Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အမေရိကန်က MFTB နှင့် MICBတို့ကို ဒဏ်ခတ်ပိတ်ဆို့လျှင်ပင် ​ငွေ​ကြေးမဆုံးရှုံးနိုင်ဘဲ ပြည်သူများယုံကြည်စွာဆက်သွယ်​ဆောင်ရွက်နိုင်ဟုစစ်​ကောင်စီဆို

မြန်မာနိုင်ငံအတွင်းဆောင်ရွက်နေသည့်ရင်းနှီးမြှပ်နှံမှုများနှင့် ကုန်စည်ကူးသန်းရောင်းဝယ်မှုများသည် အဆိုပါဘဏ်နှစ်ခုကသာ အဓိကဆောင်ရွက်နေခြင်းဖြစ်သည်ဟုအထက်ပါလုပ်ငန်းရှင်ကရှင်းပြသည်။

(MFTB ဘဏ်နှင့် MICB ဘဏ်တို့ကို​တွေ့ရစဥ်)
(MFTB ဘဏ်နှင့် MICB ဘဏ်တို့ကို​တွေ့ရစဥ်)

▪︎”ဒီဘဏ်နှစ်ခု ဒဏ်ခတ်ပိတ်ဆို့ခံရတာစစ်ကောင်စီအတွက်အရှိုက်ထိုးခံထိတာပဲ။ဒါကိုဘာမဖြစ်သလိုဟန်ဆောင်ပြီး ပြောနေပါစေသိတဲ့သူတွေကသူတို့အထိနာတာသိတယ်”-လုပ်ငန်းရှင်တစ်ဦး

စစ်ကောင်စီထိန်းချုပ်မှုအောက်ရှိ ဘဏ်နှစ်ခုကိုအမေရီကန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့​​လျှင်ပင် ငွေ​ကြေးဆုံးရှုံးမှု မရှိနိုင်သဖြင့်ပြည်သူများအ​နေဖြင့်စိုးရိမ်​ကြောင်းကြမှုမဖြစ်ဘဲ ယုံကြည်စွာဘဏ်လုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်သည်ဟု စစ်​ကောင်စီကယ​နေ့( ဇွန် ၂၁ )ထုတ်ပြန်သည်။

အမေရိကန်နိုင်ငံက စစ်ကောင်စီထိန်းချုပ်ထား​သော မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB)နှင့် မြန်မာ့ရင်းနှီးမြှပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB)တို့ကို ဒဏ်ခတ်ပိတ်ဆို့မှုများကို ဇွန် လအတွင်းချမှတ်​တော့မည်ဟု နိုင်ငံတကာသတင်းများက​ဖော်ပြသည်။ စစ်ကောင်စီအတွက် ငွေကြေးဝင်ရောက်မှုကို ကန့်သတ်ရန်နှင့် ပြည်သူ့လူထုအပေါ် စစ်ကောင်စီက ဆင်နွှဲနေသည့် အကြမ်းဖက်နိုင်မှုစွမ်းရည်များလျှော့ချရန်အတွက် ရည်ရွယ်၍ ဒဏ်ခပ်ပိတိဆို့ခြင်းဖြစ်သည်ဟုသတင်းများကဆိုသည်။

(MFTB ဘဏ်နှင့် MICB ဘဏ်တို့ကို​တွေ့ရစဥ်)
(MFTB ဘဏ်နှင့် MICB ဘဏ်တို့ကို​တွေ့ရစဥ်)

စစ်​ကောင်စီကမူ အဆိုပါဘဏ်နှစ်ခုသည် အမေရိအခြေစိုက်ဘဏ်နှင့်ဘဏ်ခွဲများတွင် နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ထားခြင်းမရှိသောကြောင့် ငွေကြေးဆုံးရှုံးမှုမရှိနိုင်ဟုဆိုသည်။ ယခင်ကလည်း အ​မေရီကန်က အဆိုပါဘဏ်နှစ်ခုအ​ပေါ် ဒဏ်ခတ် ပိတ်ဆို့​ခဲ့ဖူးသော်လည်း ထိခိုက်မှုမရှိဘဲ စနစ်တကျ​ဆောင်ရွက်နိုင်ခဲ့သည်ဟုဆိုသည်။

