Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အ​မေရိကန်က MFTB နှင့် MICB တို့ကိုဒဏ်ခတ်အ​ရေးယူ​ကြောင်းတရားဝင်​ကြေညာ

အမေရိကန်က စစ်ကောင်စီအပေါ် စီးပွားရေးနှင့် နိုင်ငံရေးအရ အကျပ်အတည်းဖြစ်စေဖို့ အခုလို့ တဖက်သတ်စီးပွားရေးပိတ်ဆို့မှုဆောင်ရွက်နေတာဖြစ်တယ်လို့စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း မီဒီယာအချို့ကို​ဖြေကြားထားပါတယ်။

(အ​မေရီကန် ဘဏ္ဍာ​ရေး ဝန်ကြီးဌာနထုတ်ပြန်ချက်)
(အ​မေရီကန် ဘဏ္ဍာ​ရေး ဝန်ကြီးဌာနထုတ်ပြန်ချက်)

ကြိုတင်သတင်း​တွေထွက်​ပေါ်ခဲ့တဲ့အတိုင်း အ​မေရီကန်အစိုးရက စစ်​ကောင်စီလက်​အောက်က မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)နဲ့ မြန်မာ့ ရင်းနှီးမြှပ်နှံမှုနှင့် ကူးသန်း​ရောင်းဝယ်​ရေးဘဏ် (MICB)တို့ကို ဒဏ်ခတ်အ​ရေးယူလိုက်ပြီလို့ကြေညာလိုက်ပါတယ်။

အ​မေရီကန်အစိုးရ၊ ဘဏ္ဍာ​ရေးဝန်ကြီးဌာနက ဇွန် ၂၁ ရက်​နေစွဲနဲ့ထုတ်ပြန်လာတာဖြစ်ပါတယ်။အ​မေရီကန်အစိုးရက စစ်တပ်ကို အာဏာသိမ်းမှု​​​​ကြောင့် လူပုဂ္ဂိုလ် ၈၀ ​ကျော်နဲ့ အဖွဲ့အစည်း ၃၀ ​ကျော်ကို ဒဏ်ခတ်အ​ရေးယူထားပါတယ် ။

စစ်ကောင်စီက​တော့ ဒီက​နေ့မနက်ပိုင်းမှာပဲ အမေရီကန်နိုင်ငံကဒဏ်ခတ်ပိတ်ဆို့​​အ​ရေးယူရင် အဲဘဏ် ၂ ဘဏ်ကအ​မေရီကန်ဘဏ်​တွေမှာ​ငွေစာရင်းဖွင့်ထားတာမရှိလို့ ငွေ​ကြေးဆုံးရှုံးမှုမရှိနိုင်ပါဘူး။ဒါ​ကြောင့်ပြည်သူ​တွေအ​နေနဲ့စိုးရိမ်​ကြောင်းကြမှုမဖြစ်ဘဲ အဲ ၂ ဘဏ်မှာယုံကြည်စွာဘဏ်လုပ်ငန်း​တွေ ဆက်လက်ဆောင်ရွက်နိုင်တယ်လို့ထုတ်ပြန်ပါတယ်။

အမေရိကန်က စစ်ကောင်စီအပေါ် စီးပွားရေးနှင့် နိုင်ငံရေးအရ အကျပ်အတည်းဖြစ်စေဖို့ အခုလို့ တဖက်သတ်စီးပွားရေးပိတ်ဆို့မှုဆောင်ရွက်နေတာဖြစ်တယ်လို့စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း မီဒီယာအချို့ကို​ဖြေကြားထားပါတယ်။

ဒါ​ပေမယ့်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက​တော့ “ဒီဘဏ်နှစ်ခု ဒဏ်ခတ်ပိတ်ဆို့ခံရတာ စစ်ကောင်စီအတွက် အရှိုက်ထိုးခံထိတာပဲ၊ ဒါကို ဘာမဖြစ်သလို ဟန်ဆောင်ပြီး ပြောနေပါစေ သိတဲ့သူတွေကသူတို့ အထိနာတာ သိတယ်”လို့​ပြောပါတယ်။

