Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီရိက္ခာတင်ယာဉ်တန်း ကျောက်ထုနှင့် မင်းတပ်မြို့ဘက်သို့ ဦးတည်လာနေ၍ ‌လမ်းတလျောက် ဒေသခံများ သတိရှိကြရန် CDF သတိပေး

မင်းတပ်မြို့ စံမင်းသီရိကုန်းပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် CDF တို့ ဇွန်လ ၁၈ရက် ညကတစ်ကြိမ်၊ဇွန်လ ၁၉ရက်တွင် မင်းတပ်မြို့ ထွေအုပ်ရုံးအနီး တစ်ကြိမ် တိုက်ပွဲဖြစ်ပြီးစစ်ကောင်စီဘက်မှ သုံးဦးသေဆုံးခဲ့သည်ဟု သတင်းရရှိသည်။

(မတူပီမှ မင်းတပ်မြို့သို့လာသည့်စစ်ကောင်စီယာဉ်တန်းအား ၂၀၂၂ ဧပြီက တွေ့ရစဉ်။ ဓာတ်ပုံ - CDF)
(မတူပီမှ မင်းတပ်မြို့သို့လာသည့်စစ်ကောင်စီယာဉ်တန်းအား ၂၀၂၂ ဧပြီက တွေ့ရစဉ်။ ဓာတ်ပုံ - CDF)

ပခုက္ကူမြို့မှထွက်လာသော စစ်ကောင်စီရိက္ခာတင်ယာဉ် ၉ စီးပါယာဉ်တန်းအား အင်အား ၁၀၀ ကျော် လုံခြုံရေးယူပြီး ကျောက်ထုနှင့် မင်းတပ်မြို့ဘက်သို့ ဦးတည်လာနေ၍ ‌လမ်းတလျောက်ဒေသခံများ သတိရှိကြရန် CDF မင်းတပ်က သတိပေးသည်။

“အဲ့ဒီယာဉ်တန်းမှာ ကားကိုးစီးပါတယ်။ ခြေလျင်နဲ့ လုံခြုံရေးလိုက်ပါလာတာက ၁၀၀ကျော်တယ်။ ကျောက်ထုကို သေချာပေါက်ဝင်မှာပါ။ အဲ့ဒီကနေ မင်းတပ်ဘက် ဆက်တက်မတက် မသိရသေးဘူး” ဟု CDF မင်းတပ်မှ တာဝန်ရှိသူတစ်ဦးက သတိပေးသည်။

စစ်ကောင်စီယာဥ်တန်းတွင် ခုနစ်စီးတွင် ထောက်ပို့ပစ္စည်းများတင်ဆောင်လာပြီး နှစ်စီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တင်ဆောင်လာခြင်းဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များက သတင်းရရှိထားသည်။

Public Service Announcement
Public Service Announcement

အ‌ဆိုပါစစ်ကြောင်းသည် ယနေ့(ဇွန်လ ၂၁ရက်) က ကျောက်ထုနယ်တွင် စစ်ကြောင်းသုံးခုခွဲကာ လမ်းဘေးတစ်ဝဲယာကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေသည်ဟု သတင်းရရှိသည်။ပြည်သူများအနေဖြင့် သွားလာခြင်းမပြုကြရန် ဒေသခံကာကွယ်ရေးအဖွဲ့များက တားမြစ်ထားသည်။

စစ်ကောင်စီတပ်သည် ယခုရက်ပိုင်းအတွင်း ထန်တလန်မြို့သို့လည်း စစ်ကောင်းနှစ်ကြောင်းဖြင့် ဦးတည်လာနေရာ ချင်းကာကွယ်‌ရေးပူးပေါင်းတပ်များက ပိတ်ဆို့ဟန့်တားထားသည်။