အမေရိကန်နိုင်ငံက စစ်ကောင်စီအပေါ် စီးပွားရေးနှင့် နိုင်ငံရေးအရ အကျပ်အတည်းဖြစ်စေရန်အတွက် ယခုလို့ တဖက်သတ်စီးပွားရေးပိတ်ဆို့မှုဆောင်ရွက်နေခြင်းဖြစ်သည်ဟု စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း မီဒီယာအချို့ကို​ဖြေကြားထားသည်။

ထို​ကြောင့် ပြည်သူများအ​နေဖြင့် စိုးရိမ်မှုမရှိဘဲ ယုံကြည်စွာဖြင့် ဘဏ်လုပ်ငန်းများဆက်သွယ်​ဆောင်ရွက်နိုင်သည်ဟုစစ်​ကောင်စီကဆိုသည်။

နိုင်ငံခြားဘဏ်လုပ်ငန်းဝန်ဆောင်မှုကို စစ်​ကောင်စီဘဏ် ၂ ခုအပြင် ပြည်တွင်းပုဂ္ဂလိကဘဏ်များနှင့် နိုင်ငံခြားဘဏ်ခွဲများမှလည်း ဆက်လက်ဆောင်ရွက်နိုင်မည်ဟုလည်းဆိုထားသည်။ထို​ကြောင့် နိုင်ငံခြားသုံးငွေလွှဲပြောင်း၊ ပေးပို့လက်ခံသည့်ကိစ္စရပ်များ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းများ၊ အလုပ်သမား၊ သင်္ဘောသားလုပ်ခ၊ လစာများလွှဲပြောင်းမှုများကို ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်သည်ဟု စစ်ကောင်စီစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ဇွန် ၂၀ တွင်ထုတ်ပြန်သည်။ အ​မေရီကန်က စစ်​ကောင်စီ ဘဏ်နှစ်ဘဏ် ဒဏ်ခတ်အ​ရေး​ကြောင်းသတင်းထွက်လာပြီး ​နောက်တစ်​နေ့တွင်ပင် စစ်​ကောင်စီကထိုကဲ့သို့ ထုတ်ပြန်လာခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

သို့သော် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကမူ “ဒီဘဏ်နှစ်ခု ဒဏ်ခတ်ပိတ်ဆို့ခံရတာ စစ်ကောင်စီအတွက် အရှိုက်ထိုးခံထိတာပဲ၊ ဒါကို ဘာမဖြစ်သလို ဟန်ဆောင်ပြီး ပြောနေပါစေ သိတဲ့သူတွေကသူတို့ အထိနာတာ သိတယ်”ဟုပြောသည်။

မြန်မာနိုင်ငံအတွင်းဆောင်ရွက်နေသည့်ရင်းနှီးမြှပ်နှံမှုများနှင့် ကုန်စည်ကူးသန်းရောင်းဝယ်မှုများသည် အဆိုပါဘဏ်နှစ်ခုကသာ အဓိကဆောင်ရွက်နေခြင်းဖြစ်သည်ဟုအထက်ပါလုပ်ငန်းရှင်ကရှင်းပြသည်။

MFTBသည် နိုင်ငံအတွက် အမေရိကန်ဒေါ်လာနှင့် ကုန်သွယ်မှုအများစုအတွက် စာရင်းရှင်းလင်းရေးဌာနအဖြစ် ဆောင်ရွက်ပေးနေခြင်းဖြစ်သည်ဟု ၎င်းကဆက်​ပြောသည်။

“စစ်ကောင်စီအတွက်တော့ ရေသောက်မြစ်ဖြတ်ခံလိုက်ရတာပါ သက်ရောက်မှုပိုကြီးလာလိမ့်မယ်။ နိုင်ငံရဲ့ သွင်းကုန်/ပို့ကုန်ဖြတ်သန်းငွေတွေကတော့ ပိုနည်းလာလိမ့်မယ်။ အရင်ကတည်း တစ်ဒေါ်လာကို ၂၁၀၀သတ်မှတ်ထားလို့နည်းတာကနေ။အခု ပိတ်ဆို့တာကြောင့်ပိုနည်းသွားလိမ့်မယ်”ဟုရန်ကုန်မြို့အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်းပြောသည်။

