉ်သွားမှုနှင့်ပတ်သက်ပြီး ပူးပေါင်းတပ်ဖွဲ့များက စစ်ဆေးနေစဥ်။ ဓာတ်ပုံ - MOD-NUG)
(ရေးမြို့နှင့် သံဖြူဇရပ်မြို့နယ်ကြား အမှတ်-၈ ပြည်ထောင်စု လမ်းမကြီးပေါ်၌ မော်တော်ယာဉ်သွားမှုနှင့်ပတ်သက်ပြီး ပူးပေါင်းတပ်ဖွဲ့များက စစ်ဆေးနေစဥ်။ ဓာတ်ပုံ - MOD-NUG)

မွန်ပြည်နယ်ရှိ ရေးမြို့နှင့် သံဖြူဇရပ်မြို့နယ်ကြားရှိ မော်လမြိုင် – ရေး – ထားဝယ် (အမှတ်-၈ ပြည်ထောင်စု လမ်းမကြီးပေါ်) မော်တော်ယာဉ်သွားမှုနှင့်ပတ်သက်ပြီး ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ကြောင်းများနှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F)တို့ ပူးပေါင်းကာ နေ့စဉ်မပြတ် လုံခြုံရေးရယူ စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ PDF စစ်ရုံးချုပ် ကယနေ့ ထုတ်ပြန်သည်။

ဇွန်လ ၁၈ ရက်ကစတင်ပြီး ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်တွင် နေရာနှစ်ခုခွဲ၍ စစ်ဆေးလျက်ရှိပြီး ရန်သူ့တပ်နှင့်ဆက်နွယ်သူ လေးဦးကို ဖမ်းဆီးရမိထားကြောင်း၊ အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း အသိပေးသည်။

(ရေးမြို့နှင့် သံဖြူဇရပ်မြို့နယ်ကြား အမှတ်-၈ ပြည်ထောင်စု လမ်းမကြီးပေါ်၌ မော်တော်ယာဉ်သွားမှုနှင့်ပတ်သက်ပြီး ပူးပေါင်းတပ်ဖွဲ့များက စစ်ဆေးနေစဥ်။ ဓာတ်ပုံ - MOD-NUG)
(ရေးမြို့နှင့် သံဖြူဇရပ်မြို့နယ်ကြား အမှတ်-၈ ပြည်ထောင်စု လမ်းမကြီးပေါ်၌ မော်တော်ယာဉ်သွားမှုနှင့်ပတ်သက်ပြီး ပူးပေါင်းတပ်ဖွဲ့များက စစ်ဆေးနေစဥ်။ ဓာတ်ပုံ – MOD-NUG)

မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင်များအနေဖြင့် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ပုံမှန်စစ်ဆေးရေးပြုလုပ်သွားမည်ဖြစ်၍ ခရီးသွားမိဘပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးပါရန်လည်း PDF စစ်ရုံးချုပ်က မေတ္တာရပ်ခံထားသည်။

ယခုပူးပေါင်းတပ်ဖွဲ့များ စစ်ဆေးမှုပြုလုပ်နေသည့် ရေး – သံဖြူဇရပ်ကြား နေရာများသည် စစ်ကောင်စီတပ်ရင်း (၃)ရင်းနှင့် မိုင်အနည်းငယ်သာကွာသည့် နေရာများဖြစ်သည်ဟု မွန်ပြည်နယ် စစ်ရေးသတင်းရင်းမြစ်က ပြောကြားထားသည်။

ပုံမှန်အားဖြင့် ထိုသို့ပူးပေါင်းတပ်ဖွဲ့များ လှုပ်ရှားနေပါက နာရီပိုင်းအတွင်း စစ်ကောင်စီတပ်နှင့်တိုက်ပွဲဖြစ်ပွားမှုရှိနိုင်သော်လည်း လက်တွေ့တွင် တိုက်ပွဲဖြစ်ပွားမှုမရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

(ရေးမြို့နှင့် သံဖြူဇရပ်မြို့နယ်ကြား အမှတ်-၈ ပြည်ထောင်စု လမ်းမကြီးပေါ်၌ မော်တော်ယာဉ်သွားမှုနှင့်ပတ်သက်ပြီး ပူးပေါင်းတပ်ဖွဲ့များက စစ်ဆေးနေစဥ်။ ဓာတ်ပုံ - MOD-NUG)
(ရေးမြို့နှင့် သံဖြူဇရပ်မြို့နယ်ကြား အမှတ်-၈ ပြည်ထောင်စု လမ်းမကြီးပေါ်၌ မော်တော်ယာဉ်သွားမှုနှင့်ပတ်သက်ပြီး ပူးပေါင်းတပ်ဖွဲ့များက စစ်ဆေးနေစဥ်။ ဓာတ်ပုံ – MOD-NUG)

“တချိန်ကစကစတွေပဲ အဲဒီလမ်းကိုစိုးမိုးထားတယ်။အဲဒီလမ်းပေါ်မှာ စိုးမိုးထားနေပါလျက်နဲ့ စကစက ဘာမှဝင်မလုပ်နိုင်ဘူးဆိုတော့ အကြောင်းတခုခုရှိတယ်ထင်တယ်”ဟု ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်က ပြောကြားထားသည်။

KNUလက်အောက်ခံ KNLAတပ်မဟာ(၆)တပ်ရင်း(၂၇)ကလည်း အဆိုပါ အမှတ်(၈) လမ်းမကြီးတလျှောက်သွာလာနေသည့်ယာဉ်များကိုစစ်ဆေးမှုများ ဇွန်လ ၁၅ရက်နောက်ပိုင်းပြုလုပ်သွားမည်ဖြစ်ကြောင်း ဇွန်လ ၈ရက်က အမိန့်ထုတ်ပြန်ထားပြီး ထိုသို့ထုတ်ပြန်ထားသည့်အတိုင်း စစ်ဆေးမှုများလုပ်ဆောင်နေခြင်းဖြစ်သည်။