Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖား​ဆောင်းမြို့​နေပြည်သူများကို စစ်​ကောင်စီကမြို့မှထွက်ခွာခိုင်း

ဇွန်လ တတိယပတ်ကစ၍ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလာပြီးနောက် စစ်ကောင်စီတပ်က အင်အားဖြည့်တင်းခြင်းများပြုလုပ်ကာ မြို့တွင်း ကင်းလှည့်ခြင်းနှင့်အတူ ဖားဆောင်းနှင့် မယ်စဲ့ မြို့ကြား၌ ထိုးစစ်ဆင်မှု ပြုလုပ်နေသည်ဟု သိရသည်။

(ဖား​ဆောင်းမြို့ ကို Google Map တွင်​တွေ့ရမှု)
(ဖား​ဆောင်းမြို့ ကို Google Map တွင်​တွေ့ရမှု)

ကရင်နီ(ကယား)ပြည်နယ်၊ ဖားဆောင်းမြို့နေပြည်သူများကို မြို့မှထွက်ခွာရန် စစ်ကောင်စီကကြေညာကြောင်း ဒေသခံများနှင့် ကရင်နီလူမှုအသင်းအဖွဲ့များက ပြောသည်။

ဇွန်လ တတိယပတ်ကစ၍ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလာပြီးနောက် စစ်ကောင်စီတပ်က အင်အားဖြည့်တင်းခြင်းများပြုလုပ်ကာ မြို့တွင်း ကင်းလှည့်ခြင်းနှင့်အတူ ဖားဆောင်းနှင့် မယ်စဲ့ မြို့ကြား၌ ထိုးစစ်ဆင်မှု ပြုလုပ်နေသည်ဟု သိရသည်။

“တနေ့(ဇွန် ၁၉ ရက်)က မြို့ထဲမှာကိုလိုက်ကြေညာတယ်။မနေတော့နဲ့ မကြာခင်စစ်ဖြစ်တော့မှာ။မသေချင်ရင် အခုကတည်းကထွက်ဖို့ပြောတယ်။အဓိကတော့မြို့ပေါ်ကနေရာစုံမှာ သူတို့တပ်တွေကို နေရာချ ချင်နေတာ”ဟုဖားဆောင်းမြို့ခံတစ်ဦးက People’s Spring သို့ပြောသည်။

လက်ရှိ ဖားဆောင်းမြို့တွင်းတိုက်ပွဲမှာလုံးဝ မရှိသေးဘဲ ဖားဆောင်းနှင့် မယ်စဲ့ ကြားရှိ ကျေးရွာ များတွင်သာ ရက်ဆက် တိုက်ပွဲများ ဖြစ်​နေသည်။

(ဖား​ဆောင်းမြို့ ကို Google Map တွင်​တွေ့ရမှု)
(ဖား​ဆောင်းမြို့ ကို Google Map တွင်​တွေ့ရမှု)

“မနေ့ကတော့ ဖားဆောင်းအထိုင်တပ်ခလရ ၁၃၅ ကို ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး သေတဲ့ သူတွေရှိတယ်သိရတယ်။အဲဒီလို အထိုင်တပ်တွေ ဝင်စီးပြီးတိုက်ခံရမှာ ကြောက်တော့ ပြည်သူတွေကို အတင်းအကြပ် ရွှေ့ ခိုင်းပြီး တစ်မြို့နယ်လုံးကို သူတို့ဘက်က စစ်ရေး ပြင်ဆင်နေချင်တယ်လို့ ယူဆရတယ်”ဟု ကရင်နီစစ် ရေးသတင်းရင်းမြစ်က ပြောသည်။

လူဦးရေ ၅,၀၀၀ ဝန်းကျင်ခန့်ရှိသောဖားဆောင်းမြို့နယ်တွင် စစ်ကောင်စီ၏ ခလရ ၁၃၄ နှင့် ၁၃၅ အခြေစိုက်တပ်နှစ်ခုရှိပြီး လက်ရှိ စစ်ရေးအခြေအနေ ကြောင့် အင်အား ၃၀၀ ခန့်ထပ်မံ ဖြည့်တင်းထားသည်ဟု ၎င်းကဆက်​ပြောသည်။

Public Service Announcement
Public Service Announcement

“ဖားဆောင်းက စစ်ရေးပိုတင်းမာလာမယ့် အခြေအနေမှာရှိတယ်။ပြီးခဲ့တဲ့ တနဂါ်နွေက မြို့ခံတွေကို ထွက်သွား ဖို့ စကစ က အမိန့်ထုတ်တယ်။လေကြောင်းတိုက်ခိုက်မှုတွေပိုများလာမယ်လို့ သုံးသပ်တယ်”ဟုကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် KCSN တာဝန်ရှိသူက ရှင်းပြသည်။

သို့​သော်ဖားဆောင်းမြို့တွင်း ဒေသခံများအနေဖြင့်မည်သည့်ဒေသ သို့စစ်ရှောင်မည်ကို မသိရသေးကြောင်းလည်း ၎င်းက အသိပေးသည်။

ဖားဆောင်းမြို့နယ်နှင့်ကပ်လျက်ရှိသောမယ်စဲ့ မြို့တွင်လည်း တိုက်ပွဲများဖြစ်ပွားလျှက်ရှိပြီး လူဦးရေ ၄,၀၀၀ ခန့်မှာ ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေး စစ် ရှောင်နေရသည်။