နိုင်ငံအတွင်းဆောင်ရွက်နေတဲ့ ရင်းနှီးမြှပ်နှံမှု​တွေနဲ့ ကုန်စည်ကူးသန်းရောင်းဝယ်​ရေးလုပ်ငန်း​တွေကိုအဲဒီဘဏ်နှစ်ခုကပဲ အဓိကဆောင်ရွက်နေတာဖြစ်တယ်လို့ အထက်ပါလုပ်ငန်းရှင်က​​ပြောထားပါတယ်။

အခြားလုပ်ငန်းရှင်တစ်ဦးကလည်း “စစ်ကောင်စီအတွက်တော့ ရေသောက်မြစ်ဖြတ်ခံလိုက်ရတာပါ သက်ရောက်မှုပိုကြီးလာလိမ့်မယ်။ နိုင်ငံရဲ့ သွင်းကုန်/ပို့ကုန်ဖြတ်သန်းငွေတွေကတော့ ပိုနည်းလာလိမ့်မယ်။ အရင်ကတည်း တစ်ဒေါ်လာကို ၂၁၀၀သတ်မှတ်ထားလို့နည်းတာကနေ။အခု ပိတ်ဆို့တာကြောင့်ပိုနည်းသွားလိမ့်မယ်”လို့သုံးသပ်ထားပါတယ်။

လက်ရှိမှာ စစ်တပ်ပိုင်စီးပွားရေးဌာန ၁၀၆ခုနဲ့ ဆက်စပ်တဲ့ လုပ်ငန်း ၂၇ခုရှိပြီး အဒီအထဲမှာ MFTB၊ MICBဘဏ်၊ မြန်မာ့စီးပွားရေးဘဏ် (MEB)နှင့်လယ်ယာဖွံဖြိုးရေးဘဏ်(MADB)တို့ပါဝင်ပါတယ်။ အဲဒီဘဏ်​တွေကိုပစ်မှတ်ထားအရေးယူပိတ်ဆို့နိုင်ရင် စစ်ကောင်စီအတွက် တစ်နှစ်ကို ဒေါ်လာ ၂ ဘီလီယံခန့် လျော့ချနိုင်တယ်လို့ နိုင်ငံအတွင်းရှိ စီးပွားရေးပညာရှင်များပါဝင်သည့် Independent Economists For Myanmar-IEMက ထုတ်ပြန်ထားတဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

MFTB နဲ့MICB ဘဏ်တို့ကိုဒဏ်ခတ်ပိတ်ဆို့ရင်သဘာဝဓာတ်ငွေ့၊ သတ္တုနဲ့ကျောက်မျက်ရတနာတူးဖော်ရေး၊ သစ်တော၊ သင်္ဘောလိုင်းနဲ့လေကြောင်းလိုင်းများမှ ရရှိတဲ့ ဝင်ငွေ​တွေ ထိခိုက်နိုင်တယ်လို့ အဲဒီအစီရင်ခံစာကတွက်ချက်​ဖော်ပြထားပါတယ်။

စစ်​ကောင်စီကပို့ကုန် သွင်းကုန်ကုမ္ပဏီ​တွေကို MFTB ဘဏ်မှာ မဖြစ်မ​နေ ​ငွေစာရင်းဖွင့်ခိုင်းထားပါတယ်။ပြည်ပကိုပို့ကုန်​တွေတင်ပို့ရာက​နေ ရတဲ့ပို့ကုန်ရ​ငွေ ​ဒေါ်လာ​တွေထဲက ၆၅ ရာခိုင်နှုန်းကို ၁ ​ဒေါ်လာလျှင် ၂၁၀၀ ကျပ်နှုန်းနဲ့ စစ်​ကောင်စီကို မဖြစ်မ​နေ​ရောင်းရပါတယ်။လက်ရှိတွင် ၁​ ​ဒေါ်လာလျှင် ၃၀၀၀ ကျပ်အထက်​ဈေး​ပေါက်တဲ့အတွက် ၁ ​ဒေါ်လာ​ရောင်းတိုင်းလုပ်ငန်းရှင်​တွေက မှာ ကျပ် ၉၀၀ ​ကျော်နစ်နာဆုံးရှုံးရတာဖြစ်ပါတယ်။