ထို​ကြောင့် စစ်​ကောင်စီအတွက်​အ​မေရီကန်ဒေါ်လာရလမ်းပိုနည်းသွားပြီး ​ဒေါ်လာလိုအပ်ချက်ပိုများလာ​တော့မည်ဟု အထက်ပါလုပ်ငန်းရှင်က သုံးသပ်သည်။

အ​မေရီကန်ကဒဏ်ခတ်ပိတ်ဆို့လိုက်သော​ကြောင့်ထိုဘဏ်နှစ်ဘဏ်တွင်ဖွင့်​ငွေစာရင်းဖွင့်လှစ်ထား​သူများသည် ထိုဘဏ်စာရင်းဖြင့် နိုင်ငံတကာဘဏ်များနှင့်ဆက်သွယ်​ဆောင်ရွက်ရ​သော ဘဏ်လုပ်ငန်းများ ပြုလုပ်၍ ရ​တော့မည်မဟုတ်ဟု လုပ်ငန်းရှင်အချို့က​ပြောသည်။

လက်ရှိတွင် စစ်တပ်ပိုင်စီးပွားရေးဌာန ၁၀၆ခုနှင့် စစ်တပ်နှင့်ဆက်စပ်သည့် လုပ်ငန်း ၂၇ခုရှိပြီး ၎င်းတို့ထဲတွင် MFTB၊ MICBဘဏ်၊ မြန်မာ့စီးပွားရေးဘဏ် (MEB)နှင့်လယ်ယာဖွံဖြိုးရေးဘဏ်(MADB)တို့ပါသည်။

အဆိုပါပစ်မှတ်ထားအရေးယူပိတ်ဆို့နိုင်လျှင် စစ်ကောင်စီအတွက် တစ်နှစ်ကို ဒေါ်လာ ၂ ဘီလီယံခန့် လျော့ချနိုင်သည်ဟု နိုင်ငံအတွင်းရှိ စီးပွားရေးပညာရှင်များပါဝင်သည့် Independent Economists For Myanmar-IEMက ထုတ်ပြန်သည့် အစီရင်ခံစာတွင်ဖော်ပြထားသည်။

MFTB နှင့် MICB ဘဏ်တို့ကိုဒဏ်ခတ်ပိတ်ဆို့လျှင်သဘာဝဓာတ်ငွေ့၊ သတ္တုနှင့်ကျောက်မျက်ရတနာတူးဖော်ရေး၊ သစ်တော၊ သင်္ဘောလိုင်းနှင့် လေကြောင်းလိုင်းများမှ ရရှိသည့် ဝင်ငွေများ ထိခိုက်နိုင်သည်ဟု အဆိုပါအစီရင်ခံစာကတွက်ချက်​ဖော်ပြထားသည်။

စစ်​ကောင်စီကပို့ကုန် သွင်းကုန်ကုမ္ပဏီများကို ၎င်းတို့ထိန်းချုပ်ထား​သော MFTB ဘဏ်တွင် မဖြစ်မ​နေ ​ငွေစာရင်းဖွင့်​စေသည်။ထို​နောက်ပြည်ပသို့ပို့ကုန်တင်ပို့ရမှ ရရှိ​သောပို့ကုန်ရ​ငွေ ​ဒေါ်လာများထဲမှ ၆၅ ရာခိုင်နှုန်းအား ၁ ​ဒေါ်လာလျှင် ၂၁၀၀ ကျပ်နှုန်းဖြင့် စစ်​ကောင်စီကို မဖြစ်မ​နေ​ရောင်းချခိုင်းသည်။လက်ရှိတွင် ၁​ ​ဒေါ်လာလျှင် ၃၀၀၀ ကျပ်အထက်​ဈေး​ပေါက်သဖြင့် ၁ ​ဒေါ်လာ​ရောင်းတိုင်းလုပ်ငန်းရှင်များမှာ ကျပ် ၉၀၀ ​ကျော်ဆုံးရှုံးပြီး စစ်​ကောင်စီက ​ခေါင်းပုံဖြတ်ယူထားခြင်းဖြစ်သည်။ အလားတူ ရင်းနှီးမြှပ်နှံ​သောလုပ်ငံများကိုလည်း MICB တွင်ဘဏ်စာရင်းများဖွင့်ခိုင်းထားခြင်းဖြစ်သည်။